ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / April 23, 2024


ဘားအံ - ဧပြီ (၂၃)

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက် ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)တွင် အလျား ၁၇၇ ပေ၊ အနံ ၃၄ ပေ၊ ၁၈၉၂၀ စတုရန်းပေရှိ အလျား ၁၇၇ ပေ အနံ ၃၄ ပေရှိ (၆)ခန်းတွဲ(၄)ထပ် RC အဆောက်အဦ တည်ဆောက် မည့် မြေနေရာအားသွားရောက်ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ တာဝန်ယူတည်ဆောက်မည့် ဆောက်လုပ်ရေး ဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)၊ ဒုတိယညွှန်ကြားရေးမှူးဦးမြင့်သူ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသ ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာကျော်စွာမြင့်နှင့်ဆေးရုံအုပ်ကြီးတို့က တည်ဆောက်မည့်မြေ နေရာ၊ အဆောက်အဦအမျိုးအစားနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေဧရိယာအတွင်း တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျစီမံခန့်ခွဲ နိုင်ရန် Master Plan ရေးဆွဲဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားကာ အဆိုပါအဆောက်အဦတည်ဆောက်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၄၊ ၆၊ ၇)ရပ်ကွက် မြို့ပတ်လမ်း ပေ(၄၀) အကျယ်လမ်းသစ်ဖောက်လုပ်ခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူ၊ ဒုတိယအင်ဂျင်နီယာမှူးကြီးဦးစိုးလွင်နှင့်တာဝန်ရှိသူများက မြို့ပတ်လမ်းသစ်ဖောက်လုပ် ရာတွင် ပါဝင်သည့်လုပ်ငန်းစဉ်များ၊ တံတားနှင့် Box Colvert များထည့်သွင်းတည်ဆောက်ရေးလုပ်ငန်းများ၊ လမ်းနှင့် မလွတ်ကင်းသည့် လူနေအိမ်၊ ခြံစည်းရိုးများအား လျော်ကြေးပေးအပ်နိုင်ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ လမ်းသစ် ဖောက်လုပ်ရာတွင် မလွတ်ကင်းသည့် ထိခိုက်နစ်နာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြား ကာ အဆိုပါလမ်းသစ်ဖောက်လုပ်မည့်မြေနေရာနှင့် ဖောက်လုပ်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ် ကော့ထမလိန်းစံပြကျေးရွာအုပ်စု၊ ပိုင်ရမ်း ကျေးရွာ၊ ကိုယ့်အားကိုကိုး ပြည်ရတနာဖြိုး မူကြိုကျောင်း စာသင်ဝိုင်းတွင် နည်းပြ၊ကြီးကြပ်များမှ အသက်(၁၅)နှစ် နှင့်အထက် သက်ကြီးစာမတတ်သူများ အခြေခံစာတတ်မြောက်ရေးအတွက် ဘာသာရပ်များအလိုက် ထိရောက်သော နည်းစနစ်များဖြင့်စေတနာအရင်းခံ၍ စိတ်အားထက်သန်စွာ သင်ကြားသင်ယူနေမှုအခြေအနေများကို ကြည့်ရှုအားပေး ပြီး တာဝန်ရှိသူများနှင့်လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက၊ အဖွဲ့ဝင်များနှင့်အတူ စိတ်ပါဝင်စားစွာ လာရောက်လေ့လာသင်ယူနေကြသည့် စာသင်သားများအား အားဖြည့်အချိုရည်များ ဝေငှပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တော်ပုံကျေးရွာတောင်စွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇဓမ္မအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက် ထားတင်ပြပြီး ငါးပါးသီလခံယူဆောက်တည်ကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကမော့ကစင်ကျေးရွာ အခြေခံပညာအထက် တန်းကျောင်း(ခွဲ) စာသင်ဝိုင်း၌ စာသင်သား ၂၁ ဦးတို့၏ သင်ကြားသင်ယူနေမှုအခြေအနေများကို သွားရောက် ကြည့်ရှုအားပေးပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ အဖွဲ့ဝင်များနှင့်အတူ စာသင်သားများကို အားဖြည့် အချိုရည်များဝေငှပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

Newspaper - 2746 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download