မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / March 06, 2026
နေပြည်တော် မတ် ၅
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု တည်ထောင်ခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသော အထိမ်းအမှတ်ဓာတ်ပုံပြပွဲနှင့် ညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများနှင့် ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် နိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများက မဲခေါင်-လန်ချန်း (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဓာတ်ပုံပြပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများနှင့် ဧည့်သည်တော်များသည် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် စီမံကိန်းများဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြပွဲတွင် ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက် မှုသည် ၂၀၂၆ ခုနှစ်တွင် ဆယ်စုနှစ်သစ်တစ်ခုသို့ ကူးပြောင်းရောက်ရှိပြီဖြစ်သည့်အတွက် ယခုနှစ် သည် မိမိတို့ဒေသအတွက်အရေးပါသည့် နှစ်တစ်နှစ်ဖြစ်ကြောင်း၊ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အခြေခံမူများနှင့် ငြိမ်းချမ်း၍ သာယာဝပြောပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော အပြန်အလှန်မျှဝေသည့် အနာဂတ်အသိုက်အဝန်းတစ်ခု တည်ဆောက်ရေးမျှော်မှန်းချက်ကို ထပ်လောင်းအတည်ပြုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အထိ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက် ခဲ့စဉ်ကာလအတွင်း စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးနှင့် (၇)ကြိမ်မြောက် မဲခေါင် - လန်ချန်း နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးတို့ကို အိမ်ရှင်အဖြစ်လည်းကောင်း၊ (၆)ကြိမ်မြောက်နှင့် (၉)ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတို့ကို ပူးတွဲဥက္ကဋ္ဌ တရုတ်နိုင်ငံနှင့် ပူးပေါင်း၍ လည်းကောင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အပြင် နေပြည်တော်ကြေညာချက်နှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစီမံချက် (၂၀၂၃-၂၀၂၇) တို့ကို အတည်ပြုနိုင်ခဲ့ပြီး မဲခေါင်-လန်ချန်း ဆန်းသစ်တီထွင်မှုစင်္ကြံ (MLC innovation Corridor) ဆိုင်ရာ အစည်းအဝေးယန္တရား တည်ထောင်ရန်အတွက်လည်း အဖွဲ့ဝင်နိုင်ငံများအကြား တူညီဆန္ဒကို ဖော်ဆောင်ပေးနိုင်ခဲ့ကြောင်း။
မြန်မာနိုင်ငံသည် ၂၀၁၇ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် စီမံကိန်းစုစုပေါင်း ၁၃၂ ခုနှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၆ သန်းခန့်ရရှိခဲ့ပြီး စီမံကိန်းပေါင်း ၁၀၀ ကျော်ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီးဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းများ အကောင်အထည်ဖော်မှုမှတစ်ဆင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသတွင်းပေါင်းစည်းရေးအပါအဝင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှုအထူး ရန်ပုံငွေဖြင့် မဲခေါင်အဖွဲ့ဝင်နိုင်ငံများအတွက် အကူအညီများ ဆက်လက်ပေးအပ်နေသည့် တရုတ်နိုင်ငံကို အထူးကျေးဇူးတင်ရှိကြောင်း၊ ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတွင် သိသာထင်ရှားသည့် အောင်မြင်မှုရလဒ်များနှင့် တိုးတက်မှုများ ရရှိလျက်ရှိသော်လည်း လက်ရှိကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းပြောင်းလဲမှုများ၊ စီးပွားရေးမတည်ငြိမ်မှုများ၊ ရာသီဥတုပြောင်းလဲမှုစသည့် စိန်ခေါ်မှုများကို ကြုံတွေ့နေကြရာ အဆိုပါ အခက်အခဲများကို ကျော်လွှားနိုင်ရန်နှင့် ဒေသတွင်း စဉ်ဆက်မပြတ် တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့်သာယာဝပြောရေးအတွက် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက အထိမ်းအမှတ်မိန့်ခွန်း ပြောကြားသည်။
ဆက်လက်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကိုပြသပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့က သာယာငြိမ့်ညောင်းတေးသံသာများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တရုတ်သံအမတ်ကြီး မစ္စမာကျားတို့က မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ အနုပညာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်သည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် ဒေသတွင်း ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်နိုင်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ ခြောက်နိုင်ငံတို့ဖြင့် ဖွဲ့စည်းခဲ့သည့် ဒေသခွဲဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ယန္တရားတစ်ခုဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 06, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
စက်သုံးဆီအလုံအလောက်ရှိကြောင်းအသိပေးကြေညာချက်
Ministry of Information / Posted on March 05, 2026
မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းသည် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အများပြည်သူသို့ စက်သုံးဆီများ တင်သွင်းရောင်းချဖြန့်ဖြူးပေးလျှက်ရှိပါသည်။
ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့်အစီအစဉ်ကို ပြည်သူသို့အသိပေးကြေညာခြင်း
Ministry of Finance and Revenue / Posted on March 05, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
Ministry of Information / Posted on March 04, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
