နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး သင်တန်းအမှတ်စဉ် (၁၅) ၊ အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၇)၊ အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေးသင်တန်း အမှတ်စဉ် (၇) သင်တန်းဖွင့်ပွဲအခမ်းအနားများ ကျင်းပ


Ministry of Information/ Naypyitaw / May 08, 2024
image_latest


နေပြည်တော် မေ ၇

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူး သင်တန်းအမှတ်စဉ် (၁၅)၊ အဆင့်မြင့်အရာထမ်း သင်တန်း အမှတ်စဉ် (၁၇) တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ယင်းတက္ကသိုလ်၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်ဦးဆန်းမြင့်၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) မှပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

အကြီးအမှူးကောင်းများ ပေါ်ထွက်လာစေရေး

ဦးစွာ ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က အဆင့်မြင့်အရာရှိကြီးများအနေဖြင့် နိုင်ငံတော်၏အုပ်ချုပ်မှုယန္တရားအတွင်း သိရှိနားလည်ထားသင့်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာဗဟုသုတများကို သိရှိနားလည်စေရန်၊ မိမိတာဝန်ယူရသော စီမံခန့်ခွဲမှု အုပ်ချုပ်ရေးကဏ္ဍတို့တွင် ဦးဆောင်နိုင်မှုစွမ်းရည်မြင့်မားလာစေရန် နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်ကာ နိုင်ငံတော်၏အဆင့်မြင့်တာဝန်များကို အောင်မြင်စွာသယ်ပိုးထမ်းရွက်နိုင်မည့် အနာဂတ်ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကောင်းများ ပေါ်ထွက်လာစေရေးအတွက် ပျိုးထောင်လေ့ကျင့်ပေးရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။

နိုင်ငံတော်အစိုးရသည် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ဖြင့် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့ ဝန်ထမ်းများသည် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ လက်ရှိကာလတွင် နိုင်ငံတော်အစိုးရသည် နိုင်ငံတော်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို လျင်မြန်စွာအကောင်အထည်ဖော်ချိန်ဖြစ်သည့်အတွက် မိမိတို့တတ်စွမ်းသည့်ဘက်မှ အားဖြည့်လုပ်ဆောင်ကြရန် တိုက်တွန်းမှာကြားသည်။

သင်တန်းကာလ ရက်သတ္တရှစ်ပတ်ကြာမြင့်

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်းအမှတ်စဉ် (၁၅) သို့ သင်တန်းသား ၁၆ ဦး၊ သင်တန်းသူခုနစ်ဦး စုစုပေါင်း ၂၃ ဦးနှင့် အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၇) သို့ သင်တန်းသား ၂၀ ၊ သင်တန်းသူ ၁၈ ဦး စုစုပေါင်း ၃၈ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၆ ရက်မှ ဇွန် ၂၈ ရက်အထိ ရက်သတ္တရှစ်ပတ်ကြာမြင့်မည်ဖြစ်သည်။

ထို့ပြင် အုပ်ချုပ်မှုစွမ်းရည် မြင့်မားရေးသင်တန်းအမှတ်စဉ် (၇) ၏ သင်တန်းဖွင့်ပွဲအခမ်း အနားကိုကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်က ယခုဖွင့်လှစ်သော သင်တန်းသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ခံယူချက်၊ ယုံကြည်ချက်၊ စိတ်နေသဘောထား ပိုမိုကောင်းမွန်လာစေရန်၊ နိုင်ငံ့ဝန်ထမ်းများသိရှိထားရမည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများကို နားလည်ကျွမ်းကျင်စေရန်၊ ပြည်တွင်း/ ပြည်ပနိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေးအခြေအနေနှင့် ကောင်းမွန်သောအုပ်ချုပ်မှု၊ ခေါင်းဆောင်မှုသဘောတရားများကို သိရှိစေရန်၊ ပြည်သူလူထုအား ထိရောက်မြန်ဆန်သည့် ဝန်ဆောင်မှုသတင်းအချက်အလက်များ မျှဝေပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ သင်တန်းမှရရှိသော အတွေ့အကြုံများကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့အတွက် ကောင်းမွန်သောဝန်ဆောင်မှုပေးနိုင်ရေးတို့အတွက် အကျိုးရှိစွာအသုံးချစေလိုပါကြောင်း၊ ကျရာအခန်းကဏ္ဍမှ အဂတိတရားကင်းရှင်းပြီး စိတ်ကောင်းစေတနာကောင်းဖြင့် ဝန်ဆောင်မှုပေးကြရန် တိုက်တွန်းမှာကြားသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသား ၁၃၄ ဦး၊ သင်တန်းသူ ၁၁၃ ဦး၊ စုစုပေါင်း ၂၄၇ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မေ ၆ ရက် မှ ဇူလိုင် ၁၂ ရက်ထိ ရက်သတ္တ ၁၀ ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 2759 items

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၂၀ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 20, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၁၉ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 19, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၁၈ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 18, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download