မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ဆိုင်ကယ်လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီး အရေးယူ
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ဆိုင်ကယ်လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီး အရေးယူ
Ministry of Home Affairs/ နေပြည်တော် / August 31, 2025
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ဩဂုတ် ၂၈ ရက်နှင့် ၂၉ ရက်များက လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၈ ရက်တွင် သထုံမြို့နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်လက်ဝယ်ထား စီးနင်းသူ သိမ်ကုန်းရပ်ကွက်နေ အောင်ဖြိုးသူ(၁၆)နှစ်၊ မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ သီရိမြိုင်ရပ်ကွက်နေ မောင်မောင်(၃၈)နှစ်၊ မုပွန်ရပ်ကွက်နေ အောင်ကျော်မျိုး (၂၁)နှစ်နှင့် ရွှေမြိုင်သီရိရပ်ကွက်နေ ကျော်ဇင်ထက်(ခ)ကျော်ထက်(၂၄)နှစ်အား လည်းကောင်း။
အလားတူ ဩဂုတ်လ ၂၉ ရက်တွင် မုဒုံမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထား စီးနင်းသူ မြို့မ(၂)ရပ်ကွက်နေ ဝင်းအောင်(၃၈)နှစ်၊ ပေါင်မြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ပန်းကုန်းကျေးရွာနေ မောင်ထွေး(၃၀)နှစ်နှင့် နတ်ကြီးချောင် ကျေးရွာနေ သိန်းဇော်(၃၀)နှစ်၊ ဘီးလင်းမြို့နယ်အတွင်း လိုင် စင်မဲ့ဆိုင်ကယ်လက်ဝယ်ထားစီးနင်းသူ ဇုတ်သုတ်ကျေးရွာနေ ပိုင်ဇေ(ခ)ညီထွေး(၄၃)နှစ်၊ သထုံမြို့နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်လက်ဝယ်ထား စီးနင်းသူ လိပ်မင်းရပ်ကွက်နေ သန်းထွန်း(၃၉)နှစ်ပါအမျိုးသား နှစ်ဦး၊ တောင်ကြား ရပ်ကွက်နေ ခွန်အောင်အောင်ထူး(၃၆)နှစ်၊ ကျိုက်ထိုမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူ ဖက္ကလိပ်ကျေးရွာနေ ထက်မြတ်နိုင်(ခ)အညာသား(၃၇)နှစ်ပါ အမျိုးသား နှစ်ဦး၊ သံဖြူဇရပ်မြို့နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်လက်ဝယ်ထားစီးနင်းသူ ဝါခရူကျေးရွာနေ သန်းဇော်ဌေး(၂၅)နှစ်တို့အားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် အောင်ဖြိုးသူပါ(၁၄)ဦးတို့အား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ September 03, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ September 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ September 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသောဥပဒေများ မြန်မာဘာသာသို့ ပြန်ဆိုအတည်ပြု
Ministry of Information / Posted on September 02, 2025
အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသောဥပဒေများ မြန်မာဘာသာသို့ ပြန်ဆိုအတည်ပြု
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(စစ်ကိုင်း)၊ ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on August 26, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၊ ပထမနှစ်ကျောင်းသားများခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on August 25, 2025