ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပပြုလုပ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်


Ministry of Information/ Naypyitaw / August 10, 2022
image_latest


နေပြည်တော် ဩဂုတ် ၁၀

ပြည်ထောင်စုအစိုးရအဖွဲ့ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကောင်စီဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဦးစွာ အစည်အဝေးကိုအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များက ဝန်ကြီးဌာနအလိုက် ရည်မှန်းချက်နှင့် ဦးတည်ချက်၊ လုပ်ငန်းတာဝန်၊ လုပ်ငန်းများဆောင်ရွက်နေမှု၊ တိုးတက်မှုနှင့်ရှေ့လုပ်ငန်းစဉ်များကို Powerpoint ဖြင့် ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကဏ္ဍတစ်ခုချင်းအလိုက် ပြန်လည်သုံးသပ်ဆွေးနွေးရာတွင် ပြန်ကြားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ သတင်းများမှန်ကန်ရန်နှင့် မြန်ဆန်ရန်လိုအပ်ကြောင်း၊ သတင်းမှန်များကို ပြည်သူများသိရှိစေရေး အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်နိုင်ရန်လိုကြောင်း၊ မြန်မာ့ရိုးရာဂီတနှင့် အနုပညာယဉ်ကျေးမှုများကို ထိန်းသိမ်းရန် ကျင်းပပြုလုပ်မည့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကိုလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးမှ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများ အထွေထွေဗဟုသုတကြွယ်ဝစေရန်အတွက် စာပေများဖတ်ရှုနိုင်ရေး တိုက်တွန်းနှိုးဆော်ဆောင်ရွက်ကြစေလိုကြောင်း။

စိုက်ပျိုးရေးလုပ်ငန်းများတွင် သီးနှံမျိုးကွဲများ များပြားသည့်အတွက် ရောင်းချမှုနှင့် စီမံခန့်ခွဲမှုများတွင် အခက်အခဲရှိသဖြင့် မျိုးကွဲများနည်းပါးစေရေး တတ်နိုင်သမျှ ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ အမျိုးတူမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို နည်းစနစ်တကျ စိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းများ ကောင်းမွန်တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအ လိုက် နေရောင်ခြည်စွမ်းအင်သုံး မြစ်ရေတင်စီမံကိန်းများကိုဆောင်ရွက်ခြင်းဖြင့် လိုအပ်သည့် စိုက်ပျိုးရေများ လုံလောက်စွာရရှိနိုင်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စက်ယန္တရားများဖြင့် စနစ်တကျဆောင်ရွက်နိုင်ရေး ဧကကွက်များ ဖော်ထုတ်ဆောင်ရွက်ရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းများတွင်လည်း လှောင်မွေးသည့်စနစ်ဖြင့် မွေးမြူမည် ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ငါးသယံဇာတများ ပြုန်းတီးမှုလျော့နည်းစေရန် အတွက်လည်း တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းဆောင်ရွက်ရန်လိုကြောင်း။

သမဝါယမလုပ်ငန်းများသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မြစိမ်းရောင်စီမံကိန်းအနေဖြင့်လည်း အောင်မြင်တိုးတက်မှုများရှိကြောင်း၊ သမဝါယမအသင်းများကို အမှန်တစ်ကယ်လုပ်ကိုင်သူများစုပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆက်လက်တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သွားမည်ဆိုပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ အလားတူ စက်မှုလုပ်ငန်းများကို ပြန်လည်အားပေးဆောင်ရွက်ပြီး ပြည်တွင်း၌ လူသုံးကုန်ပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ လုံလောက်စွာထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ လူဦးရေနှင့်သန်းခေါင်စာရင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့်အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ ပူးပေါင်းဆောင်ရွက်၍ စာရင်းများမှန်ကန်စွာ ကောက်ယူနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ အဆင့်မြင့်ပညာတက္ကသိုလ်များ တက်ရောက်ရာတွင် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များသို့ ကျောင်းသား‌၊ ကျောင်းသူများ ပိုမိုတက်ရောက်နိုင်ရေး တွန်းအားပေးဆောင်ရွက်ကြရန်လိုကြောင်း၊

စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ လမ်းများတည်ဆောက်ရာတွင် သတ်မှတ်ချက်များနှင့်အညီ တည်ဆောက်ရန်နှင့် လမ်းအင်္ဂါရပ်များနှင့်လည်း ညီညွတ်ရန်လိုကြောင်း၊ လမ်းနယ်များကိုစနစ်တကျ သတ်မှတ်ထားရှိနိုင်ရေး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း၊ ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် ရေနုတ်မြောင်းများ စနစ်တကျရှိစေရေး သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနှင့် စည်ပင်သာယာရေးအဖွဲ့များက ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပင်စင်ယူချိန်တွင် နေထိုင်ရန်အိမ်ရာများရှိရန်နှင့် တာဝန်ထမ်းဆောင်ဆဲ နိုင်ငံ့ဝန်ထမ်း များအတွက် ဝန်ထမ်းအိမ်ရာများရရှိရန် လိုအပ်သကဲ့သို့ ပြည်သူများအတွက်လည်း တန်ဖိုးသင့်အိမ်ရာများရရှိရန် လိုအပ်သဖြင့် ရေရှည်အတွက်စဉ်းစား၍ ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း။

တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်သဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပေါင်းစပ်ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းရင်းသားများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုများကို ထိန်းသိမ်းဆောင်ရွက်ရန်လိုသကဲ့သို့ မြန်မာစာပေ၊ မြန်မာစကားနှင့် မြန်မာ့ယဉ်ကျေးမှုကိုလည်း ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း လမ်းညွှန်မှာကြားသည်။

ယင်းနောက် အခမ်းအနားတက်ရောက်လာကြသည့် ကောင်စီဝင်များနှင့် တွဲဖက်အတွင်းရေးမှူးတို့က သတင်းထုတ်ပြန်မှုများကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ဆောင်ရွက်နိုင်ရေး၊ ပြည်သူ့လုံခြုံရေးစနစ်တည်ဆောက်ရေး၊ CRPH ၊ NUG နှင့် ၎င်းတို့၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အကြမ်းဖက်လုပ်ရပ် များလုပ်ဆောင်နေမှု၊ တည်ငြိမ်အေးချမ်းရေးအတွက် သတင်းများဖော်ထုတ် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ချိန်ကာလအတွင်း အကြမ်းဖက်သမားများ၏ တိုက်ခိုက်သတ်ဖြတ်မှုများကြောင့် လုံခြုံရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေး၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ၊ သံဃာတော်များနှင့် သီလရှင်များ ထိခိုက်သေဆုံးခဲ့ရမှုအခြေအနေများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့ များဖွဲ့စည်း၍ ဒေသအလိုက် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်မှု။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရန်လိုအပ်မှု၊ ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများ ဆက်လက်ထိုးနှံနိုင်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် သက်ဆိုင်ရာအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရေး၊ တရားမဝင်ကုန်သွယ်မှုများ ကြောင့် နိုင်ငံတော်အတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရန် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရေး၊ ဦးတည်ချက်(၅)ရပ်ပါ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံသားဖြစ်ခွင့်ရှိသူအားလုံး နိုင်ငံသားစိစစ်ရေးကတ်များရရှိစေရေးနှင့် နိုင်(၄)၊ ပုံစံ ၆၆/၆ စာရင်းဇယားများ ကွန်ပျူတာတွင်ထည့်သွင်းမှုကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိရာ အချက်အလက်များ မှန်ကန်မှုရှိစေရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရေး၊ ဒေသအလိုက်တာဝန်ရှိသူများက သတ်မှတ်ချိန်အမီပြီးစီးနိုင်ရန် ကြပ်မတ်ဆောင်ရွက်သွားရေး၊ ပြည်ထောင်စုအဆင့်အခမ်းအနားများကိုလည်း အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်သွားရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင် လစ်ဟင်းမှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ယခုကဲ့သို့ဆွေးနွေးခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက်၊ ဝန်ကြီးဌာနများအလိုက် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို သိရှိရကြောင်း၊ နောင်တွင်လည်း အစည်းအဝေးများကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနများ၏ ဆောင်ရွက်ချက်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်ချက်များကို အပြန်အလှန်သိရှိရခြင်းဖြင့် ခြုံငုံသုံးသပ်ဆောင်ရွက်နိုင်သည့် အလေ့အကျင့်ကောင်းတစ်ခုကိုရရှိစေကြောင်း၊ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအပေါ် မူတည်၍ ရဲရဲတင်းတင်းဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ ဆောင်ရွက်ရန်အခက်အခဲရှိသည့် ကိစ္စရပ်များကိုလည်းတင်ပြ၍ ပြင်ဆင်ရန်လိုအပ်သည်များကို ပြင်ဆင်နိုင်ရေး ဆောင်ရွက်၍ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် လုပ်ပိုင်ခွင့်များပေးထားပြီးဖြစ်ကြောင်း။

