ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ်(၁၂၁/၂၀၂၄)သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်


Ministry of Home Affairs/ Naypyitaw / May 10, 2025


    ၂၀၂၅ ခုနှစ်၊ မေ ၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရဲအရာရှိလေ့ကျင့်ရေးကျောင်း၊ စစ်ရေးပြကွင်း၌ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၂၁/၂၀၂၄) ရဲသီဟတပ်ခွဲသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်  တက်ရောက်၍ သင်တန်းဆင်းဂုဏ်ပြု အမှာစကားပြောကြားပါသည်။
    ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကိုခံယူကာ သင်တန်းဆင်းတပ်ခွဲအား စစ်ဆေးခဲ့ပြီး၊ ဒုတိယရဲအုပ်လောင်းများက အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း သူရိန်လင်းထက်၊ လေ့ကျင့်ရေးထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဆန်းထူးနိုင်၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း နန်းဆောင်းချယ်ရီဖွေး၊ အင်္ဂလိပ်စာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း မြိုင်သီတာ၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ဆန်းထူးနိုင်တို့အား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ 
    ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းဂုဏ်ပြု အမှာစကားပြောကြားရာတွင် “စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး ခံယူချက်၊ ယုံကြည်ချက်ပြည့်ဝ၍ ကျန်းမာကြံ့ခိုင်သော၊ မျိုးချစ် စိတ်ဓာတ်နှင့် စွမ်းရည်ပြည့်ဝခေတ်မီသည့် ရဲအရာရှိငယ်များဖြစ်လာစေရန်” ဆိုသည့် ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတိယရဲအုပ်များအဖြစ် မွေးထုတ်ပေးနိုင်ခဲ့ပြီး ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ယူကြရတော့မည့် တပ်ဖွဲ့ဝင်များအနေဖြင့် သင်တန်းကာလအတွင်း သင်ကြား ပို့ချပေးခဲ့သည့် ဥပဒေပညာ၊ ရဲလုပ်ငန်းအတတ်ပညာ၊ စစ်ပညာများနှင့် ခေါင်းဆောင်မှုပညာများကို လက်တွေ့နယ်ပယ်တွင် ထိရောက်စွာ အသုံးချသွားရန် မိမိကိုယ်တိုင် စံပြဖြစ်အောင် နေထိုင်ကျင့်ကြံပြီး ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်နှင့်ပေးအပ်သည့် ရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရမှာဖြစ်ကြောင်း။
    လက်ရှိကာလတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များသည် တပ်မတော်၊ နယ်မြေခံပြည်သူ့စစ်များ၊ လုံခြုံရေးအဖွဲ့များ၊ သက်ဆိုင်ရာဒေသခံပြည်သူလူထုများနှင့်လက်တွဲကာ တည်ငြိမ်အေးချမ်းမှုပျက်ပြား နေသည့် နေရာဒေသများတွင် တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိအောင် ဆောင်ရွက်လျက်ရှိပြီး ကျောင်းဆင်းကြမည့် ဒုတိယရဲအုပ်များအနေဖြင့် နောင်တော်ရဲတပ်ဖွဲ့ဝင်များနည်းတူ ပြည်သူကို အလုပ်အကျွေးပြုပြီး နိုင်ငံတော်၏လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အသက်ပေးကာကွယ်စောင့်ရှောက်တတ်သော ရဲတပ်ဖွဲ့ဝင်များအဖြစ်ခံယူကာ မိမိတို့ကျရာတာဝန်များကို ဦးလည်မသုန်ထမ်းဆောင်သွားကြရမှာဖြစ်ကြောင်း။
   မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန် ၄ ရပ်ကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ပြီး ပြည်တွင်းလုံခြုံရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် နောင်တော် တပ်မတော်နှင့်အတူလက်တွဲ၍ စစ်ဆင်ရေးနှင့်လုံခြုံရေးတာဝန်များအား အောင်မြင်အောင် အလေးထား ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာသည့် မှုခင်းဖြစ်ရပ်မှန်ကိုဖော်ထုတ်ပြီး ကျူးလွန်သူများအပေါ် ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ အထောက်အထားပြည့်စုံစွာဖြင့် တရားစွဲတင်နိုင်ရေး အလေးအနက် ထားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မှုခင်းကျဆင်းရေးအတွက် ပြည်သူလူထုအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းအသိပညာပေးခြင်းလုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း။
    မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော လူနေမှုဘဝများကို ဆိုးရွားစွာထိခိုက်နစ်နာစေသည့် ဘက်ပေါင်းစုံစိန်ခေါ်မှုတစ်ရပ်အဖြစ် ပေါ်လွင်ထင်ရှားလျက်ရှိတာကြောင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်ကို အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းလက်တွဲ၍ လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေမှုရှိသည့် လုပ်ငန်းအစီအစဉ်များကို ချမှတ်ပြီး အခက်အခဲများနှင့် စိန်ခေါ်မှုများကိုရင်ဆိုင်ကာ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း။
    မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို ဥပဒေနှင့်အညီ စေတနာထားဆောင်ရွက်ပေးပြီး မိမိတာဝန်ကျရာနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်တပ်တစ်အား ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်ခြင်းများအပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းမှန်သမျှကို စစ်မှန်သည့် စိတ်ရင်းစေတနာမှန်ဖြင့် လုပ်ဆောင်ပေးကြရမှာဖြစ်သလို သဘာဝဘေးအန္တရာယ်ကြုံတွေ့ချိန်တွေမှာ ဖြစ်ပေါ်တတ်တဲ့ မှုခင်းများကို လေ့လာပြီး မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း။
    ရဲတပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝထက်မြက်နေစေရန်အတွက် “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် လေ့ကျင့်ရေးမူဝါဒနှင့်အညီ ပြောင်းလဲတိုးတက်လာသည့် ရဲလုပ်ငန်းစနစ်များ၊ စစ်နည်းဗျူဟာများနှင့် စစ်အတတ်ပညာများကို စဉ်ဆက်မပြတ် လေ့လာနေရမှာဖြစ်ကြောင်း၊ ဆန်းသစ်ပြောင်းလဲ တိုးတက်မှုနှင့်အညီ လိုက်ပါဆောင်ရွက်နိုင်ရန်နှင့် အသစ်သစ်သော ပညာရပ်များကို လေ့လာနိုင်ရန် အင်္ဂလိပ်ဘာသာစကားအပါအဝင် အခြားဘာသာစကားများ၊ ကွန်ပျူတာ၊ အင်တာနက်နည်းပညာဆိုင်ရာ ပညာရပ်များကိုလည်း ပိုမိုတိုးတက်ကျွမ်းကျင်အောင် စဉ်ဆက်မပြတ် လေ့လာသွားကြရန်လိုအပ်ကြောင်း၊ အမျိုးသမီးရဲအရာရှိများအနေဖြင့်လည်း လေ့ကျင့်သင်ကြားပျိုးထောင်ပေးလိုက်သည့် ပညာရပ်များကို အခြေခံပြီး မိမိတို့ရောက်ရှိတာဝန်ထမ်းဆောင်ကြရမည့် ဒေသအသီးသီးတွင် လက်တွေ့ဘဝနှင့် ပေါင်းစပ် အကောင်အထည်ဖော်ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်းစသည်ဖြင့် တိုက်တွန်းပြောကြားခဲ့ပါသည်။
    သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ တပ်ဖွဲ့/ဦးစီးဌာနများမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ရဲအရာရှိကြီးများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ပါမောက္ခချုပ်၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါဒုတိယရဲအုပ်လောင်းသင်တန်းအမှတ်စဉ်(၁၂၁/၂၀၂၄) ရဲသီဟတပ်ခွဲတွင် တပ်ဖွဲ့အတွင်းမှ ဘွဲ့ရအမျိုးသား ၁၉၈ ဦး၊ အမျိုးသမီး ၁၂၉ ဦး စုစုပေါင်း ၃၂၇ ဦး တို့ကို လေ့ကျင့်သင်ကြား၍ သင်တန်းဆင်းပေးခဲ့ကြောင်းနှင့် ညပိုင်းတွင် သင်တန်းဆင်းဂုဏ်ပြု ညစာစားပွဲအခမ်းအနားအား ဗဟိုခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းဆင်း ဒုတိယရဲအုပ်များ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတီးဝိုင်းက တေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 29, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

NOTICE TO FILE INCOME TAX RETURN,ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN

Ministry of Planning and Finance / Posted on May 27, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Ministry of Transport and Communications / Posted on May 22, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023