ဒုတိယဝန်ကြီး ဦးသိုက်စိုး လှည်းကူးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဒုတိယဝန်ကြီး ဦးသိုက်စိုး လှည်းကူးမြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Ministry of Cooperatives and Rural Development/ Naypyitaw / December 22, 2025
နေပြည်တော် ဒီဇင်ဘာ ၂၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အတွင်းရှိ မင်းကုန်း ကျေးရွာနှင့် ဝါးယားကုန်းကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးသည် လှည်းကူးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅ - ၂၆ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် မင်းကုန်း-ဝါးယားကုန်း ကျေးရွာချင်းဆက်လမ်း ပေ (၃၉၀၀) ကွန်ကရစ်ခင်းခြင်းနှင့် အမာခံလမ်းပုခုံး ဆောင်ရွက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး တိုင်း ဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြမှုအပေါ် ဒုတိယဝန်ကြီးက အရည်အသွေး ပြည့်မီစွာဖြင့် အချိန်မပြီးစီးရေး ဆောင်ရွက်ကြရန် မှာကြားသည်။
ထိုမှတဆင့် ဒုတိယဝန်ကြီးသည် မင်းကုန်းကျေးရွာအုပ်စု၊ ဝါးယားကုန်းကျေးရွာသို့ သွား ရောက်၍ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၆ ဘဏ္ဍာ နှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်း အရှည် (၂) ဖာလုံ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ ကျေးရွာသူကျေးရွာသားများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရ က ဆောင်ရွက်ပေးလျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ကျေးရွာ သူကျေးရွာသားများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ အားလုံးဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းစောင့်ရှောက် ရမည်ဟု တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း (နောက်ဆက်တွဲ)
Ministry of Cooperatives and Rural Development / Posted on December 18, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု (၁၉-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 20, 2025
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
Ministry of Information / Posted on December 20, 2025
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
