နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ (မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / September 28, 2022
image_latest


နေပြည်တော် စက်တင်ဘာ ၂၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမောင်ကို၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ရှိ တပ်မတော်ချည်မျှင်နှင့် အထည်စက်ရုံ(မိတ္ထီလာ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား စက်ရုံအစည်းအဝေး ခန်းမ၌ တပ်မတော်စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ဝင်းလွင်က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် လာရောက်စစ်ဆေးစဉ် လမ်းညွှန်ချက်များအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု၊ စက်ရုံသမိုင်း အကျဉ်း၊ စက်ရုံမှ ချည်အမျိုးမျိုး ထုတ်လုပ်နိုင်မှုအခြေအနေများ၊ ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် ဆောင်ရွက်ပေး နေမှု၊ ၂/၈၀ ချည်များအား ပြည်တွင်း၌ ထွက်ရှိသည့် ဝါများဖြင့်ထုတ်လုပ်နိုင်ရေး စမ်းသပ်ဆောင်ရွက်လျက်ရှိမှုနှင့် စက်စမ်းသပ်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်တွင်း၌ထွက်ရှိသည့် ဝါများဖြင့် အရည်အသွေးမြင့် ချည်ထည်နှင့်ပိတ်များ ထုတ်လုပ်နိုင်မည့် အခြေအနေများ၊ ၂/၈၀ ချည်များအား စက်ရုံမှ ထုတ်လုပ်နိုင်သည့်အချိန်တွင် ပြည်တွင်းရှိ အထည်အလိပ်နှင့်ပတ်သက်သည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စက်မှုလုပ်ငန်းများ၌ လိုအပ်လျက်ရှိသော ချည်မျှင်နှင့် အထည်အလိပ်များကို လိုအပ်ချက်ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ စက်ရုံ၌ လက်ရှိတပ်ဆင် အသုံးပြုလျက်ရှိသည့် စက်များအား အရည်အသွေးမြှင့်တင်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများအား အသေးစိတ်မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ခင်းကျင်းပြထားသော စက်ရုံမှထုတ်လုပ်ထားသည့် ယူနီဖောင်းပိတ်စများနှင့် ချည်ထည်များ၏ အရည်အသွေးများအား ကြည့်ရှုစစ်ဆေးကာ စက်ရုံ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 2080 items

၁၃၈၄ ခုနှစ်၊ န‌တ်တော်လပြည့်ကျော် ၃ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 10, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ န‌တ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 09, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ န‌တ်တော်လပြည့်ကျော် ၁ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 08, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ န‌တ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ December 06, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက်၊ ဒီဇင်ဘာ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 04, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက်၊ ဒီဇင်ဘာ ၃ ရက် ၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2022

Publication Date: 2022

Page: 32

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက်၊ ဒီဇင်ဘာ ၂ ရက် ၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2022

Publication Date: 2022

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက်၊ ဒီဇင်ဘာ ၁ ရက် ၊ ၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2022

Publication Date: 2022

Page: 32

Language: မြန်မာ

Download