ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာတွင် သောက်သုံးရေသန့် ဂါလန် ၂၄၀၀ ဖြန့်ဝေလှူဒါန်း
ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာတွင် သောက်သုံးရေသန့် ဂါလန် ၂၄၀၀ ဖြန့်ဝေလှူဒါန်း
Ministry of Cooperatives and Rural Development/ Naypyitaw / May 09, 2025

ပုဗ္ဗသီရိမြို့နယ် အောင်သုခကျေးရွာတွင် သောက်သုံးရေသန့် ဂါလန် ၂၄၀၀ ဖြန့်ဝေလှူဒါန်း
နေပြည်တော် မေ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက အောင်သုခကျေးရွာအုပ်စု၊ အောင်သုခကျေးရွာရှိ ငလျင်ဘေးသင့်ပြည်သူများ သောက်သုံးရေဖူလုံစေရေးအတွက် ဇေယျာသီရိခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးနှင့် မြို့နယ်ဝန်ထမ်းများက သောက်သုံးရေသန့် ဂါလန် ၂၄၀၀ ကို ယနေ့နံနက်ပိုင်းက ကျေးရွာအရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း အဆိုပါ ဦးစီးဌာနမှသိရသည်။
ဇေယျာသီရိခရိုင်နှင့် ပုဗ္ဗသီရိမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများက အောင်သုခကျေးရွာ၌ မတ်လ ၂၈ ရက်နေ့က လှုတ်ခတ်ခဲ့သည့် အင်အားပြင်းမန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့သည့် ကျေးရွာနေပြည်သူများ လတ်တလော သောက်သုံးရေများဆင်ပြေစေရေး ဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်များ ဖြန့်ဝေလှူဒါန်းကြပါသည်။
အဆိုပါ အောင်သုခကျေးရွာရှိ ငလျင်ဘေးသင့်ပြည်သူ အိမ်ခြေ ၁၃၂၁ ၊ လူဦးရေ ၄၄၃၂ ဦးတို့အတွက် ဦးစီးဌာနပိုင် ရွေ့လျားရေသန့်စင်ကားဖြင့် သောက်သုံးရေသန့်ဂါလန် ၂၄၀၀ ကို ကျေးရွာအရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးဦးထံမှ သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 15, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 13, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။
Announcement
ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အဦ၊ လမ်း၊ တံတားများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure – SOP)
Ministry of Construction / Posted on May 13, 2025
Travel Advisory (1/2025)
Ministry of Hotel & Tourism / Posted on May 12, 2025
ခရီးသွားအကြံပြုချက် (၁/၂၀၂၅)
Ministry of Hotel & Tourism / Posted on May 12, 2025