အကျဉ်းထောင်/စခန်းအသီးသီးတွင် ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေး စစ်ဆေးကုသ စောင့်ရှောက်ပေးမှုနှင့် ကျန်းမာရေးမှူးများမှ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများ ကျင်းပ
အကျဉ်းထောင်/စခန်းအသီးသီးတွင် ပြင်ပကျန်းမာရေးအဖွဲ့များမှ ကျန်းမာရေး စစ်ဆေးကုသ စောင့်ရှောက်ပေးမှုနှင့် ကျန်းမာရေးမှူးများမှ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများ ကျင်းပ
Ministry of Home Affairs/ နေပြည်တော် / November 22, 2025
အကျဉ်းဦးစီးဌာနကွပ်ကဲမှုအောက်ရှိ အကျဉ်းထောင်/စခန်းအသီးသီးတွင် ကျန်းမာရေးဦးစီး ဌာနနှင့် ပြင်ပကျန်းမာရေးအဖွဲ့များ ပူးပေါင်း၍ လစဉ်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ကင်းသာ(၁)ကုန်ထုတ်စခန်းရှိ အကျဉ်းသား ၁၅၀ ဦး၊ နိုဝင်ဘာ ၁၃ ရက်တွင် ကင်းသာ(၂)ကုန်ထုတ်စခန်းရှိ အကျဉ်းသား ၂၂၈ ဦးတို့အား တပ်ကုန်းမြို့နယ်၊ ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံမှ ဒုတိယညွှန်ကြားရေးမှူး(ဆေးရုံအုပ်) ဒေါက်တာ ညွှန့်ရွှေအောင် ဦးဆောင်သော အဖွဲ့ဝင် ၂၀ ဦးတို့မှ HIV၊ တီဘီ၊ ကာလသားရောဂါပိုးစစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။
အလားတူ နိုဝင်ဘာ ၁၃ ရက်တွင် မကွေးတိုင်းဒေသကြီး၊ သရက်အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၁,၀၂၄ ဦး၊ အချုပ်သား၊ အချုပ်သူ ၂၀ ဦးတို့အား တိုင်းဒေသကြီးတီဘီနှင့် အနာကြီးရောဂါတိုက်ဖျက်ရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ အောင်မျိုးဦး ဦးဆောင်သော အဖွဲ့ဝင် ၁၀ ဦးတို့မှ တီဘီရောဂါ ရှာဖွေစစ်ဆေးခြင်း၊ အနာကြီးရောဂါရှာဖွေကုသမှု ပေးခြင်း၊ ကျန်းမာရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့အတူ နိုဝင်ဘာ ၁၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၃၁ ဦးတို့အား သာယာဝတီခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ် ဒေါက်တာ စုလှိုင်ထွေး၊ လက်ထောက်ဆရာဝန် ဒေါက်တာ ခွာညိုသင်း၊ သွားဆရာဝန် ဒေါက်တာ ဇင်မိုးဝါနှင့် သွားဘက်ဆိုင်ရာသူနာပြု ဒေါ်စုစုလှိုင်တို့ ဦးဆောင်သောအဖွဲ့ဝင် ၄ ဦးမှ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့အတူ နိုဝင်ဘာ ၂၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးအကျဉ်းထောင်မှ အကျဉ်းသား၊ အချုပ်သား ၁၀၇ ဦးတို့အား ခန္တီးခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးလင်းအောင် ဦးဆောင်သော အဖွဲ့ဝင် ၅ ဦးတို့မှ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲများပြုလုပ်ခြင်းနှင့် အကျဉ်းသား၊ အကျဉ်းသူ ၁၀၀ ဦးအား HIV ရောဂါပိုး ရှိ/မရှိ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၃ ရက် ၊ နိုဝင်ဘာ ၂၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ November 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
Ministry of Ethnic Affairs / Posted on November 21, 2025
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးအဆင့်ရာထူး(၁၁)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Myanmar National Human Rights Commission / Posted on November 20, 2025
Myanmar National Human Rights Commission Statement No (14/ 2025)
Myanmar National Human Rights Commission / Posted on November 20, 2025
