ပြည်ထောင်စုဝန်ကြီးဦးဆန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရေဆင်းရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် သစ်တောသုတေသနဌာနခွဲမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအားတွေ့ဆုံ
ပြည်ထောင်စုဝန်ကြီးဦးဆန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရေဆင်းရှိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် သစ်တောသုတေသနဌာနခွဲမှ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများအားတွေ့ဆုံ
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / May 03, 2026
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ရေဆင်းရှိ သစ်တောသုတေသနဌာနခွဲ၊ စုဝေးခန်းမတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် သစ်တောသုတေသနဌာနခွဲမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမ၊ ဝန်ထမ်းများအား တွေ့ဆုံပွဲကို ၂၀၂၆ ခုနှစ်၊ မေလ ၂ ရက်နေ့ မွန်းလွှဲပိုင်းတွင်ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာသောင်းနိုင်ဦးနှင့် ဦးခင်လတ်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်တို့နှင့်အတူ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်သည် ဝန်ကြီးဌာန အတွက် လိုအပ်သော သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လူသားအရင်းအမြစ်များ ဖြည့်ဆည်းပေးသည့် မရှိမဖြစ် ပညာရေးဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်ပါကြောင်း၊ ယခုနှစ် ကျောင်းပြန်ဖွင့်ချိန်တွင် အဆောက်အဦများ ဥပဓိရုပ် ကောင်းမွန်စေရေး ဆောင်ရွက်ထားရမည့်အပြင် သင်ကြားရေးဆိုင်ရာ အရည်အသွေး ပြည့်မီစေရေး၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံမှု ရှိစေရေးအတွက်ပါ ဦးစားပေး ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက လက်ရှိနှင့် အနာဂတ်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဝန်ဆောင်မှုများကို အကျိုးအရှိဆုံးဖြစ်အောင် အသုံးချနိုင်မည့်စနစ်များ ဆောင်ရွက်နိုင်ရန်အတွက် သုတေသနကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ အရည်အသွေးပြည့်ဝသည့် အသုံးချ သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သုတေသနလုပ်ငန်းများမှာ AI နည်းပညာကို သစ်တောစီမံခန့်ခွဲမှု၊ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ သုတေသနရလဒ်များ ဖော်ထုတ်ရာတွင် အထောက်အကူပြုအဖြစ် ဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၏ ရေရှည်မျှော်မှန်းချက်များ၊ ရည်မှန်းချက်များကိုလည်း ဆက်လက်ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်မှ တက္ကသိုလ်၏ လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ကျောင်းဖွင့်ရာသီအတွက် ကြိုတင်ပြင်ဆင်နေမှု အခြေအနေအားလည်းကောင်း၊ သစ်တောသုတေသနဌာနခွဲ ညွှန်ကြားရေးမှူးမှ သစ်တော သုတေသနဌာနခွဲ၏ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအားလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ တက်ရောက် လာသည့် ဆရာ/ဆရာမများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနူတ်ဆက်ခဲ့သည်။
ဆက်လက်၍ သစ်တောသုတေသနဌာနခွဲရှိ မြေဓါတ်ခွဲခန်းတွင် မြေအရည်အသွေး စမ်းသပ် ဆောင်ရွက်နေမှုအခြေအနေ၊ ဇီဝမျိုးစုံမျိုးကွဲများ သုတေသနပြု လေ့လာထိန်းသိမ်းရေးဗဟိုဌာနရှိ သုတေသနလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေ၊ သစ်တောဦးစီးဌာနနှင့် Chinese Academy of Science – CAS တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းခြင်းနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်းရှိ သုတေသန လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် ရေဓါတ်ခွဲခန်း၌ ရေအရည်သွေး စမ်းသပ်ဆောင်ရွက်နေမှု အခြေအနေများကို လေ့လာကြည့်ရှု စစ်ဆေးသည်။
ထို့နောက် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၌ တည်ဆောက်မည့် Recreation Center(၁)လုံး၊ နှစ်ထပ်စာသင်ဆောင်(၁)လုံးနှင့် ကျောင်းသား အိပ်ဆောင်(၁)လုံးတို့၏ မြေနေရာလျာထားမှု အခြေအနေများအား သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့သည်။
ထိုမှတဖန် ရွှေကျပျိုးဥယျာဉ်သို့ရောက်ရှိရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးမှ နိုင်ငံတော်အဆင့် သစ်ပင်စိုက်ပွဲ ကျင်းပနိုင်ရေးအတွက် ပျိုးပင်များ ကြိုတင်ပြင်ဆင်ပျိုးထောင်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ပြီး ပျိုးပင်များအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပါသည်။
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 03, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Ministry of Information / Posted on May 01, 2026
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...
Myanmar National Human Rights Commission Statement No. (5/2026)
Myanmar National Human Rights Commission / Posted on April 30, 2026
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Myanmar National Human Rights Commission / Posted on April 30, 2026
