ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၌ ၂၂ ဘီး မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိ
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၌ ၂၂ ဘီး မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / July 26, 2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၄ ရက်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၌ ၂၂ ဘီး မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောမှ ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် အမျိုးသမီး တစ်ဦး သေဆုံးကာ အမျိုးသား သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂၄ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ပန်စုံကျေးရွာအနီး တောင်ကြီး-ဆီဆိုင်ကားလမ်း ကီလိုမီတာတိုင်အမှတ် 2 KM နှင့် 2.5 KM ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ကျောက်တလုံးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်ကွက်နေ ဦးချစ်စိန်(၃၈)နှစ် မောင်းနှင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာရပ်ကွက်နေ ဦးနန်းထက်အောင်(၃၆)နှစ် လိုက်ပါလာသည့် YGN-40/3S-XXXX DONGFENG ၂၂ ဘီး မော်တော်ယာဉ်သည် တောင်ကြီးမြို့ဘက်မှ ဆီဆိုင်မြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်၊ နန်းအောကျေးရွာနေသူများဖြစ်သည့် ဦးခွန်မောင်ထွေး(၄၉)နှစ် မောင်းနှင်ပြီး ဒေါ်နန်းဇွယ်(ခ)မူးနန်းဇွယ်(၄၉)နှစ် လိုက်ပါလာသည့် LUOJIA ဆိုင်ကယ်အား ဝင်ရောက်တိုက်မိပြီး မော်တော်ယာဉ်မှာ တိမ်းမှောက်သွားခဲ့သဖြင့် ဒေါ်နန်းဇွယ်(ခ)မူးနန်းဇွယ်တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး ဦးခွန်မောင်ထွေး၊ ဦးချစ်စိန်နှင့် ဦးနန်းထက်အောင်တို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် ဦးချစ်စိန် အား ကျောက်တလုံးနယ်မြေရဲစခန်း ယာဉ်(ပ)၂/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၃ ရက် ၊ ဇူလိုင် ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လဆန်း ၂ ရက် ၊ ဇူလိုင် ၂၆ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
အများပြည်သူသို့ အသိပေးကြေညာချက်
Ministry of Information / Posted on July 24, 2025
အများပြည်သူသို့ အသိပေးကြေညာချက်
ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on July 23, 2025
ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on July 23, 2025
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း