နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / May 31, 2023
image_latest


နေပြည်တော် မေ ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာစက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)စီမံကိန်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြရာတွင် စီမံကိန်းဆိုင်ရာအချက်အလက်များ၊ စီမံကိန်းရည်ရွယ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်မှုများကို ငွေကုန်ကြေးကျအနည်းဆုံးဖြင့် စက်ပစ္စည်းများဆုံးရှုံးမှုမရှိစေရန် ဦးစားပေးဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးဦးရင်မောင်ညွန့်က အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) ၏လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ သံရည်ကျိုအလုပ်ရုံ Melt Shop-1 ဆိုင်ရာအချက်အလက်များ၊ ၂၀၁၇ ခုနှစ်နောက်ပိုင်း စက်ရုံစီမံကိန်းရပ်တန့်ခဲ့ရမှုကြောင့် စက်ရုံပြန်လည်လည်ပတ်နိုင်ရေးဆောင်ရွက်ရာတွင် ပြင်ဆင်ထိန်းသိမ်း ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ၂၀၂၃ ခုနှစ် မတ်လ ၂၄ ရက်မှစ၍ သံရည်ကျိုလုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများ၊ စီမံကိန်းအကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများနှင့် စီမံဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံတွင် သံနှင့်သံမဏိလိုအပ်ချက်အနေဖြင့် နှစ်စဉ်တန်ချိန် ၂ သန်းခန့်ရှိပြီး ပြည်ပငွေများစွာသုံးစွဲနေရကြောင်း၊ ထို့ကြောင့် ယခင်အစိုးရလက်ထက်က ရပ်တန့်ခဲ့သည့်စက်ရုံအား ပြန်လည်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သံမဏိထုတ်လုပ်ရေးအတွက် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ရှိကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့်နေရာများကို မြေပြင်ကွင်းဆင်း သုတေသနပြုဆောင်ရွက်သွားရန်လိုကြောင်း၊ အလားတူ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းကိုလည်း စဉ်းစားဆောင်ရွက်ထားရန်လိုကြောင်း၊ စက်ရုံအနေဖြင့် လက်ရှိအချိန်တွင် သံရည်ကျိုအလုပ်ရုံ၊ Melt Shop-1 ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး စီမံကိန်းတစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ရေး အဆင့်အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ သံနှင့်သံမဏိလိုအပ်ချက်ကို ယခုစက်ရုံနှင့်ပင်းပက်စက်ရုံတို့မှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သဖြင့် အောင်မြင်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ သံမဏိထုတ်လုပ်ရေးလုပ်ငန်းအတွက် လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများ ရရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်နှင့် မွေးထုတ်သွားရန်လိုကြောင်း၊ ဝန်ထမ်းများ၏နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက်လည်း စီမံဆောင်ရွက်ပေးရန်လိုကြောင်း၊ နောင်အနာဂတ်တွင် စက်ရုံသို့ ပို့ဆောင်မည့်ကုန်ကြမ်းများ၊ စက်ရုံမှထွက်ရှိလာသည့် သံနှင့်သံမဏိပစ္စည်းများကို လျှပ်စစ်ရထားအသုံးပြု၍ သယ်ယူပို့ဆောင်ဖြန့်ဖြူးနိုင်ရေးအတွက်လည်း ရေရှည်ကိုမျှော်တွေး၍ တွက်ချက်ဆောင်ရွက်ထားရှိရန်လိုကြောင်းဖြင့် မှာကြားပြီး စီမံကိန်းတစ်ခုလုံးအပြည့်အဝ လည်ပတ်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်လိုအပ်သည်မျာ းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် သံမဏိစက်ရုံအတွင်း သံရည်ကျိုအလုပ်ရုံ၊ Melt Shop-1 သို့ ရောက်ရှိပြီး အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)၊ Melt Shop-1 ပြန်လည်စတင်ခြင်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က Melt shop-1 သံရည်ကျိုခြင်းနှင့် လေးထောင့်သံမဏိတုံး Billet ထုတ်လုပ်ခြင်းလုပ်ငန်းအား စက်ခလုတ်နှိပ်၍ဖွင့်လှစ်ပေးသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လျှပ်စစ်သံရည်ကျိုဌာနရှိ သံရည်ကျိုလုပ်ငန်းအား စက်ခလုတ်နှိပ်၍ စတင်လည်ပတ်စေသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် Melt shop-1 အတွင်း လျှပ်စစ်သံရည်ကျိုဌာန၌ သံရည်ကျိုလုပ်ငန်းများဆောင်ရွက်နေမှု၊ စဉ်ဆက်မပြတ်သံရည်ကျိုပုံလောင်းဌာနမှ ၉ မီတာအရှည်ရှိ သံမဏိလေးထောင့်တုံး (Steel Billet) များ ထုတ်လုပ်နေမှုကို တစ်ခုချင်း အသေးစိတ်ကြည့်ရှုစစ်ဆေးရာ ဌာနအလိုက်တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှု များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ Melt shop-1 အတွင်း လျှပ်စစ်သံရည်ကျိုဌာနမှ ၂၀၂၃ ခုနှစ်၊ မတ် ၂၄ ရက်တွင်ထုတ်လုပ်ခဲ့သည့် သံမဏိလေးထောင့်တုံး Billet ပေါ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မှတ်တမ်းတင်လက်မှတ်ရေးထိုးပြီး စက်ရုံဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ရာ စက်ရုံမှတာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများကို ပြန်လည်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စက်ရုံတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်ပပညာရှင်များအား သစ်သီးခြင်းကို ပေးအပ်သည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် Melt Shop-2 သို့ရောက်ရှိပြီး စက်ပစ္စည်းများတပ်ဆင်နေမှု အခြေအနေများကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင် စတင်ထုတ်လုပ်ခဲ့သည့် သံမဏိပြားများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ) ဝန်ထမ်းစားရိပ်သာ၌ စက်ရုံဝန်ထမ်းများနှင့်အတူ နေ့လယ်စာကိုအတူတကွသုံးဆောင်ပြီး ဝန်ထမ်းများကိုသံမဏိထုတ်လုပ်မှုများ တိုးတက်စေရေး အားပေးစကားပြောကြားကာ ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

