နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကို ပြင်ဦးလွင်မြို့နယ် သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းထိုင်ဆရာတော်ထံ အခွန်လွတ်သာသနာ့ဂရန် ဆက်ကပ်လှူဒါန်းခြင်း


Ministry of Information/ Naypyitaw / February 05, 2023
image_latest


မန္တလေး ဖေဖော်ဝါရီ ၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ပြင်ဦးလွင်မြို့နယ် ပြင်စာအုပ်စု သဒ္ဓမ္မပဇ္ဇောတာရုံကျောင်းတိုက်တွင်ပြုလုပ်သော အခွန်လွတ်သာသနာ့ဂရန် ဆက်ကပ်လှူဒါန်းပွဲသို့ ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းကရောက်ရှိရာ အဆိုပါကျောင်းတိုက်မှ ပဓာနနာယကဆရာတော် ဘဒ္ဒန္တဇဝနအား ဖူးမြော်ကြသည်။

သာသနာ့ဂရန်ဆက်ကပ်

ဆက်လက်၍ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကိုဖွင့်လှစ်ကာ ပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က အခွန်လွတ်သာသနာ့ဂရန်နှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ပြင်ဦးလွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပသည့် ပြင်ဦးလွင်ခရိုင်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ဆရာ ဆရာမများအတွက် ကျောင်းဝတ်စုံများချီးမြှင့်ပွဲသို့ရောက်ရှိရာ ကျောင်းသား ကျောင်းသူများက ဂုဏ်ပြုသီချင်းများဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ဂုဏ်ပြုစကားပြောကြားရာတွင် စာပေအနုပညာတီထွင်ဖန်တီးဖွင့်ဟဖော်ထုတ်မှုနှင့် ဗဟုသုတတို့တွင် ပျော်ရွှင်နိုးထလာအောင် ကြံစည်လုပ်ဆောင်ပေးတတ်ခြင်းသည် ဆရာ ဆရာမတို့၏ အနုပညာပင်ဖြစ်ကြောင်း၊ ဆရာ ကောင်းဆရာမြတ်များကိုမှီဝဲမှ သားတပည့်ဖြစ်သူများသည် သီလ၊ သမာဓိ၊ ပညာများ တိုးပွားနိုင်မည်ဖြစ်ကြောင်း၊ သင်ကြားပေးသူ၊ သင်ယူသူဟန်ချက်ညီပြီး ဆရာ၊ မိဘ၊ ကျောင်းသား လက်တွဲညီညီဖြင့် အနာဂတ်လူ့အဖွဲ့အစည်းကိုကောင်းမွန်အောင် ဖန်တီးကြမည့် လူသားရတနာများကို တောက်ပြောင်လာအောင် ထုဆစ်ပြုပြင်ပေးကြရမည်ဖြစ်ကြောင်း၊ အခြေခံကောင်းအုတ်မြစ်ကောင်းများရရှိသွားအောင်လည်း အလေးထားကြိုးစားသင်ကြားလေ့ကျင့်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

အလေးထားဆောင်ရွက်

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့လုပ်ငန်းစဉ်၊ ဦးတည်ချက်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ ဦးတည်ချက်များထဲမှ လူမှုရေးဦးတည်ချက်များအနက် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးတို့ကို အလေးထားဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီးအတွင်း ကဏ္ဍများ အလိုက်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတော်မှချမှတ်ထားသည့်မူဝါဒများနှင့်အညီ ကြီးကြပ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ပြင်ဦးလွင်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမ ၁၄၉၇ ဦးအတွက် ကျောင်းစိမ်းဝတ်စုံများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မိသားစုက ကျောင်းစာကြည့်တိုက်များအတွက် ဓမ္မဒါနအဖြစ်လှူဒါန်းသော ဘာသာရေးစာအုပ် ၁၅၂၀ အား တာဝန်ရှိသူများထံပေးအပ်ပြီး ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ၏ ဂုဏ်ပြု သီဆိုကပြမှုများကို ကြည့်ရှုအားပေးကာကပြခဲ့ကြသည့် အကအဖွဲ့များ၊ ဘင်ခရာအဖွဲ့များ၊ ပန်းပွားအကအဖွဲ့များအတွက် ဂုဏ်ပြုငွေများချီးမြှင့်ပြီး ရင်းနှီးစွာနှုတ်ဆက်အားပေးသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ပြင်ဦးလွင်မြို့တော်ခန်းမ၌ မွန်းလွဲပိုင်းကတွေ့ဆုံကာ တင်ပြဆွေးနွေးမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ကြည့်ရှုအားပေး

ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့်အဖွဲ့သည် ဆေးတက္ကသိုလ်(မန္တလး)တွင်ကျင်းပသည့် (၅၆)ကြိမ်မြောက် မဟာဘုံကထိန်အောင်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်သို့ ညနေပိုင်းတွင်ရောက်ရှိပြီး ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများက နိဗ္ဗာန်ဈေးပွဲတော်အတွင်းလိုက်ပါပြသရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ကျောင်းသား ကျောင်းသူများ ကိုယ်တိုင်ပျော်ရွှင်ကြည်နူးစွာ ပါဝင်ဆင်နွှဲနေမှုများကို လိုက်လံနှုတ်ဆက်အားပေးကြောင်းနှင့် မန္တလေးမြို့ဂုဏ်ဆောင် မြို့မ တေးဂီတအဖွဲ့နှင့်တွဲဖက်၍ တင်ဆက်သည့် ကျောင်းသား ကျောင်းသူများ၏အငြိမ့်ဖြင့် ဖျော်ဖြေဧည့်ခံမှုကိုကြည့်ရှုအားပေးပြီး ဂုဏ်ပြုငွေများချီးမြှင့်ပေးကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper - 2194 items

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက်၊ ဧပြီ ၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက်၊ ဧ ၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက်၊ မတ် ၃၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 31, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

29-3-2023 Information Sheet (English)


Publisher: MOD/ March 30, 2023

Publication Date: 2023

Page: 16

Language: English

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက်၊ မတ် ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 30, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက်၊ မတ် ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်၊ မတ် ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက်၊ မတ် ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက်၊ မတ် ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၄ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက်၊ မတ် ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download