နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း ဘေးဒဏ်သင့်ခဲ့သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ ဆိပ်ကမ်းများသို့ ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထပ်မံရောက်ရှိလာမှု အခြေအနေကို ကြည့်ရှုစစ်ဆေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေးနှင့် ကျောင်းအပ်နှံနိုင်ရေးဆောင်ရွက်


Ministry of Transport and Communications/ Naypyitaw / June 01, 2023
image_latest


စစ်တွေ   မေ  ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်း ဘေးဒဏ်သင့်ခဲ့သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ ဆိပ်ကမ်းများသို့ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ ထပ်မံရောက်ရှိလာမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီးဆိပ်ခံတံတား ရှင်းလင်းဆောင်၌ ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း မိုခါ မုန်တိုင်း ဘေးဒဏ်သင့်ခဲ့သည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ဌာနများမှ ဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် မိမိတို့ ဌာနများတွင်လည်း အုပ်ချုပ်မှုအဆောက်အဦများ၊ လူနေအဆောက်အဉီများ ထိခိုက်ပျက်စီးမှုရှိ ခဲ့ပါကြောင်း၊  ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ပစ္စည်းများ ခွဲဝေရရှိမှုအပေါ် မူတည်၍ ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ယခုပေးအပ်သည့် ထောက်ပံ့ငွေများသည် လတ် တလောအရေးပေါ်သုံးစွဲရမည့် ကိစ္စရပ်များအတွက် အထောက်အပံ့ဖြစ်စေရန် ပေးအပ်ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မုန်တိုင်းဒဏ်သင့် အခြားဒေသများသို့ ဆောလျင်စွာ ပေးပို့ထောက်ပံ့သွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကို ပေးအပ်ရာ ဌာနအလိုက် တာဝန်ရှိသူများက လက်ခံရယူကြပြီး ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဖောင်တော်ကြီး ဆိပ်ခံတံတား၌ “AQUARIUS” သင်္ဘောပေါ်မှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ပစ္စည်းများကို စက်ယန္တရားကြီးများဖြင့် ဆိပ်ကမ်းပေါ်သို့ ပို့ဆောင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့နှင့်အတူ စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပစ္စည်းများ သယ်ဆောင်လာသည့် စစ်ရေယာဉ် “မြစ်ကြီးနား” ဆိုက်ရောက်မှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရောက်ရှိလာသည့် ပြန်လည်ထူထောင်ရေး ပစ္စည်းများအား ဘေးသင့်ဒေသများသို့ ဆောလျင်စွာ ဖြန့်ခွဲပေးပို့နိုင်ရေး စနစ်တကျ စီမံဆောင်ရွက် သွားကြရန် မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်တို့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပသည့် သဘာဝဘေး ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ တင်ပြချက်များပေါ်  လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင် ရွက်ပေးသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းဒဏ်သင့် မြို့ရွာများ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေးအတွက် ရွေ့လျား ရေသန့်ကားများ၊ Life Straw (ရေနောက်မှ ရေကြည်သို့ သန့်စင်ပေးသည့်) ရေသန့်စက်များ၊ ဆိုလာစနစ်သုံး ရွေ့လျား ရေသန့်စက်များဖြင့် ဖြန့်ဝေပေးလျက်ရှိသည်။

ရွေ့လျားရေသန့်ကားများကို စစ်တွေမြို့နယ်တွင် ၃ စီး၊ ရသေ့တောင်မြို့နယ်တွင် ၂ စီး၊ မင်းပြားမြို့နယ်တွင် ၁ စီး ဖြန့်ခွဲပေးပို့ထားပြီး ထပ်မံရောက်ရှိလာမည့် ရွေ့လျားရေသန့်ကား ၃ စီး ကိုလည်း ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် မြောက်ဦးမြို့နယ်များသို့ အမြန်ဆုံး ပေးပို့သွားမည်ဖြစ်သည်။

အဆိုပါ ရွေ့လျားရေသန့်ကားများသည် တစ်နာရီလျှင် ရေဂါလန် ၈၀၀ သန့်စင် ပေးနိုင်ပြီး မေ ၁၆ ရက်မှ ၃၁ ရက်အထိ သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက် အသီးသီး၌ သန့်ရှင်းသော သောက်သုံးရေ ဂါလန် ၂၈၅၅၀၀ ဖြန့်ဝေပေးနိုင်ခဲ့ပြီးဖြစ်သည်။

အလားတူ လျှပ်စစ်ဓာတ်အား မလိုအပ်သည့် တစ်နာရီလျှင် ၃ ဂါလန်ခန့် သန့်စင် ပေးနိုင်သော Life Straw (ရေနောက်မှ ရေကြည်သို့ သန့်စင်ပေးသည့်) ရေသန့်စက်အလုံး ၂၁၀ ကို စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ ဘူးသီးတောင်၊ မောင်တောနှင့် မြေပုံ မြို့နယ်များအတွင်းရှိ ကျေးရွာပေါင်း ၁၄၃ ရွာသို့ ဖြန့်ခွဲပေးပို့ထားပြီး ယင်းရေသန့် စက် ၁ လုံးသည် လူဦးရေ ၁၀၀ အတွက် တစ်နေ့တာ သောက်သုံးရန်ရေကို လုံလောက်စွာ သန့်စင်ပေးနိုင်ကြောင်း သိရသည်။

ထို့အတူ မြေသားရေစုကန်မှ နောက်ကျိနေသော ရေများကို စုပ်ယူသန့်စင်ပေးနိုင်သည့် ဆိုလာသုံး ရွေ့လျားရေသန့်စက် ၃ စုံဖြင့် စစ်တွေမြို့ပေါ်ရှိ ရပ်ကွက်များ၌ လှည့်လည်သန့်စင် ဖြန့်ဝေပေးလျက်ရှိပြီး အဆိုပါရေသန့်စက်များသည် တစ်နာရီလျှင် ဂါလန် ၃၀၀ ခန့် သန့်စင်ပေးနိုင်သည်။ ထို့ပြင် ဆိုလာစနစ်သုံး ရေသန့်စက် (၁၇)လုံး ထပ်မံရောက်ရှိလာမည်ဖြစ်ပြီး မုန်တိုင်းဒဏ်သင့် မြို့နယ်များအတွင်းရှိ ကျေးရွာများသို့ ဆက်လက်ဖြန့်ခွဲ ပေးပို့သွားမည်ဖြစ် သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မေ ၂၃ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျောင်းအပ်နှံလက်ခံမှုများ ဆောင်ရွက်လျက် ရှိရာ ရခိုင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီး သင်ပညာ ရေးကျောင်းများ၌ ယနေ့အထိ အခြေခံပညာ (အထက်တန်း၊ အလယ်တန်း၊ မူလတန်း) ကျောင်း အပ်နှံမှု အခြေအနေမှာ မြို့နယ် ၁၇ မြို့နယ်တွင် စုစုပေါင်း ၃၇၄၉၀၄ ဦး ကျောင်းအပ်နှံခဲ့ပြီး ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများအားလုံး တစ်ပြိုင်တည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

 

Newspaper - 2738 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download