မိခင်သေဆုံးမှုနှင့်ကလေးသေဆုံးမှုလျော့နည်းကျဆင်းရေး မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုသင်တန်းဖွင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / September 04, 2025


ဘားအံ စက်တင်ဘာ ၄

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကရင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ် ရေးအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် မိခင်နှင့်ကလေးစောင့်ရှောက်မှုသင်တန်း ဖွင့်ပွဲကို စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။

ကရင်ပြည်နယ်အတွင်း မိခင်သေဆုံးမှုနှင့်ကလေးသေဆုံးမှုလျော့နည်းကျဆင်းရေးအတွက် ရပ်ကွက်၊ကျေးရွာ များရှိအလွှာအသီးသီးမှကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးများကို ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အခြေခံ ကျန်းမာရေးဝန်ထမ်းများ၏အရန်အင်အားအဖြစ် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်နိုင်ရန် ၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာအရည်အသွေးပြည့်ဝသော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပြည်သူလူထုအကြား ကျန်းမာ ရေးအသိပညာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိဖြန့်ဝေနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံမြို့နယ်တွင် သင်တန်းသူ/သင်တန်းသား(၂၅၀)ဦး၊ လှိုင်းဘွဲမြို့ နယ်တွင်(၆၀)ဦး၊ သံတောင်ကြီး မြို့နယ်တွင်(၃၀)ဦး၊ ကော့ကရိတ်မြို့နယ်တွင်(၄၀)ဦး၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် (၆၀)ဦး၊ မြဝတီမြို့နယ်တွင် (၃၀)ဦး၊ ဖာပွန်(ကမမောင်း)မြို့တွင် (၁၀)ဦး စုစုပေါင်းသင်တန်းသူ၊သင်တန်းသား (၄၈၀) ဦးကို သင်တန်းပေးသွား မည်ဖြစ်ပြီး သင်တန်းသူ/သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးသည့်အခါ မိမိတို့ ကျေးရွာ၊ရပ်ကွက်များတွင် ရှိကြသော အခြေခံကျန်းမာရေးဝန်ထမ်းများ၏ မိခင်နှင့်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များတွင် ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားကာ သင်တန်းစုစုပေါင်း (၁၄)ကြိမ်အတွက် ငွေကျပ် ၁၄၆ သိန်းကို ချီးမြှင့်ပေးအပ်သည်။

ထို့နောက် သင်တန်းသူ/သင်တန်းသားများက ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကထံ အသင်းဝင်အဆိုပြုလွှာများကို ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက နှင့်အဖွဲ့ဝင်များသည် သင်တန်းသူ၊သင်တန်းသားများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံ များရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသူ၊သင်တန်းသားများနှင့်အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များနှင့် ဘားအံပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား၊သင်တန်းသူ၊ ဆရာ၊ဆရာမများ၏ အထူးနေ့လယ်စာစားပွဲကို နံနက် ၁၁ နာရီခွဲက ဘားအံပညာရေးဒီဂရီကောလိပ် စားရိပ်သာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်၏ အခြေခံပညာကဏ္ဍကို အရည်အသွေးတိုးတက်ကောင်းမွန်အောင် တာဝန်ယူကြမည့်သူများဖြစ်သည့် အတွက် မှာကြားစရာရှိသည်များကိုမှာကြားပြီးဂုဏ်ပြုလိုသောကြောင့် ယခုကဲ့သို့ ရင်းရင်းနှီးနှီးလာရောက်တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ဆရာ၊ဆရာမလောင်းများအနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရင်း အနာဂတ်အတွက် မျိုးဆက်သစ်များပြုစုပျိုးထောင်ပေးကြစေလိုကာ မိမိကိုယ်ကိုလည်း အရည်အသွေးပြည့်ဝသောဆရာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အထူးနေ့လယ်စာအတွက် ငွေကျပ် ၁၈ သိန်းကို ကျောင်းအုပ်ဆရာမကြီး နှင့်သင်တန်းသား၊သင်တန်းသူများထံ ချီးမြှင့်ပေးအပ်ပြီး ဘားအံပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား၊သင်တန်းသူ၊ ဆရာ၊ဆရာမများနှင့်အတူ အထူးနေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကာ ထိုသို့နေလည်စာသုံးဆောင်နေမှုများ အား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရင်းနှီးနွေးထွေးစွာလိုက်လံတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁ ရက်၊ စက်တင်ဘာ ၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ September 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ September 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ September 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Naypyitaw Development Committee / Posted on September 04, 2025

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Ministry of Information / Posted on September 05, 2025

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံး/ လုပ်ငန်းသုံးပရိဘောဂပစ္စည်း (၂၉) မျိုးမှ ပစ္စည်း (၂၃)မျိုးအား ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၄-၈-၂ဝ၂၅) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊...

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)

Ministry of Information / Posted on September 05, 2025

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023