သီပေါမြို့နယ်အတွင်း၌ အခြေခံပညာကျောင်း သုံးကျောင်း ထပ်မံဖွင့်လှစ်၊ ဒေသခံပြည်သူများအား အိမ်ထောင်စုစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆက်လက်ပြုလုပ်ပေး


Ministry of Information/ Naypyitaw / October 30, 2025
image_latest


နေပြည်တော် အောက်တိုဘာ ၃၀

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နှင့် အနီးတစ်ဝိုက်၌ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပြန်လည် လည်ပတ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေးနှင့် ဒေသခံပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးတို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ အမှတ် (၆) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) နှင့် အမှတ် (၃) အခြေခံပညာမူလတန်းကျောင်းတို့ကို ထပ်မံဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရှိရသည်။

သီပေါမြို့၌ အောက်တိုဘာ ၂၂ ရက်မှ ၂၉ ရက်အထိ အခြေခံပညာကျောင်း ၈ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီး ယနေ့တွင် အခြေခံပညာကျောင်း ၃ ကျောင်း ထပ်မံဖွင့်လှစ်နိုင်ခဲ့သဖြင့် စုစုပေါင်း အခြေခံပညာကျောင်း ၁၁ ကျောင်းဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် ကျောင်းနေအရွယ်ကလေးများအား တန်းစဉ်အလိုက် ကျောင်းအပ်လက်ခံလျက်ရှိရာ ယနေ့တွင် ကျောင်းသား၊ ကျောင်းသူ ၁၈၃ ဦး ထပ်မံလာရောက်ကျောင်းအပ်နှံခဲ့သဖြင့် စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၂၁၇၁ ဦးအထိရှိပြီဖြစ်ပြီး အဆိုပါကျောင်းသား၊ ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနမှအခမဲ့ ပေးအပ်သည့် ကျောင်းသုံးစာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်း ပေးအပ်ကြသည်။ ထို့ပြင် တပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သီပေါမြို့ရှိ အခြေခံပညာမူလတန်းကျောင်း (စံဖိတ်) ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြသည်။

၎င်းအပြင် သီပေါမြို့ ပြည်သူ့ဆေးရုံကြီး၌ ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ပြင်ပလူနာ ၃၂ ဦးနှင့် အတွင်းလူနာ ၂ ဦးတို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများက သီပေါမြို့၊ ကုန်းတော်ပရိယတ္တိစာသင်တိုက်၌ ယာယီရုံးခွဲဖွင့်လှစ်၍ အိမ်ထောင်စုစာရင်း တိုက်ဆိုင်စစ်ဆေးပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေးခြင်းတို့ကို ဆက် လက်ဆောင်ရွက်ပေးလျက်ရှိသည်။

၎င်းအပြင် တပ်မတော်မိုင်းရှင်းလင်းရေးအဖွဲ့က သီပေါမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိပြီး တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာလူမှုစီးပွားဘဝလုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၁ ရက် ၊ အောက်တိုဘာ ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ October 31, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၁၀ ရက် ၊ အောက်တိုဘာ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ October 30, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ October 29, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသတင်းကြေညာချက်

Ministry of Information / Posted on October 30, 2025

၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၅ ခုနှစ်၊ (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာလ (၁၇) ရက်နေ့မှ (၂၆) ရက်နေ့အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို...

မာရဝိဇရဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့်နေ့ရက်အား ကြေညာခြင်း

Naypyitaw Development Committee / Posted on October 29, 2025

မာရဝိဇရဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည့်နေ့ရက်အား ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023