ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား
ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများ လျှောက်ထား
Ministry of Religious Affairs & Culture/ Naypyitaw / May 06, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ တာဝန်ရှိသူများနှင့်အတူ ၃-၅-၂၀၂၄ ရက်နေ့၊ နံနက် ၉ နာရီတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ကျောင်းဆောင်တွင် ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တ ကေသရအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။
ပြည်ထောင်စုဝန်ကြီးက ပိဋကတ်သုံးပုံပါဠိတော် အဋ္ဌကထာ ၅၁ အုပ်ကို ဆဋ္ဌမူအတိုင်း ကွန်ပျူတာစာမူဆောင်ရွက်နေမှုအခြေအနေ၊ သတ်မှတ်ကာလအတွင်း အဋ္ဌကထာ ကွန်ပျူတာစာမူ စာအုပ်များထုတ်ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ မြန်မာနိုင်ငံတစ်ဝန်းရှိ တန်ခိုးကြီးအထင်ကရ ဘုရားစေတီများ၌ ဘုရားစေတီတော်သမိုင်းဆိုင်ရာ အချက်အလက်များ၊ ဗုဒ္ဓဖြစ်တော်စဉ် ဗုဒ္ဓဝင်၊ ဗုဒ္ဓအဆုံးအမများ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၏ ဩဝါဒများ၊ ဗုဒ္ဓသာသနာတော်ဆိုင်ရာ ထွန်းကားပြန့်ပွားရေး ဆောင်ရွက်နေမှုများကို တစ်နေရာတည်းတွင် အလွယ်တကူ ကျောင်းသား ကျောင်းသူ လူငယ်များ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအပေါင်း၊ လေ့လာလိုသူများ ကြည်ရှုလေ့လာ နိုင်ရန်(Pagoda Digital Directory) ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ လျှောက်ထား တင်ပြရာ ပါမောက္ခချုပ်ဆရာတော်က အဋ္ဌကထာစာအုပ် ၅၁ အုပ် အမြန်ရိုက်နိုင်ရေးအတွက် အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သက်ဆိုင်ရာဌာနများသို့ ညှိနှိုင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဩဝါဒပေးခဲ့သည်။
ထို့နောက် ပါမောက္ခချုပ်ဆရာတော်ကြီးအား ပြည်ထောင်စုဝန်ကြီးက လှူဖွယ်ဝတ္ထုပစ္စည်း များနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း ဖော်ပြအပ်ပါသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
Newspaper
၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 18, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 17, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
DownloadAnnouncement
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေနှင့်အညီ စာအုပ်စာစောင်များပေးအပ်ရန် အသိပေးကြေညာချက်
Ministry of Information / Posted on May 18, 2024
၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့် စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ...
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း
Naypyitaw Development Committee / Posted on May 16, 2024
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကန့်ကွက်နိုင်ကြောင်း ကြော်ငြာခြင်း
အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on May 16, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ဦးအောင်ကျော်မိုးအား အမြဲတမ်းအတွင်းဝန်/ ညွှန်ကြားရေးမှူးချုပ်တာဝန်များကို ထမ်းဆောင်ရန် တာဝန်ပေးအပ်လိုက်သည်။