စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း အမှတ်(၇)အထည်စက်ရုံ (မြစ်သား) အား ကြည့်ရှုစစ်ဆေး


Ministry of Industry/ Ministry of Industry / March 20, 2023


 

နေပြည်တော် ၊ မတ် (၁၆)
    စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း မတ်လ(၁၅)ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့ရှိ အမှတ်(၇)အထည်စက်ရုံ (မြစ်သား) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်ရုံမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ ပြည်တွင်းရက်ကန်းလုပ်ငန်းများအတွက် အဆင့်မြင့်အရည်အသွေး ပြည့်မီသော ချည်ထည်များထုတ်လုပ်နိုင်ရန်၊ ပြည်ပမှတင်သွင်းမှုများ လျော့ကျသွားရန်၊ ပြည်တွင်းလိုအပ်ချက်နှင့် ပြည်တွင်းအထည်ချုပ်လုပ်ငန်းများကို များစွာအထောက်အကူပြုစေရန်တို့အတွက် အရည်အသွေးပြည့်မီသော ၂/၆၀ ချည်၊ ၂/၈၀ ချည်များကို ထုတ်လုပ်ရန် လမ်းညွှန်မှုပြုထားသဖြင့် စက်ရုံ၌ ၂/၈၀ ချည်များ ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းများ ပြုပြင်နေမှု၊ ပြုပြင်ပြီးစီးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဝန်ကြီးချုပ်မှ အင်းလေးဒေသရှိ ရက်ကန်းလုပ်ငန်းများတွင် ပြည်ပမှတင်သွင်း၍ အသုံးပြုလျက်ရှိသော ၂/၈၀ ချည်များအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် ထပ်မံလမ်းညွှန်မှုပြုထားသဖြင့် အလေးထားလိုက်နာဆောင်ရွက်ရန်၊ ၂/၈၀ ချည်များ အမြန်ဆုံးထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ ပြုပြင်နေမှုအခြေအနေများကို အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ရန်၊ ၂/၈၀ ချည်များ စီးပွားဖြစ် စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော ကုန်ကြမ်း ချည်မျှင်ရှည်ဝါဂွမ်းများနှင့် စက်အရန်ပစ္စည်းများကိုလည်း ကြိုတင်စုဆောင်းထားရန်၊ အရည်အသွေးကောင်းမွန်သော ၂/၈၀ ချည်များ ထုတ်လုပ်နိုင်ရေးအတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကိုလည်း မြှင့်တင်ထားရန်၊ ထုတ်ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်စေရန် ကုန်ကြမ်း၊ စက်ပစ္စည်းများ ကောင်းမွန်နေရုံဖြင့်မရဘဲ စက်များအား ကိုင်တွယ်မောင်းနှင်နေသည့် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုလည်းလိုအပ်သဖြင့် လေ့ကျင့်သင်ကြားပေးရန်၊ ပူပြင်းရာသီ ရောက်ရှိနေပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် မဖြစ်ပွားစေရေးအတွက် ဇာတ်တိုက်လေ့ကျင့်ထားရန်နှင့် မီးငြိမ်းသတ်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာဖြည့်ဆည်းထားရန် လမ်းညွှန်မှာကြားပြီး စက်ရုံအတွင်း ၁/၄၀ ချည်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် ၂/၈၀ ချည်များ ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ ပြုပြင်ပြီးစီးမှုနှင့် ပြုပြင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုနှင့်အညီ  စက်မှုဝန်ကြီးဌာနအနေဖြင့် ၂/၈၀ ချည်များအားထုတ်လုပ်၍ ပြည်တွင်းအထည်အလိပ်လုပ်ငန်း များသို့ ဖြန့်ဖြူးပေးနိုင်လျှင် ပြည်ပတင်သွင်းမှုအား လျှော့ချနိုင်မည်ဖြစ်သဖြင့် အမှတ်(၇) အထည်စက်ရုံ (မြစ်သား) တွင် ထုတ်လုပ်နိုင်ရေး စီမံချက်များရေးဆွဲဆောင်ရွက်ခဲ့ပါသည်။ ၂/၈၀ ချည်မထုတ်လုပ်မီ ၁/၈၀ ချည်ကို လုပ်ငန်းစဉ်(၁၀)ခုဖြင့် ပထမဦးစွာထုတ်လုပ်ပြီး လုပ်ငန်းစဉ်(၁၁)ဖြစ်သည့် ချည်ပင်ပူးခြင်း (Doubling) လုပ်ငန်းစဉ်တွင် ချည်တည်မြဲမှုကိုမရနိုင်သဖြင့် လုပ်ငန်းစဉ်(၁၂)ဖြစ်သည့် ချည်ပင်ကျစ်ခြင်း (Twisting) လုပ်ငန်းစဉ်ဖြင့် တည်မြဲအောင် အလိမ်ထည့်ပေးခြင်းတို့ကို ဆောင်ရွက်ရပါသည်။ ထို့ပြင် ချည်အရည်အသွေး ပိုမိုကောင်းမွန်ရန်အတွက် ချည်ပေါင်းခြင်း (Yarn Steaming) ကို ဆက်လက်ဆောင်ရွက်ရပါသည်။ ၂/၈၀ ချည်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် ချည်ပင်ပူးစက်(၁)လုံး၊ ချည်ပင် ကျစ်စက်(၂)လုံး၊ ချည်ပေါင်းစက် (၁)လုံးတို့အား ထပ်မံဖြည့်ထား၍ အထိုင်ချတပ်ဆင်ခြင်းကို ဆောင်ရွက်လျက်ရှိပြီး စက်များအားလုံးလည်ပတ်နိုင်ချိန်တွင် ၂/၈၀ ချည်အား တစ်လလျှင် (၂၀၀၀၀)ပေါင်၊ တစ်နှစ်လျှင် (၂၄၀၀၀၀)ပေါင်အား အခြေခံထုတ်လုပ်နိုင်ပြီး ပြည်တွင်းအထည် အလိပ်လုပ်ငန်းရှင်များထံ ဖြန့်ဖြူးပေးသွားနိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။
    အမှတ်(၇)အထည်စက်ရုံ (မြစ်သား) အနေဖြင့် ပြည်တွင်းချည်မျှင်ရှည် ဝါဂွမ်းအမျှင်အရှည် (၂၉) မီလီမီတာဖြင့် စမ်းသပ်ထုတ်လုပ်ခဲ့ရာ ၂/၈၀ ချည်နံပါတ်ရရှိသော်လည်း ချည်ပင်၏ ခိုင်အားမကောင်း၍ ၂/၆၀ ချည်အဆင့်သာ ရရှိခဲ့သဖြင့် အိန္ဒိယချည်မျှင်ရှည်ဝါဂွမ်း အမျှင်အရှည် (၃၀) မီလီမီတာဖြင့် ထပ်မံစမ်းသပ်ထုတ်လုပ်ခဲ့ရာ ၂/၆၄ ချည်အဆင့်သာ စီးပွားဖြစ် ထုတ်လုပ်နိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် အရည်အသွေးကောင်းမွန်ပြီး အဆင့်မီသော ၂/၈၀ ချည်များ စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် ဝါဂွမ်းအမျှင်အရှည် (၃၄)မီလီမီတာရှိသော ကုန်ကြမ်းပစ္စည်းများကို အသုံးပြု၍ ထုတ်လုပ်မှုလုပ်ငန်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

Newspaper - 2714 items

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ မတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download