ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့နှင့် နီကာရာဂွါသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ Myanmar National Human Rights Commission Statement No. (5/2026)
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့နှင့် နီကာရာဂွါသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့အား သီးခြားစီ လက်ခံတွေ့ဆုံ
Ministry of Information/ Naypyitaw / April 12, 2026
နေပြည်တော် ဧပြီ ၁၁
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နိုင်ငံတော်သမ္မတ ကတိသစ္စာပြုခြင်းနှင့် စတင်တာဝန်ထမ်းဆောင်ခြင်းအခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စမာကျား၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတို့အား ယမန်နေ့ညပိုင်းတွင် နေပြည်တော်ရှိ MGallery Hotel ၌ သီးခြားစီလက်ခံတွေ့ဆုံခဲ့သည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များအပေါ် ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ကမ္ဘောဒီးယားနိုင်ငံအစိုးရ၏ အာဆီယံဆိုင်ရာအထူးကိုယ်စားလှယ်နှင့် ဘုရင့်အတိုင်ပင်ခံကောင်စီအဖွဲ့ဝင် Mr. Kitti Settha Pandita Cham Prasidh၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်၊ ယခင်ဝန်ကြီးချုပ်ရုံးဝန်ကြီး Mr. Alounkeo Kittikhoun နှင့် ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှ၊ တောင်အာရှနှင့် တောင်ပစိဖိတ်ဌာန ညွှန်ကြားရေးမှူးချုပ် Mr. Nguyen Tat Thanh တို့နှင့် တွေ့ဆုံစဉ် သက်ဆိုင်ရာနိုင်ငံအသီးသီးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် နှစ်နိုင်ငံအဆင့်နှင့် ဒေသတွင်းအဆင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
နီကာရာဂွါသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဗေထရက်ခ်ဂျေရက်စခီနှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက် ၊ ဧပြီ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadMyanmar National Human Rights Commission Statement No. (5/2026)
Myanmar National Human Rights Commission/ MNHRC / April 30, 2026
Myanmar National Human Rights Commission Statement No. (5/2026)
