မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၃၂၂ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ ဆီဘောက်ဆာ မော်တော်ယာဉ် မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / December 04, 2025


      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက် မွန်းလွဲ ၁၂ နာရီ ၂၃ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၃၂၂ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ ပိတောက်ရွှေဝါဆိပ်ကမ်းမှ ယာဉ်မောင်း ဦးဝင်းစိုးထက် (၃၄)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် 5N-XXXX ISUZU GIGA နှင့် နောက်တွဲယာဉ်အမှတ် 2TLR-XXXX ဆီဘောက်ဆာ ၂၂ ဘီး မော်တော်ယာဉ်သည် ဒီဇယ် ၇၈၀၀ ဂါလန်နှင့် 95 ဓာတ်ဆီ  ၁၈၀၀ ဂါလန် တင်ဆောင်၍ မောင်းနှင်လာစဉ် ဘရိတ်ရှူးငြိပြီး အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိတ္ထီလာခရိုင်မီးသတ်စခန်း၊ သာစည်မြို့နယ်မီးသတ်စခန်းနှင့် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ကိုးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
      အဆိုပါမီးလောင်မှုကြောင့် နောက်တွဲမော်တော်ယာဉ်၏ ယာဘက်တာယာ ခြောက်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဝင်းစိုးထက် အား သာစည်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

Myanmar National Human Rights Commission Statement (16/ 2025)

Myanmar National Human Rights Commission / Posted on December 03, 2025

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023