နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်ဆွေးနွေးပွဲ ကျင်းပ
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်ဆွေးနွေးပွဲ ကျင်းပ
Ministry of Information/ Naypyitaw / April 30, 2026
နေပြည်တော် ဧပြီ ၂၉
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ သံအမတ်ကြီးများ၊ ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအဖွဲ့၏ ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် နိုင်ငံခြားရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက်များပါဝင်ကြောင်း၊ နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုသည်၊ နိုင်ငံ အချင်းချင်းငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်ဟူသော မူဝါဒကို ချမှတ်ထားကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် နိုင်ငံခြားရေးမူဝါဒ၏ အဓိပ္ပာယ်ဖော်ပြချက်များကို တိတိကျကျသိရှိနားလည်ထားကြရန်နှင့် ယင်းမူဝါဒအပေါ်တွင် ရပ်တည်၍ ဆက်ဆံဆောင်ရွက်သွားရမည်ဆိုသည့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
နိုင်ငံခြားရေးမူဝါဒနှင့်အညီ ဟန်ချက်ညီဖြစ်စေ ရေး၊ အာဆီယံအဖွဲ့နှင့် မိတ်ဖက်ဆက်ဆံရေး၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ကဏ္ဍပေါင်းစုံတွင် ဆက်ဆံရေးတိုးမြှင့်ရေး ကိစ္စရပ်များကို နိုင်ငံတော်သမ္မတ၏ အဓိကလမ်းညွှန်ချက်များအဖြစ် ရက်(၁၀၀)စီမံကိန်းတွင် အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း၊ ပြည်တွင်းရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်နိုင်သည့်နေရာမှ ပါဝင်အကောင်အထည်ဖော်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စက်မှုကဏ္ဍ MSME ဖွံ့ဖြိုးအောင် ဆောင်ရွက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေး၊ နိုင်ငံသားများ ဥပဒေအကာအကွယ်ရရှိရေး စသည့်ကဏ္ဍ အသီးသီးတွင်လည်း လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ထမ်းများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း၍ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ထို့အပြင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များဖြစ်သော တည်ငြိမ်အေးချမ်းမှု မရှိသေးသည့် နယ်စပ်ဒေသများမှ တိုင်းရင်းသားများအား ဥပဒေဘောင်အတွင်း နေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားရေး၊ ကုန်ထုတ်လုပ်မှု မြှင့်တင်၍ ပို့ကုန်တိုးမြှင့်နိုင်ရေး၊ စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလယ်ယာ စိုက်ပျိုးရေးမှ ကုန်ချောများကို ပြည်ပသို့တင်ပို့နိုင်ရေးစသည့် လမ်းညွှန်မှုများအပေါ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အခြားဝန်ကြီးဌာနများနှင့် ဆက်စပ်၍ ပါဝင်အကောင်အထည်ဖော်ဆောင်ရွက် သွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံချက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရက် ၁၀၀ အတွင်း ဦးစားပေးဆောင်ရွက်သွားသင့်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကာ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အစားထိုး ဖြည့်စွက်ကြောင်းကြေညာခြင်း
Ministry of Information / Posted on April 29, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အစားထိုး ဖြည့်စွက်ကြောင်းကြေညာခြင်း
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အစားထိုးပြောင်းလဲခြင်း
Ministry of Information / Posted on April 29, 2026
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အစားထိုးပြောင်းလဲခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on April 27, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
