ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြပညာရေးဒီဂရီကောလိပ်တွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်


Ayeyarwaddy Region Government/ ပုသိမ် / December 11, 2025


ပုသိမ် ဒီဇင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ခဲ့သည်။

ဦးစွာ အခမ်းအနားကို သင်တန်းသား၊ သင်တန်းသူများက “ ပွင့်ဖူးဝေဆာ ကျောင်းတော် သာ”သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံဝန်ထမ်းသစ္စာအဓိဋ္ဌာန်(၆)ချက်နှင့် ဆရာများခံယူအပ်သော သစ္စာအဓိဋ္ဌာန်(၆)ချက်တို့ကို ရွတ်ဆိုပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီး အတွင်းရှိ ပုသိမ်ပညာရေးဒီဂရီကာလိပ်၊ မြောင်းမြပညာရေးဒီဂရီကာလိပ်နှင့် ဘိုကလေးပညာရေး ဒီဂရီကာလိပ်တို့သည် ဧရာဝတီတိုင်းဒေသကြီး၏ ပညာရေးကဏ္ဍအတွက် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များစွာကို မွေးထုတ်ပေးနေသော ကျောင်းတော်ကြီးများဖြစ်ပြီး ဆရာ၊ ဆရာများ၏ အရည်အသွေးမြင့်မားအောင် မြှင့်တင်နေခြင်းလည်းဖြစ်ပါကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် ပညာရေးကဏ္ဍအတွက် ရုပ်ပိုင်းဆိုင်ရာ၊ နည်းပညာပိုင်းဆိုင်ရာများကို ပြည့်စုံအောင်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွက် အားထား ရသည့် ဆရာ၊ ဆရာများဖြစ်လာကြမည့် မောင်တို့မယ်တို့အား ရင်းနှီးနွေးထွေးစွာ ကြိုဆိုခြင်း ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် အနာဂတ်တွင် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်လူရွယ်များကို ပြုစုပျိုးထောင် မည့် သူများဖြစ်၍ အမြဲမပြတ်လေ့လာသင်ယူကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား သိသင့်သိထိုက် တတ်သင့်တတ်ထိုက်သည့် အတတ်ပညာများကို သင်ကြားပေးနိုင်ရန်လည်း ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် မြေခံရေခံကောင်းမွန်ပြီး လူ့စွမ်းအားအရင်းအမြစ်များပေါများကာ ပညာရေးကိုလိုလားသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိမိတို့၏ တပည့်များအားသင်ကြားပေးရမည့် ဆရာ၊ ဆရာများသည် ထူးထူးချွန်ချွန် ထက်ထက်မြက်မြက်ဖြစ်အောင် ဦးစွာကြိုးစားသင်ယူလေ့လာကြရမည်ဖြစ် ပါကြောင်း၊ နိုင်ငံတော်နှင့်တိုင်းဒေသကြီးအတွက် အားကိုးအားထားပြု နိုင်သည့် ဆရာ၊ ဆရာမများ ဖြစ်စေရေးကြိုးစားကြရန်လိုအပ်သကဲ့သို့ ဗလငါးတန်နှင့်ပြည့်စုံသည့်လူငယ်လူရွယ် များဖြစ်အောင် ပြုစုပျိုးထောင်နိုင်ကြသည့် ဆရာ၊ ဆရာမများဖြစ်ကြပါစေကြောင်း” တိုက်တွန်း အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်အား မြောင်းမြပညာရေးဒီဂရီ ကောလိပ် တွင် တက်ရောက်သည့် ပထမနှစ်ကျောင်းသား၊ ကျောင်းသူများက မြို့နယ်အလိုက် မိတ်ဆက်ခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က မြောင်းမြပညာရေးဒီဂရီကောလိပ် အတွက် ချီးမြှင့်ငွေများပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြပညာရေးဒီဂရီကောလိပ်အတွင်း (၂၁၀ပေ x ၁၀၆ပေ) RC ၃ထပ်ပင်မကျောင်းဆောင်၊ (၁၄၀ပေ x ၆၀ပေ) RC၂ထပ် စားရိပ်သာနှင့် (၁၂၀ပေ × ၅၀ပေ) RC ၁ထပ်ခွဲဘွဲ့နှင်းသဘင်ခန်းမ တည်ဆောက်ခြင်းလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့် အရည်အသွေးပြည့်မီရေးအပြင် သတ်မှတ် ကာလအတွင်း ပြီးစီးစေရေးအတွက် လူအင်အား၊ စက်အင်အားဖြင့် ဆောင်ရွက်ရန်မှာကြား ခဲ့သည်။ ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ရင်းရင်းနှီးနှီး နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့၊ ဘုရားငုတ္တိုရှမ်းစု ကျေးရွာ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်း ၉၀ပေ×၃၀ပေ တစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူ များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကာ ဘင်ခရာအဖွဲ့၊ ပန်းပွားကအဖွဲ့၊ ဒုံးယိမ်းအကအဖွဲ့၊ ဦးရွှေရိုးနှင့် ဒေါ်မိုး အကအဖွဲ့များကို ဆုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ ကျောင်းဆောင်သစ်အား တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပညာရေး ဝန်ကြီးဌာနသို့ ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကျောင်းဆောင်သစ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ဖျော်ဖြေရေးအဖွဲ့များနှင့် ဘင်ခရာအဖွဲ့၏ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက်၊ ဒီဇင်ဘာ ၁၃ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ December 13, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 12, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 11, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Ministry of Information / Posted on December 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023