သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ (Fresher Welcome) အခမ်းအနားကျင်းပ
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ (Fresher Welcome) အခမ်းအနားကျင်းပ
Ministry of Cooperatives and Rural Development/ Naypyitaw / January 07, 2026
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲ(Fresher Welcome) ပထမပိုင်းအခမ်းအနားကို ၆-၁-၂၀၂၆ ရက်နေ့၊ နံနက် ၁၀ နာရီ အချိန်တွင် ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်မှ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ပထမဦးစွာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်တွင်တက်ရောက် ပညာသင်ကြားခွင့်ရခဲ့ကြသည့် မောင်မယ်သစ်လွင်များအား အမိတက္ကသိုလ်မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါကြောင်းနှင့် တက္ကသိုလ်၏ နောက်ခံသမိုင်းကြောင်း အကျဉ်းချုပ်ကို မောင်မယ်သစ်လွင်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ အနာဂတ်ကာလ ဖွံ့ဖြိုးတိုးတက်သည့်တိုင်းပြည် တည်ဆောက်ရေးကဏ္ဍမှာ ပညာအရည်အချင်း ပြည့်စုံရုံသာမက ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အထကောင်းရှိသည့် အပြုသဘော ဆောင်ပြီး ကောင်းမွန်သောစိတ်ရှိသည့် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်၍ ပညာပြည့်ဝ နှလုံးလှသည့် နိုင်ငံ့အကျိုးပြု လူသားအရင်းအမြစ်များ ဖြစ်စေဖို့ ဤတက္ကသိုလ်မှ ဆရာ၊ ဆရာမများက ပြုစုပျိုးထောင် မွေးထုတ်ပေးမှာဖြစ်သလို မောင်မယ်သစ်လွင်များအနေနှင့်လည်း မိမိတို့ကိုယ်တိုင် ထူးချွန်ထက်မြက်သော လူမှုအဖွဲ့အစည်း အထောက်အကူပြု လူသားအရင်းအမြစ်များဖြစ်စေရန် ကြိုးစားတည်ဆောက်ကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ မောင်မယ်သစ်လွင်များသည် မျိုးဆက်သစ် လူငယ်များအနေဖြင့် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှနေပြီး နိုင်ငံတော်ကို လက်တွေ့အကျိုးပြုကြဖို့ တိုက်တွန်းမှာကြားရင်း နှုတ်ခွန်းဆက်သခဲ့ပါသည်။ ထို့နောက် သင်တန်းရေးရာဌာန၊ ဌာနမှူးမှ တက္ကသိုလ် စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး မောင်မယ်သစ်လွင်များအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ စီမံဌာနမှူးများ၊ ဘာသာရပ်တာဝန်ခံများ၊ မော်ကွန်းထိန်း၊ လက်ထောက်မော်ကွန်းထိန်း၊ စာကြည့်တိုက်မှ တာဝန်ရှိသူများ၊ စီမံ၊ ဘဏ္ဍာ၊ အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူများ၊ ပထမနှစ်သင်ကြားသည့် ဆရာ၊ ဆရာမများနှင့် မိတ်ဆက်ပေးခဲ့ပါသည်။ ဆက်လက်၍ ထူးချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခဲ့ပြီး ပထမပိုင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။
၎င်းနောက် ဒုတိယပိုင်းအခမ်းအနားတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်များနှင့် တစ်ဦးချင်းစီ မိတ်ဆက်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ တိုင်းရင်းသားရိုးရာအကများဖြင့်ဖျော်ဖြေခြင်း နှင့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြပြီး UCMT မောင်မယ်သစ်လွင်ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်အနေဖြင့် Project K အဖွဲ့မှ လာရောက်သီဆိုဖျော်ဖြေခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင် ဆင်နွှဲခဲ့ကြပါသည်။ ထို့နောက် UCMT King၊ Queen နှင့် UCMT People Choice ရရှိသူ မောင်သစ်လွင်၊ မယ်သစ်လွင်များအား ဆုချီးမြှင့်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်(သင်ကြား)၊ သင်ကြား/စီမံဌာနမှူးများ၊ ဘာသာရပ် တာဝန်ခံများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ (၂၀၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။
Announcement
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ
Ministry of Information / Posted on January 08, 2026
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အား မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်
Ministry of Information / Posted on January 08, 2026
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း
Ministry of Information / Posted on January 08, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း
