ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄) ခုနှစ် အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / May 08, 2024
image_latest


နေပြည်တော် မေ ၇

ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် (၂၀၂၄) ခုနှစ် (World Immunization Week) အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ပျဉ်းမနားမြို့နယ် မင်္ဂလာဗျူဟာ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဗဟိုတိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ ညွှန်ကြားရေးမှူး၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ ပါမောက္ခဆရာဝန်ကြီးများနှင့် အထူးကုဆရာဝန်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ကာကွယ်ဆေးထိုးနှံမည့် ကလေးများနှင့်မိခင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ယခုနှစ်ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရေး ရက်သတ္တပတ်အခမ်းအနား၏ဆောင်ပုဒ်မှာ “ကလေးများအနာဂတ်လှပဖို့ လူတိုင်းပါဝင်ဆောင်ရွက်လို့ ကာကွယ်ဆေးဖြင့်အသက်ကယ်စို့ ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းဖြင့် ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသောရောဂါများကြောင့် သေဆုံးမှုကိုလျှော့ချပြီး ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းဖြင့် ကလေးများ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

မှတ်တမ်းဗီဒီယိုကိုပြသ

ထို့နောက် ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ်အထိမ်းအမှတ် ကာကွယ်ဆေးထိုးလုပ်ငန်းများနှင့်ပတ်သက်သည့် မှတ်တမ်းဗီဒီယိုကိုပြသသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသည့် အသက် (၅) နှစ်အောက်ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ကြည့်ရှုအားပေးပြီး လက်ဆောင်ပစ္စည်းများနှင့် အာဟာရဖြစ်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြသည်။

ယမန်နေ့ နံနက်ပိုင်းက Public Transportation နှင့် နေပြည်တော်အတွင်း EV Bus ကားများပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က နိုင်ငံတော်အစိုးရအနေဖြင့် သယ်ယူပို့ဆောင် ရေးလုပ်ငန်းများအတွက် နိုင်ငံခြားမှဝယ်ယူတင်သွင်းနေရသည့် လောင်စာဆီများ လျော့နည်းသက်သာစေရန်နှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းကာကွယ်နိုင်ရန်၊ လောင်စာဆီစွမ်းအားနှင့် အသုံးပြုနေသည့် မော်တော်ယာဉ်များ အစားလျှပ်စစ်စွမ်းအားသုံးယာဉ် (EV) များကို အစားထိုးအသုံးပြုနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် နေပြည်တော်အတွင်းရှိ Public Transportation ဆောင်ရွက်နေသည့် လက်ရှိအခြေအနေများနှင့် လျှပ်စစ်စွမ်းအားသုံးယာဉ် EV Bus ကားများဖြင့် ပြေးဆွဲပေးနိုင်မည့် အခြေအနေများကို တင်ပြဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။

ဆွေးနွေးတင်ပြ

ထို့နောက် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်က EV Bus မော်တော်ယာဉ်လိုင်း ပြေးဆွဲရန် Pilot Project ရေးဆွဲခဲ့မှုနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ပို့ဆောင် ရေးစီမံကိန်းဦးစီးဌာန၊ နေပြည်တော် မော်တော်ယာဉ်လုပ်ငန်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မြို့တွင်း)၊ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ၊ အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ (စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန) တို့မှ တာဝန်ရှိသူများက နေပြည်တော်အတွင်းရှိ Public Transportation အတွက် လမ်းကြောင်းများ လျာထားဆောင်ရွက်ထားရှိသည့် အခြေအနေများနှင့် လျှပ်စစ်သုံး EV Bus ကားများဖြင့် ပြေးဆွဲပေးနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ စိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးသိပ္ပံ၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်း၊ နည်းပညာတက္ကသိုလ်၊ Naypyitaw State Academyတို့မှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် နေပြည်တော်ပညာရေးမှူးတို့က ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရောက်၍ ပညာသင်ကြားနေမှုအခြေအနေများနှင့် ယာဉ်လိုင်းများပြေးဆွဲပေးရန် လိုအပ်မှုအခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားသည်။

သတင်းစဉ်

Newspaper - 2758 items

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download