နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်ဧည့်ရိပ်သာ RC(၆)ထပ်အဆောက်အဦသစ်ဖွင့်
နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ပြည်နယ်ဧည့်ရိပ်သာ RC(၆)ထပ်အဆောက်အဦသစ်ဖွင့်
Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / November 01, 2025
ဘားအံ နိုဝင်ဘာ ၁
ကရင်ပြည်နယ်ကိုလာရောက်ကြမည့် နိုင်ငံတော်အဆင့်အကြီးအကဲများ၊ နိုင်ငံတကာမှဧည့်သည်တော်များ အဆင် ပြေစွာတည်းခိုနိုင်ရန် ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် (၁၀၀၆၀ ဒဿမ ၆၂၁)သန်း အကုန်အကျခံ၍ အဆောက်အဦအထူး အဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်ခဲ့သော ကရင်ပြည်နယ်ဧည့်ရိပ်သာ RC(၆)ထပ်အဆောက်အဦသစ်ဖွင့်ပွဲကို နိုဝင်ဘာ လ ၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီး စိန်ပန်းပြာလမ်းနှင့် စိန်ပန်းနီလမ်းထောင့်ရှိ အဆိုပါအဆောက်အဦသစ်တည်နေရာ၌ ကျင်းပသည်။
ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်ပေးခဲ့သော ကရင်ပြည်နယ်ဧည့်ရိပ်သာ အဆောက်အဦ သန့်ရှင်းသာယာလှပရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသော ကော် မတီအလိုက် သက်ဆိုင်ရာဌာနများမှစနစ်တကျထိန်းသိမ်းစောင့်ရှောက်ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ဦးမြင့်သူက အဆောက်အဦသစ်နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အဆောက်အဦနှင့်သက်ဆိုင်သော စာရွက်စာတမ်းများကို ပြည်နယ် အုပ်ချုပ်ရေးမှူးထံလွှဲပြောင်းပေးအပ်ကာအဆောက်အဦသစ်ဖွင့်ပွဲအထိမ်းအမှတ်ဓါတ်ပုံကားချပ်အား ပြည်နယ်ဝန်ကြီးချုပ် ထံ လက်ရောက်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်ပြည်နယ်ဧည့်ရိပ်သာအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဧည့်ရိပ်သာနဖူး စည်းစာတန်းအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသောယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဆောက်အဦအတွင်းရှိ ကမ္ပည်းမော်ကွန်းအား ဖွင့်လှစ်ပေးပြီး တက်ရောက် လာသူများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးကြကာ အဆိုပါအဆောက်အဦအတွင်းရှိ အစည်းအဝေးခန်းမ၊ ထမင်းစားခန်း၊ နားနေခန်း၊ VVIP ၊ VIP အိပ်ခန်းများအပါအဝင် စုစုပေါင်းအိပ်ခန်း(၂၉)ခန်း၊ ဓာတ်လှေကား၊ လေအေးပေစက်၊ ရေပူရေအေးစနစ်၊ Audio Conferencing Sound System ၊Internet၊ CCTV၊ 400 KVA Transformer၊ Back Up Generatorနှင့်မီးဘေးကာကွယ်ရေးစနစ်များ၊ ဝန်ထမ်းများနေထိုင်ရန် (၂)ခန်းတွဲ(၃)ထပ်အဆောက်အဦ(၂)လုံး၊ နောက်ပါဧည့်သည်များတည်းခိုရန် Staff Housing အဆောက်အဦ(၂)လုံး၊ မီးဖိုဆောင်တစ်လုံး၊ ထမင်းစားစောင်တစ်လုံး၊ ကွန်ကရစ်လမ်၊ Car Parking ၊ လုံခြုံရေးဂိတ်နှင့်ဘန်ကာ(၄)လုံးတို့ကိုလိုက်လံကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက် ၊ နိုဝင်ဘာ ၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၂ ရက် ၊ နိုဝင်ဘာ ၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ October 31, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ကြော်ငြာစာအမှတ် (၂/၂၀၂၅)ပါ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ဌာနစုမှူး(၂)/ တတိယအတွင်းဝန် (အမျိုးသား/အမျိုးသမီး) ရာထူး (၃၀) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း
Union Civil Service Board / Posted on November 01, 2025

ကြော်ငြာစာအမှတ် (၁/၂၀၂၅)ပါ လစ်လပ်ရာထူး (၆၀၉) နေရာအတွက် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှုခံယူမည့်သူများသတင်းပို့ရန်အတွက် အကြောင်းကြားစာနှင့် ရေးသွင်းရမည့်ပုံစံများကြေညာခြင်း

ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း
Union Civil Service Board / Posted on November 01, 2025
ကြော်ငြာစာအမှတ် (၂/၂၀၂၅)အတွက်စိတ်အခြေအနေနှင့်လူတွေ့စစ်ဆေးမှုခံယူမည့်သူများအမည်စာရင်းကြေညာခြင်း