ပြည်သူနှင့် ပြည်သူ့အကျိုးစီးပွားကို ပစ်မှတ်ထားလာသည့် အကြမ်းဖက်များ
ပြည်သူနှင့် ပြည်သူ့အကျိုးစီးပွားကို ပစ်မှတ်ထားလာသည့် အကြမ်းဖက်များ
Ministry of Information/ Naypyitaw / February 22, 2026
စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူဆိုင်ရာနေရာများကို အကြမ်းဖက်သောင်းကျန်းသူများက နေရာဒေသအနှံ့အပြားတို့တွင် မကြာခဏပစ်ခတ်တိုက်ခိုက်နေကြရာ ဖေဖော်ဝါရီ ၂၀ ရက် တစ်ရက်တည်းမှာပင် ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်တို့အတွင်း တိုက်ခိုက်မှုတို့မှာ ပြည်သူကို အဓိကရည်ရွယ်၍ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲတွင် ပြည်သူအတွက်ဟုဆိုကာ ပြည်တွင်းဒေသအများအပြားတို့တွင် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ပေါင်းများစွာ ပေါ်ပေါက်လာခဲ့ကြရာ ငါးနှစ်ကျော်မျှကြာမြင့်လာပြီဖြစ်သည့် ယနေ့အချိန်တွင် ၎င်းအဖွဲ့များမှာ စစ်ရေးအရအောင်မြင်မှု မရကြသည့်အပြင် ဒေသခံပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးများ၊ အန္တရာယ်ပေးသူများ ဖြစ်လာကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် (၇၈) နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနား ကျင်းပနေသည့် ချင်းပြည်နယ် ဟားခါးမြို့ စုပေါင်းရုံးနေရာကို CDF (ဟားခါး)နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များက အခမ်းအနားကျင်းပနေမှုပျက်စီးစေရန်နှင့် အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်သူများ ထိခိုက်သေကျေစေရန်ရည်ရွယ်၍ FPV Suicide Drone များ ပစ်ချတိုက်ခိုက်ခဲ့ကြသည်။ ယင်းနေ့ ညနေ ၄ နာရီခွဲခန့်တွင် ကယားပြည်နယ် ဖားဆောင်းမြို့၏ အရှေ့မြောက်ဘက်မီတာ ၁၈၀၀ ခန့်အကွာ ဝမ်အောင်း - ချိကွဲ့- စောင်းလော့လမ်းကြောင်းပေါ်ရှိ အများပြည်သူ အားထားအသုံးပြုနေကြရသော ပွန်ချောင်းတံတားကို KNPP ၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်။ ၎င်းအဖွဲ့တို့ကပင် ဖားဆောင်းမြို့အနီးရှိ သံလွင်တံတား (ဖားဆောင်း)ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြခြင်းကြောင့် ဒေသခံပြည်သူများ ခရီးသွားလာရေးတွင် အခက်အခဲများစွာ တွေ့ကြုံနေကြရပြီး ဖြစ်ရာ ပွန်ချောင်းတံတားကိုပါ ထပ်မံဖျက်ဆီးလိုက်ခြင်းအားဖြင့် နောက်တစ်မျိုး ဒုက္ခထပ်ပိုးပေးလိုက်ကြခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညပိုင်းတွင် KIA နှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့တို့ ပူးပေါင်းကျူးလွန်ခဲ့ကြသည့် အကြမ်းဖက်မှုကမူ ရက်စက်မှုအပေါင်းသရဖူဆောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ ယင်းနေ့ ည ၈ နာရီ ၁၂ မိနစ်ခန့်တွင် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ATR-72- 600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်းသည် ခရီးသည်များတင်ဆောင်၍ မြစ်ကြီးနားလေဆိပ်မှ မန္တလေးသို့ ပြန်လည်ထွက်ခွာရန် ပြင်ဆင်နေစဉ် KIA နှင့် PDF ပူးပေါင်းအဖွဲ့က FPV Suicide Drone များဖြင့် တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ အရပ်ဘက်လေဆိပ်မှ ခရီးသည် တင်လေယာဉ်ကို ခရီးသည်များတင်ဆောင်ပြီးစီး၍ ပြန်လည်ထွက်ခွာမည့်အချိန်တွင် ယခုကဲ့သို့ တိုက်ခိုက်ခြင်းမှာ ခရီးသွားပြည်သူကို ထိခိုက်သေကျေပျက်စီးစေလိုခြင်းမှတစ်ပါး အခြား မရှိနိုင်။ ၎င်းအဖွဲ့တို့ကပင် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြစ်ကြီးနားလေဆိပ်ကို အဆိုပါ drone မျိုးဖြင့် တစ်ကြိမ်တိုက်ခိုက်ခဲ့ကြပြီးဖြစ်သည်။ စစ်ရေးနှင့်မသက်ဆိုင်သော အများပြည်သူသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အားကိုးအားထားပြုနေကြရသော အရပ်ဘက်လေကြောင်းလိုင်းကို ယခုလိုရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းက ဂျီနီဗာကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ အရ စစ်ရာဇဝတ်မှု (war crime) ကို ကျူးလွန်ခြင်းဖြစ်သည်။
အကြမ်းဖက်သောင်းကျန်းသူအဖျက်သမားတို့၏ လုပ်ရပ်များက ၎င်းတို့၏ကျရှုံးမှုများကို ထင်ဟပ်ဖော်ပြနေသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း လက်နက်ကိုင်အကြမ်းဖက်ဆူပူသောင်းကျန်းမှု စစ်မျက်နှာအများအပြား ပြည်တွင်းဒေသများစွာမှာ ဖြစ်ပေါ်လာချိန်တွင် ၎င်းတို့အနေဖြင့် အရေးသာမှုအချို့ကို အခိုက်အတန့်အားဖြင့် ရရှိခဲ့ကြသည်။ သို့ရာတွင် အချိန်ကြာလာသည်နှင့်အမျှ တစ်ဗိုလ်တစ်မင်း လက်နက်ကိုင်ထားကြသူများက အာဏာ ပြလာသည်။ ဒေသခံပြည်သူများအပေါ် ဖိစီးနှိပ်စက်မှုများ ဖြစ်လာသည်။ ထိုအခါ ပြည်သူများက လက်နက်ကိုင်သောင်းကျန်းသူများကို ဆန့်ကျင်မှုများ ဖြစ်ပေါ်လာသည်။ ၎င်းတို့ရှိနေခြင်းကြောင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ လူမှုစီးပွားဘဝများ နိမ့်ကျမှုဖြစ်ရသည့်အခြေအနေကိုလည်း ပြည်သူလူထုက နားလည်သိရှိလာကြသည်။ ထို့အပြင် ၎င်းလက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ လက်နက်အားကိုးဥပဒေမဲ့ပြုကျင့်မှုများကို ဒေသခံပြည်သူများက မုန်းတီးစက်ဆုပ်လာကြသည်။ ဤအခြေအနေများသည် အကြမ်းဖက်သောင်းကျန်းသူတို့၏ နေဝင်ချိန်မကြာမီရောက်ရှိလာတော့မည့် နိမိတ်ပုံများပင်ဖြစ်ရာ ၎င်းအကြမ်းဖက်အဖျက်သမားများကို တိုက်ခိုက်နှိမ်နင်းရှင်းလင်းမှုများတွင် ဒေသခံပြည်သူများ ပိုမိုပူးပေါင်းပါဝင်လာသည်နှင့်အမျှ အမြန်ဆုံးတည်ငြိမ်အေးချမ်းမှုများ ရရှိလာနိုင်ပါမည့် အကြောင်း။ ။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ February 22, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 21, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၅ ရက် ၊ ဖေဖော်ဝါရီ ၂၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
Ministry of Information / Posted on February 21, 2026
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
Ministry of Information / Posted on February 21, 2026
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်
ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on February 18, 2026
ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
