ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ရပ်ဝေးဒေသများမှကျောင်းသား၊ ကျောင်းသူ များအား စာရေးကိရိယာများနှင့်ရေသန့်စက်များ ထောက်ပံ့


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 29, 2023


ဘားအံ - မေ (၂၉)

ကရင်ပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်နှင့်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ မေလ ၂၉ ရက်နေ့ နံနက်ပိုင်းက အင်ကြင်းဖိုဘုန်းတော်ကြီး သင်ပညာရေးကျောင်း၊ ဇမ္ဗူမြိုင်သီလရှင်စာသင်တိုက်နှင့် ကရင်ကျောင်းသားများရိပ်သာတို့တွင် ပညာသင်ကြားရန် ရောက်ရှိနေကြသော ရပ်ဝေးဒေသများမှ ကျောင်းသား၊ကျောင်းသူများအား တွေ့ဆုံ၍ စာရေးကိရိယာများနှင့်ရေသန့် စက်များကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ တော်ပုံကျေးရွာ၊ အင်ကြင်းဖိုတိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တမဟိန္ဒအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထား တင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကာ အင်ကြင်းဖိုဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ ပညာသင်ကြားရန်ရောက်ရှိနေသော ရပ်ဝေးဒေသများမှ မူလတန်းမှအထက်တန်းထိ ကျောင်း သား၊ကျောင်းသူ ၁၇၁ ဦးအတွက် ဗလာစာအုပ်ဒါဇင် ၁၀၀၊ ခဲတံ ဒါဇင် ၅၀၊ ရေသန့်စက် နှစ်လုံး၊ စက်သုံးဆီ နှစ်ပီပါနှင့် ဘိလပ်မြေ ၃၀၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက် ဇမ္ဗူမြိုင်သီလရှင်သင်ပညာရေး ကျောင်း၌ ရပ်ဝေးဒေသများမှ ပညာသင်ကြားရန်ရောက်ရှိနေသော သီလရှင်ဆရာလေး ၁၃၀ ပါးအတွက် ဗလာစာအုပ်ဒါဇင် ၁၀၀၊ ခဲတံ ဒါဇင် ၅၀၊ ရေသန့်စက်နှစ်လုံးနှင့်ဘိလပ်မြေ ၃၀၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်သည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကရင်ကျောင်းသားများရိပ်သာ တွင် ရပ်ဝေးဒေသများမှ ပညာသင်ကြားရန်ရောက်ရှိနေသော ကျောင်းသား၊ကျောင်းသူ ၁၂၅ ဦးအတွက် ဗလာစာအုပ်ဒါဇင် ၂၀၀၊ ခဲတံ ဒါဇင် ၅၀၊ ရေသန့်စက်နှစ်လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျှက်ရှိသော ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်နှင့်အမှတ်(၇)ရပ်ကွက်တို့ကို ဆက်သွယ်ထားသော စောစံစီဖိုးလမ်းအား တစ်ဖက်လျှင် ကွန်ကရစ် ၄ ပေစီတိုးချဲ့ဆောင်ရွက်ခြင်းနှင့် ဘားအံမြို့၊ အထက(၄)လမ်းဆုံမှ ဘားအံတက္ကသိုလ်ဓမ္မာရုံထိ ကွန်ကရစ်လမ်းတစ်ဖက်လေးပေစီတိုးချဲ့ခြင်း၊ အုတ်စီရေမြောင်းနှင့်လူသွားစင်္ကြန်လမ်းပြုလုပ်ခြင်း ၇၀ ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပါသည်။

 

Newspaper - 2737 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download