မန္တလေးငလျင်ကြီးကြောင့် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ ကြည့်ရှုစစ်ဆေး
မန္တလေးငလျင်ကြီးကြောင့် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ထိခိုက်ပျက်စီးမှုများ ပြန်လည်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ ကြည့်ရှုစစ်ဆေး
Ministry of Religious Affairs & Culture/ Naypyitaw / May 13, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့်အတူ ၉-၅-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးငလျင် ကြီးကြောင့် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ထိခိုက်ပျက်စီးမှုများ ပြုပြင် မွမ်းမံရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်ရှိ ထိခိုက်ပျက်စီးခဲ့သော အနောက်တောင်ထောင့် ဓာတ်လှေကားပျက်စီးခဲ့မှုများ ဖျက်သိမ်းနေမှု အခြေအနေ အရှေ့တောင်ထောင့် ဓာတ်လှေကား ပြန်လည်ပြုပြင်နေမှု အခြေအနေ၊ ရင်ပြင်တော်ရှိ ကြွေပြားများကို Hand Breaker များဖြင့် ခွာယူကာ အကောင်းနှင့်အပျက်ခွဲခြား၍ စနစ်တကျ စုပုံထိန်းသိမ်းထားရှိမှု အခြေအနေ၊ ရှစ်တန် Backhoe Breaker နှင့် ၁၃ တန် Backhoe Breaker များဖြင့် Grounting ဆောင်ရွက် နေမှုအခြေအနေ၊ ထိခိုက်ပျက်စီးခဲ့သော စေတီတော်ကြီး၏ ပစ္စယာအား Hand Breaker များဖြင့် ခွာချရှင်းလင်းနေမှုအခြေအနေ၊ ရင်ပြင်တော်၊ ပစ္စယာနှင့် ပရိဝုဏ် ထိခိုက်ပျက်စီးမှု များကို ပြန်လည် ပြုပြင်မွမ်းမံဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက စေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက် နေသောအဖွဲ့များ၊ တပ်မတော်သား များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ကို အားပေးစကား ပြောကြားသည်။
ဆက်လက်၍ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံ ခြင်းလုပ်ငန်းများ အချိန်မီပြီးစီး စေရေးနှင့် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ဥပ္ပါတသန္တိစေတီတော် လိုဏ်ဂူတော် အတွင်း သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ညှိနှိုင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက စေတီတော် မြတ်ကြီးရင်ပြင်တော်ရှိ ထိခိုက်ပျက်စီးခဲ့သည့်ပေ (၁၂၀ˈ × ၇၀ˈ ) ဓမ္မာရုံကြီး ပြန်လည် ပြုပြင်မွမ်းမံခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များ၊ ဘဏ္ဍာငွေ လိုအပ်မှု အခြေအနေများ၊ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီ၊ ပစ္စည်းဝယ်ယူစုဆောင်းရေး ဆပ်ကော် မတီတို့နှင့်အတူ ပြုပြင်မွမ်းမံရေးနှင့်ပတ်သက်သည့် ထပ်မံလိုအပ်သောဆပ်ကော်မတီများ တိုးချဲ့ဖွဲ့စည်းကာ အင်တိုက်အားတိုက် ဆောင်ရွက်ကြရန်နှင့်စေတီတော်ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် စေတီတော်ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေသော သက်ဆိုင် ရာဌာနများက စေတီတော် အချိန်မီ ပြီးစီးရေး ဆက်စပ်ဌာနများနှင့်လည်း ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် သွားရန် မှာကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံရေးကိစ္စ နှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ နှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့ဝင်များ ပေါင်းစပ်ညှိနှိုင်း၍ မိုးမကျမီ အချိန်မီ ပူးပေါင်း ဆောင်ရွက်ကြရန် လိုကြောင်းမှာကြားပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် (၁) ဦးထွန်းထွန်းက ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် သက်ဆိုင်ရာဌာနများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက် မည့်လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများ အချိန်မီပြီးစီးစေရေး၊ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့် စနစ်တကျ ဆောင်ရွက်နိုင်ရေးတို့ အတွက် လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ပေးခဲ့ကြောင်း ဖော်ပြအပ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Announcement
ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အဦ၊ လမ်း၊ တံတားများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure – SOP)
Ministry of Construction / Posted on May 13, 2025
Travel Advisory (1/2025)
Ministry of Hotel & Tourism / Posted on May 12, 2025
ခရီးသွားအကြံပြုချက် (၁/၂၀၂၅)
Ministry of Hotel & Tourism / Posted on May 12, 2025