မြန်မာ့လက်ရွေးစင် လူငယ်အသင်းသုံးသင်း ပြည်တွင်းအမှတ်ပေးလိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်
မြန်မာ့လက်ရွေးစင် လူငယ်အသင်းသုံးသင်း ပြည်တွင်းအမှတ်ပေးလိဂ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည်
Ministry of Information/ Naypyitaw / May 21, 2026
နေပြည်တော် မေ ၂၀
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လူငယ်လက်ရွေးစင် ကစားသမားများ ပွဲထွက်ခွင့် ပိုမိုရရှိစေရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြန်မာ့လက်ရွေးစင် လူငယ်အသင်းသုံးသင်းကို ကလပ်အသင်းအမည်များပြောင်းလဲပြီး ပြည်တွင်းအမှတ်ပေးလိဂ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
အဆိုပါလူငယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲနှင့်အသင်းအမည်များမှာ မြန်မာယူ-၁၆ အသင်းသည် Galaxy FC အမည်ဖြင့် MNL U-20 League ပြိုင်ပွဲတွင်လည်းကောင်း၊ မြန်မာ ယူ-၁၇ အသင်းသည် Falcon FC အမည်ဖြင့် MNL U-20 League ပြိုင်ပွဲတွင်လည်းကောင်း၊ မြန်မာယူ-၁၉ အသင်းသည်Junior Lions FC အမည်ဖြင့် MNL League II ပြိုင်ပွဲတွင်လည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
လူငယ်လက်ရွေးစင်အသင်းများကို ပြည်တွင်းအမှတ်ပေးလိဂ်တွင် အဆင့်မြှင့်တင် ဝင်ရောက်ကစားစေခြင်းဖြင့် အတွေ့အကြုံသစ်များရရှိစေပြီး နိုင်ငံတကာပြိုင်ပွဲများအတွက် အကောင်းဆုံး ပြင်ဆင်မှုတစ်ရပ်လည်းဖြစ်ကြောင်း သိရသည်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း)
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Ministry of Transport and Communications / Posted on January 31, 2025
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Ministry of Transport and Communications / Posted on July 19, 2024
Myanmar e-Governance Master Plan 2030 (မူကြမ်း) အပေါ် အများပြည်သူ သဘောထားမှတ်ချက် တောင်းခံခြင်း
Ministry of Transport and Communications / Posted on October 02, 2023

