(၁၀၆) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကျင်းပ စွမ်းရည်မြင့်မားဝင်ငွေတိုးပွား အောင်မြင်နေသောကျေးရွာသစ်များ ခေါင်းစဉ်ဖြင့် ဆွေးနွေး


Ministry of Information/ Naypyitaw / March 15, 2026
image_latest


နေပြည်တော် မတ် ၁၄

စိုက်ပျိုးသူ တောင်သူလယ်သမားများအား သုတနှင့်နည်းပညာပြန့်ပွားစေရေးရည်ရွယ်၍ တောင်သူနည်းပညာဆွေးနွေးပွဲကို အပတ်စဉ်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် (၁၀၆)ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးသုတေသနဦးစီးဌာန နဝရတ်ခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပြီး သုတေသီများ၊ စိုက်ပျိုးရေးပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ ဆရာ ဆရာမများ၊ တိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးမှ စိုက်ပျိုးရေးပညာရှင်များနှင့် တောင်သူများက အွန်လိုင်း ဖြင့် တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတိုးတက်ထွန်းကားရန်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း ကို စံပြကျေးရွာ ၂၅၀ တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များကို တိုးမြှင့်ထုတ်ကုန် များထုတ်လုပ်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ပြီး ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးအသွင်ဖြင့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းများကို ဆန်းသစ်တီထွင်ပြီး ဆောင်ရွက်နိုင်ရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး သုတေသနဌာန၊ စိုက်ပျိုးရေးတက္ကသိုလ်တို့မှ စိုက်ပျိုးရေးဦးစီးဌာနနှင့်အတူ ပံ့ပိုးကူညီပေးရေးဆောင်ရွက်ပြီး နည်းပညာပြန့်ပွားရေး လုပ်ငန်းများအတွက် ဤစံပြကျေးရွာ ၂၅၀ မှတစ်ဆင့် တိုးချဲ့၍ စိုက်ပျိုးရေးဦးစီးဌာနမှ ထိရောက်စွာဆောင်ရွက်ရေးနှင့် လိုအပ်သောအသိပညာနှင့် နည်းပညာများကို ပံ့ပိုးရေးလုပ်ငန်းများတွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က ကူညီဆောင်ရွက်ရန် လိုအပ်သည့် အနာဂတ်ကာလတွင်ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးမှသည် စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအထိ အလေးထားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

စိုက်ပျိုးပညာပေး ဝန်ထမ်းများအနေဖြင့် ယနေ့ခေတ်ကာလနှင့်လျော်ညီစွာ တောင်သူများအား AI နည်းပညာများ သင်ကြားပေးခြင်းအပြင် Zoom Application ကိုအသုံးပြု၍ သင်တန်းများ၊ ဆွေးနွေးပွဲများ တက်ရောက်နိုင်စေရန် Zoom အသုံးပြုနည်းကို တတ်မြောက်အောင် သင်ကြားပေးရန်၊ လူမှုကွန်ရက်မီဒီယာကိုအသုံးချပြီး ထိရောက်စွာပညာပေးခြင်းတို့ကို တိုးမြှင့်ဆောင်ရွက်ပေးသင့်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်ဒေသလူမှုစီးပွားဘဝတိုးတက်ရေးအတွက် ယခုဆွေးနွေးပွဲမှရရှိသော နည်းပညာများနှင့် အတွေ့အကြုံများကို လက်တွေ့လယ်ယာလုပ်ငန်းများတွင် အသုံးချဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးထုတ်လုပ်မှု တိုးတက်လာစေရန်နှင့် တောင်သူများ၏ ဝင်ငွေတိုးပွားရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်တိုက်တွန်းပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူက “စွမ်းရည်မြင့်မား ဝင်ငွေတိုးပွားအောင်မြင်နေသော ကျေးရွာသစ်များ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 17, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 16, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ March 15, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Ministry of Information / Posted on March 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Ministry of Information / Posted on March 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Video