ချင်းပြည်နယ်၊ ဟားခါးမြို့အနီး CDF အမည်ခံ အကြမ်းဖက်သမားများက ဒေသခံခရီးသွား ပြည်သူများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၁ ဦး သေဆုံး၊ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိ


Ministry of Information/ Naypyitaw / August 12, 2022
image_latest


နေပြည်တော် ဩဂုတ် ၁၂

ချင်းပြည်နယ်၊ ဟားခါးမြို့အနီး CDF အမည်ခံအကြမ်းဖက်သမားများက ခရီးသွားပြည်သူများအား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ယနေ့တွင် အပြစ်မဲ့ ပြည်သူအမျိုးသမီး ၁ ဦးသေဆုံးပြီး  အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ လက်နက်ငယ် ကျည်ထိမှန်ဒဏ်ရာများဖြင့် လူနာများ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စိစစ် ဖော်ထုတ်ခဲ့ရာ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်နေ ဦးကောလျန်(ဘ) ဦးလာတင်ဟုတ်သည် ၎င်း၏ ဇနီးဖြစ်သူ  ဒေါ်ရှန်းနမ်ကျဲရ်(ဘ) ဦးတွောင်လိန်းဆုန်နှင့်  ညီဖြစ်သူ ဦးကပ်ထန်ဟရဲ(ဘ) ဦးလာတင်ဟုတ် တို့လိုက်ပါ၍ ဟားခါးမြို့မှ Landcruiser  အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 2B/------- ဖြင့် ရန်ကုန်မြို့သို့ သွားရောက်စဉ် ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် ဟားခါးမြို့၏ အထွက် ၄ မိုင်ခန့် အကွာသို့ အရောက်၌ CDF အမည်ခံအကြမ်းဖက်သမားများ မော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒေါ်ရှန်းနမ်ကျဲရ်မှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့ပြီး ဦးကောလျန်နှင့် ဦးကပ်ထန်ဟရဲတို့ ၂ ဦးတွင် လက်နက်ငယ် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဟားခါးမြို့ ပြည်သူ့ဆေးရုံသို့ တက်ရောက်ဆေးကုသမှု ခံယူခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ ခရီးသွားပြည်သူများအပေါ် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့သည့် CDF အမည်ခံအကြမ်းဖက်သမားများအား တိုင်းရင်းသားပြည်သူများအနေဖြင့် ရွံရှာမုန်းတီးလျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

Announcement

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023