ပြည်တွင်းပြည်ပသို့ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသော မုံရွာမြို့မှ တန်းဖိုးမြှင့် ရှားစောင်းလက်ပပ် လူသုံးကုန်လုပ်ငန်း


Ministry of Information/ Naypyitaw / April 29, 2024
image_latest


တွေ့ဆုံမေးမြန်း - မြင့်နိုင်စိုး

နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီအနေဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ MSMEs လုပ်ငန်းရှင်များအား ထောက်ပံ့အားပေးကူညီလျက်ရှိရာ MSMEs လုပ်ငန်းများသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါသောကဏ္ဍတစ်ခု ဖြစ်လာသကဲ့သို့ ဒေသတွင်းထွက်ကုန်ပစ္စည်းများ အမျိုးမျိုးထုတ်လုပ်နိုင်လာသောကြောင့် ပြည်ပမှတင်သွင်းရသည့်သွင်းကုန်များ လျော့နည်းကာ ပြည်ပသို့တင်ပို့ရောင်းချရသည့်ပို့ကုန်များ ပိုမိုဖွံ့ဖြိုးလာသဖြင့် နိုင်ငံခြားဝင်ငွေများ ပိုမိုရရှိလာစေပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌လည်း အညာဒေသထွက် ကုန်ကြမ်းများဖြင့် တန်ဖိုးမြှင့်လူသုံးကုန်၊ စားသောက်ကုန်များထုတ်လုပ်ခြင်းနှင့် တစ်ပိုင်တစ်နိုင် ကုန်ထုတ်စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တိုင်းဒေသကြီးအစိုးရအနေဖြင့် အားပေးလျက်ရှိပြီး လုပ်ငန်းရှင်များအား နည်းပညာနှင့်ငွေကြေးများ ရင်းနှီးထောက်ပံ့ပေးလျက်ရှိကာ တီထွင်ဆန်းသစ်မှုရှိသော အရည်အသွေးမြင့် ထုတ်ကုန်များကို ဈေးကွက်အတွင်း ယှဉ်ပြိုင်ထိုးဖောက်နိုင်မှုဖြင့် အလားအလာကောင်းများ ပေါ်ထွန်းလာစေရေး၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု အစီအစဉ်ဖြစ်မြောက်ရေးတို့ကိုလည်း အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက မိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အသေးစားစက်မှုလက်မှုလုပ်ငန်းရှင် ၁၈၈၇ ဦးရှိပြီး ရင်းနှီးငွေကျပ် ၃၁၈၂ သန်းရှိကာ တစ်နှစ်ထုတ်လုပ်မှုကျပ်သန်းပေါင်း ၂၃၇၅၆ ဒသမ ၂၃၉ သန်းရှိကြောင်း တိုင်းဒေသကြီး အ‌သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သိရသည်။ အဆိုပါ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များထဲမှ ရှားစောင်းလက်ပပ်ဖြင့် တန်ဖိုးမြှင့်လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိသည့် မုံရွာမြို့ရှိ “အညာမြေ” ကုန်အမှတ်တံဆိပ် ရှားစောင်းလက်ပပ် လူသုံးကုန်ချက်ဆေးထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုများနှင့် ပတ်သက်၍ သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ ပထမဦးစွာ အစ်မရဲ့အမည်၊ ကုန်အမှတ်တံဆိပ်နဲ့ ထုတ်ကုန် ပစ္စည်းများကိုမိတ်ဆက်ပြောကြားပေးပါဦး။

ဖြေ ။ ။ ကျွန်မအမည်ကတော့‌ ဒေါ်သီတာဇင်ပါ။ အညာမြေကုန်အမှတ်တံဆိပ်နဲ့ အမျိုးသမီးတို့အားထားရာ ရှား‌စောင်း လက်ပပ်ချက်ဆေးနဲ့ သဘာဝအူလမ်းရှင်းယိုတို့ကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချ‌လျက်ရှိပါတယ်။

မေး ။ ။ ဒီလုပ်ငန်းစတင်ပြီးလုပ်ဖြစ်ခဲ့ပုံကို ရှင်းပြပေးပါဦး။

ဖြေ။ ။ ဒီရှားစောင်းလက်ပပ်ချက်‌ဆေးလုပ်တာကတော့ ကျွန်မအမေက စခဲ့တာပါ။ အမေက ဒီချက်ဆေးကို ကိုယ်တိုင်စဖော်ခဲ့ပါတယ်။ ကိုယ်တိုင်သုံးခဲ့ပါတယ်။ အမေစလုပ်ခဲ့တဲ့လုပ်ငန်းကို ကျွန်မတို့က“အညာမြေ” ကုန်အမှတ်တံဆိပ်အမည်နဲ့ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်မှာ မှတ်ပုံတင်ပြီး စတင်ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခဲ့ပါတယ်။