အဆိုပါ စက်မှုဝန်ကြီးဌာန၊ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)သည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆားခါးကျေးရွာအနီးတွင်တည်ရှိပြီး ၂၀၀၄ ခုနှစ်တွင် စတင်စာချုပ် ချုပ်ဆို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ်တွင် Malt Shop-2 အလုပ်ရုံမှ သံမဏိပြားတန်ချိန် ၂၀၀၀ ကိုစတင်ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ သံမဏိစက်ရုံ(မြင်းခြံ) အနေဖြင့် တည်ဆောက်နေဆဲကာလအတွင်း စက်ပစ္စည်းများ ၉၀ ရာခိုင်နှုန်းကျော် ရောက်ရှိနေပြီဖြစ်သော်လည်း ၂၀၁၇ ခုနှစ် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ စီးပွားရေးရာကော်မတီ (၇/၂၀၁၇) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအရ စီမံကိန်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရပ်တန့်ခဲ့ရကြောင်း၊ ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်မှစ၍ စီမံကိန်းရပ်ဆိုင်းခဲ့ရစဉ် ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကျပ်သန်းပေါင်း ၄၀၃၉၃၂ ဒသမ ၈၈၂ သန်းရှိပြီဖြစ်ပြီး စီမံကိန်းပြီးစီးမှုရာခိုင်နှုန်းအနေဖြင့် ၆၆ ဒသမ ၅၂ ရာခိုင်နှုန်းရှိပြီ ဖြစ်ကြောင်း၊ ထိုသို့ စီမံကိန်းရပ်တန့်ခဲ့ရမှုကြောင့် နိုင်ငံတော်၏ဘဏ္ဍာငွေများစွာ ထိခိုက်ဆုံးရှုံးခဲ့ရပြီး စီမံကိန်းချေးငွေများကိုလည်း နိုင်ငံတော်အနေဖြင့် ဆက်လက်ပေးဆပ်ခဲ့ရကြောင်း၊ သံမဏိထုတ်လုပ်မှုလုပ်ငန်းသည် နိုင်ငံအတွက်အရေးကြီးလိုအပ်ချက်ပင်ဖြစ်ပြီး သံနှင့်သံမဏိထုတ်လုပ်ရေး စီမံကိန်းများအောင်မြင်ပြီးစီးပါက ပြည်ပမှသံနှင့်သံမဏိတင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ပြီး ပြည်ပဈေးနှုန်းထက် သက်သာစွာဖြင့်အသုံးပြုနိုင်မည်ဖြစ်သောကြောင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရတာဝန်ယူသည့် အချိန်တွင် ၂၀၂၁ ခုနှစ် ဩဂုတ်လတွင်ကျင်းပပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၁/ ၂၀၂၁) အစည်းအဝေးဆုံးဖြတ်ချက်အရ သံမဏိ စက်ရုံစီမံကိန်းများကိုပြန်လည်စိစစ်၍ လုပ်ငန်းများပြန်လည်စတင်လည်ပတ်နိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း၊ အမှတ်(၁)သံမဏိ စက်ရုံ (မြင်းခြံ)သို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စစ်ဆေးစဉ် စက်ရုံစီမံကိန်းများအား စနစ်တကျဖြင့် အပိုင်းလိုက်တည်ဆောက်၍ မှန်မှန်ကန်ကန်ဖြင့် မြန်မြန်ဆန်ဆန်ပြီးစီးစေရေး စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန် လိုကြောင်းဖြင့်မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်တွင်သံရည်ကျိုအလုပ်ရုံ၊ Phase-1 (Melt Shop-1) ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး Phase-1 အပြည့်အဝလုပ်ငန်းလည်ပတ်ချိန်တွင် Phase-2 (Melt Shop-2) အား လုပ်ငန်းလည်ပတ်နိုင်ရေးဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် စီမံကိန်းတစ်ခုလုံး အပြည့်အဝလည်ပတ်နိုင်ရေး အဆင့်အလိုက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွက် သံနှင့်သံမဏိလုပ်ငန်း ပြန်လည်နိုးကြားလာစေရေးနှင့် မြန်မာ့စက်မှုလုပ်ငန်း ယခုထက်ပိုမိုတိုးတက်လာစေရေး အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)မှ အဓိကအင်အား စုတစ်ခုအဖြစ် အားဖြည့်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper - 2735 items

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ ဧပြီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download