လယ်ဝေးမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖော်ထုတ် ဖမ်းဆီး


Ministry of Home Affairs/ Naypyitaw / May 11, 2025


     တိုင်းဒေသကြီး/ ပြည်နယ်များ၌ အထောက်အထားမဲ့ မော်တော်ယာဉ်များ ဖမ်းဆီးအရေးယူ နိုင်ရေးဆောင်ရွက်လျက်ရှိရာ လယ်ဝေးမြို့နယ်၊ စစ်ကိုင်းမြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ် ၅ စီးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ မေ ၉ ရက် ည ၉ နာရီတွင် နေပြည်တော်ပြည်ထောင်စုနယ်မြေ၊  လယ်ဝေးမြို့နယ်၊ တောင်စဉ်အေးပူးပေါင်းစစ်ဆေးရေးဂိတ်၌ သာဝတ္ထိနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ယင်းမာပင်မြို့နယ်၊ ညောင်ပင်သာ ရပ်ကွက်နေ ခင်မောင်ဇော် (၄၅)နှစ် မောင်းနှင်လာသည့် MDY-16 4M-XXXX HONDAFIT SHUTTLE မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ခင်မောင်ဇော်အား သာဝတ္ထိနယ်မြေ ရဲစခန်း၌လည်းကောင်း၊ 
     အလားတူ မေ ၉ ရက် ညပိုင်းတွင် အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့၊ ပန်းပဲတန်းရပ်ကွက်ရှိ အသင်္ခယာစောယွန်းအဝိုင်းနှင့် ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တို့၌ ယာဉ်စစ်ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ မန္တလေးမြို့ဘက်မှ စစ်ကိုင်းမြို့ဘက်သို့ တံတားဦးမြို့နယ်၊ အုန်းပင်ကျေးရွာနေ မျိုးလှိုင်ဝင်း (၂၉)နှစ် မောင်းနှင်လာသည့် MDY RLG-XXXX Nissan AD Van အဖြူရောင်မော်တော်ယာဉ်၊ တံတားဦးမြို့နယ်၊ လာဘ်ဦးကုန်းကျေးရွာနေ ဝင်းပိုင်(၄၅)နှစ် မောင်းနှင်လာသည့် MDY RLG-XXXX Nissan AD Van အဖြူရောင်မော်တော်ယာဉ်နှင့် ကလေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်နေ ဇာနည်ဌေးအောင် (၄၄)နှစ် မောင်းနှင်လာသည့် YGN-21 6L-XXXX HONDAFIT SHUTTLE အဖြူရောင် မော်တော်ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း သိရှိရသဖြင့်  မျိုးလှိုင်ဝင်း၊ ဝင်းပိုင်နှင့် ဇာနည်ဌေးအောင်တို့ သုံးဦးအား စစ်ကိုင်းမြို့မရဲစခန်း၌လည်းကောင်း၊
     အလားတူ မေ ၁၀ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၊ ရပ်ကွက်(၄)၊ ဗိုလ်ချုပ်လမ်းနှင့် နောင်ဖာလမ်းဆုံ၌ တန့်ယန်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် နောင်ဖာ ကျေးရွာဘက်မှ တန့်ယန်းမြို့ဘက်သို့ လားရှိုးမြို့၊ နားမခေါ်ကျေးရွာနေ နှင်းမောင် (၂၆)နှစ် မောင်းနှင် လာသည့် 7J-XXXX Alphard ခဲရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ မော်တော်ယာဉ်နှင့် ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် နှင်းမောင်အား တန့်ယန်းမြို့မရဲစခန်း၌လည်းကောင်း ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ-၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

Ministry of Foreign Affairs / Posted on May 09, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on May 03, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023