မေး။ ။ အခုလို မြန်မာတိုင်းရင်းဆေးကို ထုတ်လုပ်ပြီးတော့ ဈေးကွက်ရရှိအောင် ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

ဖြေ။ ။ ကုန်အမှတ်တံဆိပ်အမည်နဲ့ စတင်ဖြန့်ဖြူးရောင်းချတဲ့ နောက်ပိုင်းမှာတော့ ကျွန်မအနေနဲ့ အွန်လိုင်းကနေလည်း ကြော်ငြာတယ်။ လူမှုမီဒီယာတွေကနေပြီး ဆေး‌သုံးစွဲပုံ၊ ရောဂါပျောက်ကင်းတာတွေ၊ လက်လီလက်ကား ရောင်းချလိုသူတွေ စတာတွေနဲ့ ကြော်ငြာပါတယ်။ အရင်ကတည်းကလည်း သုံးစွဲသူရှိနေပြီး သားဖြစ်တာရယ်၊ ဆေးကိုကြိုက်နှစ်သက်ကြတာတွေရယ်ကြောင့် ပြည်တွင်းသာမကပါဘူး။ ပြည်ပနိုင်ငံတွေအထိ အခုဆို ထုတ်လုပ်ဖြန့်ဖြူးပေးနေရပါပြီ။

မေး ။ ။ လက်ရှိ ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ အခြေအနေကဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ ကျွန်မတို့အနေနဲ့ ဒီ အညာမြေ ကုန်အမှတ်တံဆိပ်အမည်နဲ့ ရှားစောင်းလက်ပပ်ချက်ဆေးကို လက်လီတစ်ဘူး ကျပ် ၈၅၀၀ နှုန်းနဲ့ ရောင်းချပေးပါတယ်။ လက်ကားဝယ်ယူရောင်းချလိုသူတွေ၊ လက်ကားမှာယူလိုသူတွေဆီကိုလည်း ပို့ပေးနေပါတယ်။ လက်ရှိ‌မှာ ရောင်းကောင်းတဲ့လဆိုရင် တစ်လမှာ ဘူးရေတစ်သိန်းအထက် ရှိပါတယ်။ ရောင်းမကောင်းတဲ့လဆိုရင်‌တောင် ဘူးရေသုံးသောင်း အထက်ဝန်းကျင်တော့ ရောင်းရပါတယ်။ ပြည်တွင်းသာမက ပြည်ပအထိ တင်ပို့ရောင်းချလျက်ရှိပါတယ်။

မေး ။ ။ ရှားစောင်းလက်ပပ်ချက်ဆေး စားသုံးခြင်းဖြင့်ရရှိတဲ့ အကျိုးကျေးဇူးတွေ၊ အာနိသင်တွေကိုလည်း ရှင်းပြပေးပါဦး။

ဖြေ။ ။ အမျိုးသမီးတွေ လစဉ်ဓမ္မတာလာတိုင်းမှာ နာကျင်တာ ကိုက်ခဲတာကို တော်တော်များများ ခံစားကြဖူးမှာပါ။ ရှားစောင်းလက်ပပ်ချက်ဆေးကို ပုံမှန်စားသုံးခြင်းဖြင့် ဒီဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။ အမျိုးသမီးတိုင်းအတွက်မရှိမဖြစ် ဆောင်ထားသင့်တဲ့ မြန်မာဆေးစွမ်းကောင်းလေးပါ။ ဒါ့အပြင် အမျိုးသမီးတွေ သွေးဆုံးဖြစ်တဲ့အချိန်တွေမှာ ဖြစ်တတ်တဲ့ ရောဂါ ဝေဒနာတွေလည်း သက်သာပျောက်ကင်းစေပါတယ်။ အိမ်ထောင်သည်အမျိုးသမီးတွေဆို သားသမီးမရနိုင်သေးတဲ့ အချိန်အခါတွေမှာ သားအိမ်အားကောင်းစေလို့ သားသမီးရလွယ်ပါတယ်။

