ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ၊ နောင်ချိုနှင့် ပြင်ဦးလွင် မြို့နယ်ရှိ စာစစ်ဌာနများသို့သွားရောက်၍ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး
ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ၊ နောင်ချိုနှင့် ပြင်ဦးလွင် မြို့နယ်ရှိ စာစစ်ဌာနများသို့သွားရောက်၍ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး
Ministry of Education/ Naypyitaw / March 13, 2026
နေပြည်တော် ၂၀၂၆ မတ် ၁၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ကျောင်းပြင်ပနှင့်တစ်သက်တာ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ပညာရေးမှူး(ရုံးခွဲ) ညွှန်ကြားရေးမှူး၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ၏ အုပ်ထိန်းသူများနှင့် လိုက်ပါ ပို့ဆောင်အားပေးကြသည့် ကျောင်းသားမိဘများ၊ တာဝန်ရှိသူ ဆရာ ဆရာမများကို တွေ့ဆုံ အားပေး စကားပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တာဝန်ကျစာမေးပွဲကြီးကြပ်ရေးမှူးနှင့် လက်ထောက် ကြီးကြပ်ရေးမှူး ဆရာ ဆရာမများ၏ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်နေမှုများ ကို ကြည့်ရှုစစ်ဆေးကာ စာမေးပွဲခန်းကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးနှင့် တာဝန်ကျ သည့် ဆရာ ဆရာမများကို ချီးမြှင့်ထောက်ပံ့ငွေပေးအပ်သည်။
ထို့နောက် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနေမှုတို့ကို ကြည့်ရှုအားပေး၍ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အားလုံး ညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲဆောင်ရွက်၍ တက္ကသိုလ်ဝင်စာမေးပွဲလုပ်ငန်းစဉ်များ အောင်မြင် ပြီးမြောက်သည်အထိ အလေးထားဆောင်ရွက်ပေးကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ နောင်ချိုမြို့နယ် ဆင်လမ်းစုရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီးနှင့် ကျောင်း အကျိုးတော် ဆောင်များကို တွေ့ဆုံကာ စာသင်ဆောင်၊ သိပ္ပံဆောင်တည်ဆောက်နေမှုများ ကြည့်ရှုစစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်း အရည်အသွေးများဖြင့် သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ရေး၊ ကျောင်းအားကစားကွင်းကို စံကိုက်အားကစားကွင်းဖြစ်အောင် ပြုပြင်ဆောင်ရွက် နိုင်ရေး၊ ကျောင်းစာကြည့်တိုက်များကိုလည်း အကျိုးရှိထိရောက်အောင် အသုံးပြုဆောင်ရွက်ရေး တို့ကို လမ်းညွှန်မှာကြား၍ ဆရာ ဆရာမများကို ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ပြီး လိုအပ်သည် များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုနောက် ပြင်ဦးလွင်မြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ မျက်မမြင်၊ မသန်စွမ်းကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး စာမေးပွဲဖြေဆိုပြီးသည့် ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ March 18, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
Announcement
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on March 16, 2026
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
Ministry of Information / Posted on March 16, 2026
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 16, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
