(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲကျင်းပခြင်း
(၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းမိသားစု အားကစားပြိုင်ပွဲကျင်းပခြင်း
Office of the Auditor General of the Union/ NPT / January 07, 2026
၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက်လွတ်လပ်ရေး နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းမိသားစုအားကစား ပြိုင်ပွဲများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၇:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်းရှေ့ ရင်ပြင်ကျယ်၌ ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦး တက်ရောက် အားပေး၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။
အားကစားပြိုင်ပွဲ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေပြီး လွတ်လပ်ရေးကို အမြတ်တနိုးတန်ဖိုးထားတတ်စေရန်၊ တစ်မျိုးသားလုံးသက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားမြှင့်တင်ရေး ကို အထောက်အကူပြုစေရန်၊ ကျန်းမာကြံ့ခိုင်သော ရုံးဝန်ထမ်းများဖြစ်စေရန်၊ ဝန်ထမ်းများ အားလုံးစည်းလုံးညီညွတ်စွာဖြင့် စုပေါင်းဆောင်ရွက်စေသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် အားကစားစိတ်ဓာတ်များရှင်သန်နိုးကြားစေရန်ရည်ရွယ်၍ ယခုအားကစား ပြိုင်ပွဲကိုကျင်းပရခြင်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများမှ အားကစားနည်းအလိုက်သတ်မှတ် စည်းမျဉ်း၊ စည်းကမ်းများအတိုင်းလိုက်နာ၍ စနစ်တကျ ပျော်ရွှင်စွာပါဝင်ဆင်နွှဲကြရန်လိုအပ်ပါကြောင်း၊အနိုင်အရှုံးသည်အဓိကမကျဘဲ နိုင်သူလည်းပြုံး၊ ရှုံးသူလည်းပျော်နှင့်ချစ်ကြည်ရင်းနှီးမှုပိုစေခြင်း၊ ဝန်ထမ်းများအားလုံး စည်းလုံးညီညွတ်စွာဖြင့် လွတ်လပ်ပေါ့ပါး၍ ပျော်ရွှင်စေခြင်းများရရှိနိုင်မည်ဟု မျှော်လင့်ပါကြောင်းပြောကြားခဲ့သည်။
အားကစားပြိုင်ပွဲတွင် အာလူးကောက်ပြိုင်ပွဲ၊ ကြက်ဥဇွန်းကိုက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ၊ မီတာ ၅၀ အပြေးပြိုင်ပွဲ၊ ဆန်ကောရွက်ပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲ၊ ခြေပူးပြိုင်ပွဲ ၊ မီတာ ၂၀၀ လက်ဆင့်ကမ်းအပြေးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ စသည့် အားကစားနည်းစုံလင်စွာဖြင့် ပွဲစဉ်အလိုက်ကျင်းပကာ ပြိုင်ပွဲဝင်များက အနိုင်မခံအရှုံးမပေး သည့် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ဇွဲမလျှော့တမ်း အားကြိုးမာန်တက် ပါဝင်ယှဉ်ပြိုင် ကြပြီး တာဝန်ရှိသူများနှင့် ဝန်ထမ်းမိသားစုများက သောင်းသောင်းဖြဖြ အားပေးခဲ့ကြသည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယ စာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲအမျိုးအစား အလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုများချီးမြှင့်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင် များအားလုံးကို နှစ်သိမ့်ဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါအားကစားပြိုင်ပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်အတူ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲဝင်များ၊ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ ပျော်ရွှင်စွာ တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြသည်။
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက် ၊ ဇန်နဝါရီ ၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ January 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ January 07, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Ministry of Information / Posted on January 08, 2026
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ
Ministry of Information / Posted on January 08, 2026
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အား မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်
Ministry of Information / Posted on January 08, 2026
မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်
