ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 08, 2024


ဘားအံ - မေ (၇)

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မေလ ၇ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စုရှိ ရသဝေါအင်း ကန်ပတ်လမ်းတည်ဆောက်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝင်းနိုင်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကန်ပတ်လမ်း အပိုင်း(၁) အရှည် ၇ ဒဿမ ၃ ဖာလုံအား ၁၆ ပေ အကျယ်၊အမြင့် ၄ ပေ ၉ လက်မ မြေသားတာပေါင်ဖို့ခြင်း၊ ကန်ပတ်လမ်းအပိုင်း(၂) အရှည် ၄ ဒဿမ ၇ ဖာလုံအား ၁၆ ပေ အကျယ်၊အမြင့် ၄ ပေ ၉ လက်မ မြေသားတာပေါင်ဖို့ခြင်း၊ Box Culvert (၈)စင်းတည်ဆောက်ခြင်း၊ လုပ်ငန်းအားလုံး၏ ၄၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးမှုနှင့် ရသဝေါအင်းအဝင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်မည့်အခြေအနေများကို ရှင်း လင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုက်လံကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီး နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ပြ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အများပြည်သူစွန့်ပစ်ပစ္စည်း များအား စည်းစနစ်တကျစွန့်ပစ်နိုင်ရေး ဘားအံမြို့၊ တောင်ကလေးတိုးချဲ့ကွက်သစ်ရှိ မြေဧရိယာ ၂ ဒဿမ ၆ ဧက ပေါ်တွင် ၁၄၅ ပေ၊ ၁၀၀ ပေ အကျယ်၊ အနက် ပေ ၂၀ ရှိ အမှိုက်ကျင်း ၂ ကျင်း ဆောင်ရွက်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူနှင့်တာဝန်ရှိသူများက ယခင်စွန့်ပစ် သည့်နေရာအားပိတ်သိမ်းပြီး စည်းစနစ်ကျသောအမှိုက်ကျင်း(အမှိုက်စွန့်ပစ်ရန်နေရာ)အား ဆောင်ရွက်နေမှုအခြေ အနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ် သည်များမှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေး ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေး ဝဲဘက်ရေမြောင်းပလက်ဖောင်း အရှည် ၁၇၈၀ ပေနှင့် ယာဘက်အရှည် ၁၈၅၃ ပေ ဆောင်ရွက်ပြီးစီးသည့်အခြေအနေ၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့့်် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေး ဝဲဘက် ၃၀၈၀ ပေနှင့် ယာဘက် ၃၄၀၄ ပေ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်မည့်နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာသက္ကရာဇ်(၁၃၈၆)ခုနှစ်၊ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနား ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၇ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကဆုန်ညောင်ရေသွန်းလောင်းပူဇော် ပွဲမဟာမင်္ဂလာအခမ်းအနားကို စည်ကားသိုက်မြိုက်စွာနှင့်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီ ၁၁ ခုကိုဖွဲ့စည်းပေးထားပြီး လုပ်ငန်းတာဝန်များကို ခွဲဝေပေးထားပြီးဖြစ်သည့်အတွက် နှစ်စဉ်ကျင်းပခဲ့သည့်သမိုင်း ကြောင်းအစဉ်အလာများနှင့်အညီ စည်စည်ကားကားကျင်းပနိုင်ရေး၊ ဝါတွင်းကာလ ဝါဆိုဝါကပ်ကြမည့် ဆရာတော်၊ သံဃာတော်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်မုခ်ဝမှ ကမ်းနား လမ်းတစ်လျှောက်တွင် ပဲဆွမ်းလောင်းလှူဆက်ကပ်နိုင်ရေး၊ ဧည့်ပရိတ်သတ်များအား စတုဒိသာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးနိုင်ရေးနှင့် လှစ်ကွက်ဟာကွက်မရှိစေရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြပေးကြစေလိုကြောင်း ပြောကြား သည်။

ထိုနောက် ကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး ပြည်နယ်လူမှုရေးရာဝန်ကြီးဦးစောထွန်းအောင်က ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနားဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေးတင်ပြပြီး လုပ်ငန်းကော်မတီအတွင်းရေးမှူးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်မည့်အစီအစဉ်များကို ဆွေးနွေး တင်ပြကြရာ အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြုံပြု ဆွေးနွေးတင်ပြခဲ့ကြသည်။

ယင်းနောက် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။

 

Newspaper - 2759 items

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download