ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၂/၂၀၂၅)ကျင်းပခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၂/၂၀၂၅)ကျင်းပခြင်း
Office of the Auditor General of the Union/ NPT / July 04, 2025
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းဆန္ဒထုတ်ဖော်ပွဲ (၂/၂၀၂၅) အခမ်းအနားကို အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်ဒုတိယညွှန်ကြားရေးမှူးချုပ်များက ကြီးမှူး ၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅၊ ၂၆၊ ၂၇ ရက်နေ့နှင့် ဇူလိုင်လ ၁ ရက်နေ့တို့တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ သက်ဆိုင်ရာဌာနအလိုက် ကျင်းပခဲ့ကြသည်။
၂၀၂၅ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအဖွဲ့ ဝန်ထမ်းများ ၏ဆန္ဒထုတ်ဖော်ပွဲကိုလည်းကောင်း ၊ ၂၆ ရက်နေ့တွင် နည်းပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲကိုလည်းကောင်း ၊ ၂၇ ရက်နေ့တွင် စီမံရေးရာဦးစီး ဌာနဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲကိုလည်းကောင်း ၊ ဇူလိုင်လ ၁ ရက်နေ့တွင် စစ်ဆေးရေး ဦးစီးဌာန ဝန်ထမ်းများ၏ ဆန္ဒထုတ်ဖော်ပွဲကိုလည်းကောင်း အသီးသီးကျင်းပခဲ့ကြပြီး ဌာနခွဲ အလိုက် ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများက မိမိတို့လိုအပ်ချက်များကို ထုတ်ဖော်တင်ပြ ခဲ့ကြသည်။
ဝန်ထမ်းများ၏ ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ဆောင်ရွက်ပေးနိုင်မှုအခြေအနေနှင့် ဦးစားပေးရမည့်ကိစ္စရပ်များပေါ်မူတည်၍ ညှိနှိုင်း ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအချင်းချင်း အပြန် အလှန်လေးစားမှုဖြင့် နွေးထွေးစွာ ဆက်ဆံကြပြီး ကျင့်ဝတ်သိက္ခာစောင့်ထိန်း၍ စည်းကမ်း လိုက်နာသော ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Ministry of Information / Posted on July 04, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)
Union Civil Service Board / Posted on July 03, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)