တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေခွဲဝေချထားမှု (၄) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ နေပြည်တော် ဧပြီ ၂၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေခွဲဝေချထားမှု (၄) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ နေပြည်တော် ဧပြီ ၂၅
Ministry of Ethnic Affairs/ နေပြည်တော် / April 26, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေ ခွဲဝေချထားမှုနှင့် (၄) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့် အရာထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူး ရုံးနှင့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတို့မှ တာဝန်ခံများက Online စနစ်ဖြင့် တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်း အဝေးသည် ရုံးချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေခွဲဝေချထားမှုနှင့် (၄) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းဥပဒေတွင် ဝန်ကြီးဌာနမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် (၁၈)ချက်ကို အလေးထား၍ စီမံကိန်းရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ခွဲဝေရရှိသည့် အသုံးစရိတ်များကို ခွဲဝေသုံးစွဲရာတွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူများအပြင် မိမိ၏ ဌာနတွင်းမှာရှိသော ဝန်ထမ်းများအတွက် တိုက်ရိုက်အကျိုးသက်ရောက်ဖြစ်ထွန်းစေမည့် အသုံးစရိတ်များကို စနစ်တကျ သုံးစွဲရမည်ဖြစ်ပါကြောင်း၊ အသုံးစရိတ်များကိုလည်း လျာထား သည့်အတိုင်း အချိန်မီ ပြည့်ပြည့်ဝဝသုံးစွဲရန် လိုအပ်ပါကြောင်း၊ ခေါင်းစဉ်ပြောင်းသုံးစွဲမှု မဖြစ်စေရန်နှင့် ပြန်လည်အပ်နှံခြင်း မရှိစေရန် ဘဏ္ဍာငွေများကို ချင့်ချိန်သုံးစွဲဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ငွေလုံးငွေရင်း အသုံးစရိတ်များကို သုံးစွဲရာတွင် တင်ဒါ စည်းမျဉ်းစည်းကမ်း (၁/၂၀၁၇)၊ (၁/၂၀၂၂) လုပ်ထုံးလုပ်နည်းများနှင့်အညီ အရည်အသွေး စံချိန်စံနှုန်းပြည်မီအောင် အလေးထားဆောင်ရွက်သွားကြရန်နှင့် ချမှတ်ထားသည့် သုံးလပတ် ငွေသားစီမံချက်များ နှင့်အညီ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီတိကျစွာ လိုက်နာ ဆောင်ရွက်သွားကြရန်၊ အသုံးစရိတ်များကို စနစ်တကျ စီစစ်ချွေတာသုံးစွဲသွားရန်၊ အကျိုးရှိ သည့်နေရာတွင် သုံးစွဲကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့နှင့်အညီ နိုင်ငံတော်မှခွဲဝေချပေးသော ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာငွေများကို အလေအလွင့် နစ်နာဆုံးရှုံးမှုများ(လုံးဝ) မရှိစေရေးအတွက် မှန်ကန်စွာဖြင့် သုံးစွဲမှုစနစ်ကို အလေးအနက်ထား ဂရုပြုဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ယခင်နှစ်က စီမံကိန်း (၂၄) ခုကို ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ယခုဘဏ္ဍာရေးနှစ်တွင် စီမံကိန်း (၁၈) ခုရှိပြီး Calendar ရေးဆွဲ၍ ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ရငွေနှင့် သုံးငွေများ၏ တိုးတက် ဆောင်ရွက်မှုကို သိရှိနိုင်ရန် သုံးလပတ်အစီရင်ခံစာတွင် ထည့်သွင်းနိုင်ရေး အထူးဂရုပြု ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရငွေများကို ပိုမိုရှာဖွေ၍ သုံးစွဲငွေကို တတ်နိုင်သမျှ ချွေတာရန်ဖြစ်ပါကြောင်း၊ လျာထားသည့်ငွေကို လျာထားသည့်အချိန်၊ ငွေ အတိုင်း သုံးစွဲရန်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံများအနေဖြင့်လည်း ရငွေ သုံးငွေများကို ကိုယ်တိုင် စိစစ်ကြပ်မတ်ကွပ်ကဲ၍ အထူး ဂရုပြုဆောင်ရွက်ကြစေလိုပါကြောင်း၊ ပိုမိုကောင်းမွန်သော ရလဒ်များရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီမံကိန်းများနှင့် ပတ်သက်၍ သုတေသနပြု၍ ပြန်လည်တင်ပြရန် ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာန၊ တိုင်းရင်းသား ပြည်သူများနှင့် နိုင်ငံတော်၏ အကျိုးစီးပွားရလဒ်ကောင်းများကို မိမိကျရာ အခန်းကဏ္ဍမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြောကြားပါသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ အမြဲတမ်းအတွင်းဝန်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေရရှိမှု အခြေ အနေအားလည်းကောင်း၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် နှင့်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တို့က တိုင်းဒေသကြီး/ပြည်နယ်များသို့ ဘဏ္ဍာငွေခွဲဝေချထားမှု အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း အသီးသီး ဆွေးနွေးတင်ပြကြပါသည်။
၎င်းနောက် တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံး၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာတို့မှ တာဝန်ခံများနှင့် တက်ရောက်လာသူများက လိုအပ်သည်များကို တင်ပြ ဆွေးနွေးကြပြီးနောက် ပြည်ထောင်စုဝန်ကြီးနှင် ဒုတိယဝန်ကြီးတို့က ခြုံငုံသုံးသပ်၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
Newspaper - 2747 items
၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 07, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မေ ၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ May 06, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download