တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန “Computer Repair and Maintenance သင်တန်း (၁/၂၀၂၅)” သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော် ဇူလိုင် ၂
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန “Computer Repair and Maintenance သင်တန်း (၁/၂၀၂၅)” သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ နေပြည်တော် ဇူလိုင် ၂
Ministry of Ethnic Affairs/ နေပြည်တော် / July 03, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ “Computer Repair and Maintenance သင်တန်း (၁/၂၀၂၅)” သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူး၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြပါသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာပေါ်တွင် သိပ္ပံနှင့်နည်းပညာကဏ္ဍသည် အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိရာ မည်သည့်လုပ်ငန်းရပ်တိုင်း တွင်မဆို ကွန်ပျူတာနည်းပညာကို အခြေပြုပြီး ဆောင်ရွက်လာကြသည်ကို တွေ့မြင်ရမည် ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာမြင့်မားရေးတို့သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကကျသော အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိရာ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် သတင်းအချက်အလက် နှင့်နည်းပညာဆိုင်ရာ ပညာရပ်များကို အနည်းဆုံး အခြေခံအားဖြင့် တတ်မြောက်ထားကြရန် အထူးလိုအပ်ပါကြောင်း၊ ယခုဖွင့်လှစ်ပို့ချခဲ့သော ကွန်ပျူတာပြုပြင်ထိန်းသိမ်းရေး သင်တန်းတွင် စာတွေ့သာမက လက်တွေ့ပါ သင်ကြားပို့ချပေးခဲ့သည့်အတွက် သင်တန်းသားများအနေဖြင့် ကွန်ပျူတာနည်းပညာရပ်နှင့် သက်ဆိုင်သော အတွေ့အကြုံ ဗဟုသုတကောင်းများစွာကို ရရှိ သွားပြီး မိမိတို့၏ လုပ်ငန်းနယ်ပယ်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်ရေးအတွက် ဆက်လက် ကြိုးစားလေ့လာသွားကြရန် မှာကြားလိုပါကြောင်း၊ သို့မှသာ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်၏ အနာဂတ်အတွက် အသိပညာ၊ အတတ်ပညာ ပြည့်စုံသော အားကိုးအားထားပြုနိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်စေရေးသာမက သတင်းအချက်အလက် လုံခြုံရေးအတွက် အထောက်အကူပြုနိုင်သဖြင့် ဆက်လက်ကြိုးပမ်းသွားကြစေလိုပါကြောင်း ပြောကြားပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား သင်တန်းသား၊ သင်တန်းသူနှစ်ဦးအား သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ သင်တန်း နည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်ပါသည်။
ထို့နောက် သင်တန်းတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် သင်တန်းသား၊ သင်တန်းသူများအား ဒုတိယဝန်ကြီးက ဆုချီးမြှင့်ပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်စား ပထမဆုရရှိသည့် သင်တန်းသူက ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြောင်း သိရှိရပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက် ၊ ဇူလိုင် ၂ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၇ ရက် ၊ ဇူလိုင် ၁ ရက်၊ အင်္ဂါနေ့။
Announcement
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)
Union Civil Service Board / Posted on July 03, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)
အငြိမ်းစားမိဘပြည်သူများသို့ အသိပေးကြေညာချက်
Ministry of Planning and Finance / Posted on July 01, 2025
မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လစာများကို e-Pension ကတ်ဖြင့် Centralized e-Pension စနစ်မှ ထုတ်ယူရရှိနိုင်သည့် ဘဏ်ခွဲ(၁၇၁)ဘဏ်စာရင်းကြေညာခြင်း