ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင် ပျော်ဘွယ်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ယာယီရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ထုတ်ပေးမှု လှည့်လည်ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / March 29, 2024
image_latest


နေပြည်တော် မတ် ၂၈

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့သို့ သွားရောက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ယာယီ ရွှေ့ပြောင်း နေထိုင်သူများကို သက်ဆိုင်ရာမြို့နယ် (၅) ဦး ကော်မတီအဖွဲ့ဝင်များက လိုအပ်သည့်အချက်အလက်များ စိစစ်မေးမြန်းအတည်ပြု ဆောင်ရွက်နေမှု၊ (၅) ဦးကော်မတီ၏ ထောက်ခံချက်အရ မြို့နယ်ရုံးဝန်ထမ်းများက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ သတ်မှတ်ပုံစံများတွင် ဖြည့်သွင်းဆောင်ရွက်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးနေမှုနှင့် ဒေသခံပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရေးလုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်ထောင်စုဝန်ကြီးက အချက်အလက်များမှန်ကန်စေရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်သွင်းဆောင်ရွက်ရေး၊ ၎င်းတို့၏အချက် အလက်များအား e-ID Server ရှိ အချက်အလက်များနှင့် စနစ် တကျ တိုက်ဆိုင်စိစစ်ဆောင်ရွက်ရေး မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နိုင်ငံသားကတ်ပြားထုတ်ပေးပြီးသူများအား e-ID စနစ်ဖြင့် ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝ ဆိုင်ရာအချက်အလက် (Biome-tric) တစ်ပါတည်းကောက်ယူ၍ ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများကို လုပ်ငန်းဆောင်ရွက်ပေးမှုအပေါ်တွေ့ကြုံရသည့် အခက်အခဲများကို မေးမြန်းဆွေး‌နွေး၍ ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးရာတွင် ပျော်ဘွယ်မြို့နယ်အတွင်း၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ၂၅ စောင်နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၈၇ ကတ် ထုတ်ပေးနိုင် ခဲ့ပြီး နိုင်ငံသားကတ်ပြားရရှိပြီးသူများကို တစ်ပါတည်း တစ်နေရာတည်းတွင် e-ID စနစ်အတွက် Biometric ကောက်ယူခဲ့သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမသို့ရောက်ရှိရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းက ခရိုင်၏ နယ်မြေဒေသအခြေအနေနှင့် ခရိုင်အတွင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှု၊ ပန်းခင်းစီမံချက်နှင့် Biometric ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်မည့် ပြည်လုံးကျွတ်သန်းခေါင် စာရင်း ကောက်ယူရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုနှင့်လုပ်ငန်းများ အောင်မြင်ရေးအတွက် ဌာနဆိုင်ရာအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေး နိုင်ရေးအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းမှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းခရိုင် ဦးစီးမှူးရုံးသို့သွားရောက်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရမည်းသင်းမြို့နယ် ဦးစီးမှူးရုံး၌ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူ၊ လဲလှယ်လျှောက်ထားသူ ဒေသခံပြည်သူများကို ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် စိစစ်ဆောင်ရွက်ပေးနေမှု၊ ယင်းသို့ဆောင်ရွက်ပြီးပါက e-ID စနစ် အတွက် Biographic/ Biometric ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါတည်း ဆောင်ရွက်ပေးနေမှုအခြေ အနေများကို လှည့်လည်ကြည့်ရှုကာ လာရောက်ဆောင်ရွက်ကြသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်ဦးစီးမှူးရုံးမှတ်တမ်းခန်းအတွင်း ကိုယ်ရေး ဖိုင်များ စနစ်တကျသိမ်းဆည်း ထားရှိမှု၊ ရုံးချုပ်ရှိ e-ID Server မှ အချက်အလက်များနှင့် တိုက်ဆိုင် စိစစ်ဖြည့်သွင်းနေမှုနှင့်ရုံး အဆောက်အဦအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ခရိုင်ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ထမ်းများကိုတွေ့ဆုံကာ လုပ်ငန်းလိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရမည်းသင်းခရိုင်ဧည့်ရိပ်သာ၌ ဝန်ထမ်းများနှင့်အတူ နေ့လယ်စာကို လက်ရည် တစ်ပြင်တည်း အတူတကွ သုံးဆောင်ခဲ့ပြီး ဝန်ထမ်းစားရိပ် သာအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 2740 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download