ဒုတိယဝန်ကြီး ဦးသိုက်စိုး တပ်ကုန်းမြို့နယ် နွေစပါးစိုက်တောင်သူများအား မြေဩဇာရောင်းချပွဲသို့ တက်ရောက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / April 24, 2026
image_latest


နေပြည်တော် မတ် ၂၄

          သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် ယနေ့နံနက် ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ မကျီးပင် ကျေးရွာသို့ သွားရောက်၍ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပ သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ နွေစပါးစိုက်တောင်သူများအား ယူရီယားမြေဩဇာ ရောင်းချပွဲသို့ တက် ရောက်သည်။

          ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ယူရီးယားမြေဩဇာရောင်းချ ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

          ယင်းနောက် ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် သမဝါယမစနစ် စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ဈေးနှုန်းသက်သာသော သွင်းအားစုများကို တောင်သူလယ်ဝယ် စိုက်ပျိုးချိန်အမီရောက်ရှိရန် ယူရီးယားမြေဩဇာများ ရောင်းချပေးနေခြင်းဖြစ် ပါကြောင်း၊ တောင်သူများကလည်း ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်နည်းစနစ်များနှင့်အညီ ကြိုး ပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ယခုအခမ်းအနားတွင် ကျေးရွာ (၉) ရွာမှ တောင်သူ (၁၂၀) ဦး အတွက် ယူရီးယားမြေဩဇာအိတ် (၇၅၀) ကို (၃) ကြိမ်ခွဲ၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

          ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာဦးစီးဌာနအလိုက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးချိန်အမီ သွင်းအားစုများ တောင်သူလက်ဝယ်ရောက်ရှိ ရေး၊ စက်သုံးဆီလုံလောက်မှုရှိရေး၊ စပါးဈေးနှုန်းတည်ငြိမ်ရေး စသည့် တောင်သူများ၏တင်ပြချက် များအပေါ် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး တောင်သူများထံ ယူရီးယားမြေဩဇာများ ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

          ထိုမှတဆင့် ဒုတိယဝန်ကြီးသည် ဇေယျာသီရိမြို့နယ်၊ ရေဆင်းကျေးရွာအုပ်စု၊ ကန်သာအေး ကျေးရွာသို့ သွားရောက်၍ သောက်သုံးရေရရှိရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်ပေးခဲ့သည့် ရေဂါလံ (၂၄၀၀) ဆံ့ အမြင့်တင်ရေစင်၊ တစ်နာရီလျှင် ရေဂါလံ (၁၅၀၀) ထွက်ရှိမှုနှင့် အိမ်သွယ် ရေတိုင်စနစ် ဆောင်ရွက်ပေးထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးရွာဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ကျေးရွာဆိုင်ရာအချက်အလက် များကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက် များနှင့်အညီ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက် နေသည့် စီမံကိန်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားကာ ဒေသခံပြည်သူများ၏ ဖွံ့ဖြိုးရေး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ဒုတိယဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြစိမ်း ရောင်ကျေးရွာစီမံကိန်းချေးငွေ၊ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်း RBF စီမံကိန်း ချေးငွေတို့ဖြင့် အစုအဖွဲ့များ ဖွဲ့၍ဆောင်ရွက်နေသည့် အသားတိုး ဝက်မွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် ဒုတိယဝန်ကြီးသည် ရာဂိမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့သော ဇီးကုန်း-လေသာ ဆင်သေချောင်း ပေ (၄၅၀) သံကူကွန်ကရစ်တံတားအား  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ပြန်လည် ပြုပြီပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Ministry of Information / Posted on April 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Ministry of Information / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Ministry of Information / Posted on April 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Video