မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်
မန္တလေးငလျင်ကြီးကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်းနေ ဝန်ထမ်းများအတွက် အခြေခံလိုအပ်သည့် အိမ်သုံးလျှပ်စစ်ပစ္စည်းများ ထောက်ပံ့ပေးအပ်
Ministry of Information/ Naypyitaw / July 05, 2025

နေပြည်တော် ဇူလိုင် ၄
ငလျင်ဒဏ်ကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သော ဝန်ကြီးဌာန၊ အဖွဲ့အစည်း ၂၅ ခုမှ ဝန်ထမ်းအိမ်ရာ မြေညီထပ်အခန်း ၄၉၉ ခန်းအတွက် အခြေခံလိုအပ်သည့် မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း ခြောက်မျိုးထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးများဦးဆောင်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
ဦးစွာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ငလျင်ဒဏ်ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုဆောင်ရွက်မှုမှာ ငလျင်ဒဏ်ကြောင့် တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သည့် ဝန်ထမ်းအိမ်ရာမြေညီထပ်နေ ဝန်ထမ်းများကို နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ထောက်ပံ့နိုင်ရေးအတွက် ဆောင်ရွက်မှုဖြစ်ပါကြောင်း၊ ထောက်ပံ့နိုင်ရန်အတွက် ဝန်ကြီးဌာန/အဖွဲ့အစည်းများမှ စာရင်းများတောင်းခံရယူ၍ အကြိမ်ကြိမ် သေချာစွာစိစစ်ခဲ့ရကြောင်း၊ ရရှိလာသောစာရင်းများပါ မြေညီထပ်အခန်း ၄၉၉ ခန်းအတွက် ပုံမှန်နေ့စဉ်လူနေမှုဘဝကို အတိုင်းအတာ တစ်ခုဖြည့်ဆည်းပေးနိုင်ရန် အခြေခံလိုအပ်သည့် မီးဖိုချောင်သုံးနှင့် လျှပ်စစ်ပစ္စည်းများဖြစ်သော ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားစက်၊ ထမင်းပေါင်းအိုး၊ လျှပ်စစ်ရေနွေးအိုး၊ လျှပ်စစ်ဟင်းချက်အိုး၊ လျှပ်စစ်မီးပူတို့ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဥက္ကဋ္ဌ (၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက တင်ဒါကော်မတီဖွဲ့စည်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစီအစဉ်ဖြင့် ငလျင်ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြား၍ ဒုတိယဥက္ကဋ္ဌများက ဝန်ကြီးဌာန/အဖွဲ့ အစည်းတစ်ခုချင်းစီအလိုက် မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းခြောက်မျိုးကို ထောက်ပံ့ပေးအပ်သည်။
ယနေ့အခမ်းအနားတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ တိုက်ပိ၊ တိုက်ပြားဖြစ်ပေါ်ခဲ့သည့် ဝန်ကြီးဌာန/အဖွဲ့အစည်း ၂၅ ခုရှိ တိုက်အရေအတွက် ၁၂၄ လုံးမှ မြေညီထပ် ၄၉၉ ခန်းနေ ဝန်ထမ်းမိသားစုများကို မီးဖိုချောင်သုံးနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်း ခြောက်မျိုးထောက်ပံ့ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေကျပ်သိန်း ၁၀၇၈၀ ကျော် ကျခံထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၁ ရက် ၊ ဇူလိုင် ၅ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၁၀ ရက် ၊ ဇူလိုင် ၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလဆန်း ၉ ရက် ၊ ဇူလိုင် ၃ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 03, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
Ministry of Information / Posted on July 04, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ အတည်ပြုခန့်ထားခြင်း
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)
Union Civil Service Board / Posted on July 03, 2025
ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၂၃/၂၀၂၅)