ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi နှင့် တွေဆုံဆွေးနွေး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi နှင့် တွေဆုံဆွေးနွေး
Ministry of Information/ Naypyitaw / August 31, 2025

နေပြည်တော် ဩဂုတ် ၃၁
တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့အလုပ်သဘောခရီးရောက်ရှိနေသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri Narendra Modi နှင့် ယနေ့ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် တီယန်ကျင်းမြို့ရှိ Wanda Vista ဟိုတယ်၌ တွေ့ဆုံဆွေးနွေးသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌအား အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး တွေ့ဆုံဆွေးနွေးသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့်အတူ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ခရီးစဉ်တွင်လိုက်ပါလာသည့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်နှင့်အတူ အိန္ဒိယနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှုကဏ္ဍမြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေးနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၌ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှ ထောက်ခံအားပေးလျက်ရှိမှုနှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ စေလွှတ်ပေးသွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအား SCO အဖွဲ့ဝင်ဖြစ်စေရေး အိန္ဒိယနိုင်ငံမှ ထောက်ခံပေးလျက်ရှိမှု အခြေအနေများနှင့် အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။


Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Ministry of Information / Posted on September 03, 2025
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသောဥပဒေများ မြန်မာဘာသာသို့ ပြန်ဆိုအတည်ပြု
Ministry of Information / Posted on September 02, 2025
အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသောဥပဒေများ မြန်မာဘာသာသို့ ပြန်ဆိုအတည်ပြု
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on August 26, 2025