မေး။ ။ ရှားစောင်းလက်ပပ်ချက်ဆေးထုတ်လုပ်ဖို့ ကုန်ကြမ်းတွေကို ဘယ်လိုစုဆောင်းရရှိပါသလဲ။

ဖြေ။ ။ အဓိကကုန်ကြမ်းဖြစ်တဲ့ ရှားစောင်းလက်ပပ်ပင်ဆိုတာ ကျွန်မတို့အညာဒေသမှာ ဖြစ်ထွန်းပါတယ်။ ပြောရမယ်ဆို ကုန်ကြမ်းရရှိဖို့ သီးသန့်စိုက်ခင်းတွေရှိတယ်။ လိုအပ်လို့ ကုန်ကြမ်းမှာယူ ဝယ်ယူရတာလည်း ရှိပါတယ်။ ပါဝင်တဲ့ပစ္စည်းတွေကတော့ ရှားစောင်းလက်ပပ်၊ ထန်းဖိုဦးထန်းလျက်၊ နှမ်းနက်ဆီ၊ ကြက်သွန်ဖြူ တစ်လုံးဥ၊ ဆားပုပ်ခဲ၊ စမုန်နက်၊ အုန်းသီး၊ စမုန်မျိုးငါးပါးနဲ့ မန်ကျည်သီးတို့ ပါဝင်ပါတယ်။

မေး။ ။ ရှားစောင်းလက်ပပ်ချက်ဆေးကို နည်းပညာမြှင့်ပြီး ဒီထက်မက ပိုမိုထုတ်လုပ်ရောင်းချဖို့အစီအစဉ်တွေ ရှိရင် ပြောပြပါဦး။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ဒီအညာမြေ ရှားစောင်းလက်ပပ်ကို ပြည်တွင်းသာမကပါဘူး။ ပြည်ပနိုင်ငံတွေမှာအထိ အရောင်းကိုယ်စား လှယ်တွေက မှာယူရောင်းချနေပြီဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ခြောက်လအထိ တာရှည်ခံနိုင်လို့ အဆင်ပြေပေမယ့် ပြည်ပအထိတင်ပို့ရောင်းချရာမှာ ဒီထက်မက ပိုမိုကြာရှည်ခံဖို့ လိုအပ်လာပါတယ်။ ဒီထက်မကလည်း အရည်အသွေးပိုမိုကောင်းမွန်အောင် နည်းပညာတွေ လိုအပ်လာပါတယ်။ ဒါကြောင့်မို့ စစ်ကိုင်းတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်တဲ့ သီးနှံတာရှည်ခံနည်းပညာလွှဲပြောင်းပေးအပ်ခြင်းသင်တန်းကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်အထိ တက်ရောက်ခဲ့ပြီး အဆင့်မြင့်နည်းပညာတွေနဲ့ ဆက်လက်ဖော်ထုတ်ရောင်းချသွားမှာ ဖြစ်ပါတယ်။

မေး ။ ။ အစ်မအနေနဲ့ ရှားစောင်းလက်ပပ်သုံးစွဲနေတဲ့ ပရိသတ်တွေရော၊ မသုံးစွဲရသေးတဲ့ အမျိုးသမီးတွေကိုပါ ဖြည့်စွက် ပြောကြားလိုတာလေးရှိရင် စကားလက်ဆောင်လေး ပြောပေးပါဦး။

ဖြေ။ ။ သဘာဝအတိုင်း ချက်လုပ်ဖော်စပ်ထားတဲ့ ရှားစောင်းလက်ပပ်ချက်ဆေးဟာ အမျိုးသမီးတိုင်းအတွက် အားထားစရာ ဆေးကောင်းတစ်ခုဖြစ်တာမို့ ပုံမှန်ဝယ်ယူအားပေးကြပါဦးလို့ ပြောချင်ပါတယ်။ လက်ကားမှာယူချင်တဲ့သူတွေကိုလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်။ အမျိုးသမီးများအတွက်သာ မကပါဘူး။ အမျိုးသားများလည်း သုံးဆောင်နိုင်ပါတယ်။ ရှားစောင်းလက်ပပ်ကုန်ကြမ်းကနေပြီး ချက်ဆေးအပြင် သဘာဝအူလမ်းရှင်းယိုကိုလည်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သတင်းပါးချင်ပါတယ်။ ။

Newspaper - 2756 items

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၁၇ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၁၆ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက်၊ မေ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်၊ မေ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက်၊ မေ ၁၂ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၃ ရက် ၊ မေ ၁၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ၊ မေ ၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက် ၊ မေ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့ ၊ မေ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download