အစိုးရတစ်ရပ်သည် ပြည်သူလူထုနှင့် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံ၏စီးပွားရေးခိုင်မာရေးကိုလည်း တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအခင်းအကျင်းကို ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ယခုအခါ စီးပွားရေးကိုလည်း အရှိန်အဟုန်မြင့်အောင် ဆောင်ရွက်လျက်ရှိပြီး မိမိတို့မျှော်မှန်းထားသည့်အတိုင်း နိုင်ငံတော်ကို တည်ဆောက်နိုင်ရန်အတွက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ယခုလာမည့် ၆ လအတွင်း နိုင်ငံတိုးတက်ရေးကို ဆောင်ရွက်သွားရန်လိုကြောင်း။

ပညာရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအားလုံးကို ပညာသင်ကြားပေးရာတွင် အတန်းအောင်မြင်ရေးထက် အမှန်တစ်ကယ်တတ်မြောက်ရေး သင်ကြားပေးရန်လိုကြောင်း၊ အတန်းအောင်မြင်သော်လည်း စာတတ်မြောက်ခြင်းမရှိသဖြင့် စဉ်းစားတွေးခေါ်မှုများတွင် အားနည်းချက်များဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်တွင်း၊ ပြည်ပ မီဒီယာများမှလည်း ယင်းကို အမြတ်ထုတ်ကြသည်ကို တွေ့ရကြောင်း၊ မှန်ကန်သည့် ပညာတတ်များဖြစ်စေရေး ပျိုးထောင်ပေးရန်အတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပါဝင်ပူးပေါင်းကူညီဆောင်ရွက်ပေးရန်လိုကြောင်း။

တက္ကသိုလ်ပညာသင်ကြားရေးတွင် တက္ကသိုလ်မှ သက်ဆိုင်ရာဘာသာရပ်အလိုက် ဘွဲ့ရပြီးချိန်၌ အတတ်ပညာနှင့်ပတ်သက်သည့် လူမှုရေး၊ ကျွမ်းကျင်မှုပညာရပ်များကို အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းတတ်မြောက်သည့် ပညာရပ်များကို အသုံးချနိုင်မှုသည် နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ်သည်များကို ဝိုင်းဝန်းထိန်းကြောင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ တက္ကသိုလ်များတွင် ပတ်ဝန်းကျင်ကောင်းများရှိစေရေး ဖန်တီးဆောင်ရွက်ပေးရန်လိုကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ အလေးထား ဆောင်ရွက်ပေးရန်လိုကြောင်း။

ပြည်သူများ၏ ကျန်းမာရေးသည်လည်းအရေးကြီးကြောင်း၊ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပြည့်ဝစွာထိုးနှံနိုင်ရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကိုလည်း လိုက်နာနိုင်ရေးအတွက် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ မပေါ့ဆစေလိုကြောင်း၊ ကျန်းမာမှပညာသင်ကြားနိုင်မည်၊ ကျန်းမာမှအလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာရေးအတွက် စားရေရိက္ခာ ပြည့်ဝစွာစားသုံးနိုင်ရန်လိုကြောင်း၊ စားရေရိက္ခာပြည့်စုံမှုမရှိပါက ကျန်ရှိသည့်ကိစ္စရပ်များကိုလည်း ထိခိုက်လာနိုင်သည့်အတွက် စားရေရိက္ခာပေါများရေးအတွက် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားနေခြင်းဖြစ်ကြောင်း။

သဘာဝဘေးအန္တရာယ်သည် ကြိုတင်မှန်းဆ၍မရနိုင်ဘဲ အချိန်မရွေးဖြစ်ပေါ်လာနိုင်သောကြောင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန် သတိပေးပြောကြားလိုကြောင်း၊ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရန် ရေစီးရေလာများကောင်းမွန်စေရေး ဒေသအလိုက် နှိုးဆော်တိုက်တွန်း၍ လူထုအားဖြင့်ဆောင်ရွက်ကြစေလိုကြောင်း။

တိုင်းဒေသကြီးနှင့် ပြည်နယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းအားထုတ်ပေးကြစေလိုကြောင်း၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက မအောင်မြင်စရာမရှိကြောင်း၊ ဒေသအလိုက် ဘက်ပေါင်းစုံမှစဉ်းစား၍ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် လုပ်ငန်းများအောင်မြင်စေရေးအတွက် ယခုကဲ့သို့ တိုက်တွန်းပြောကြားခြင်းဖြစ်ကြောင်းပြောကြားပြီး အစည်းအဝေးကို ညနေပိုင်းတွင် ရုပ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

Newspaper - 2568 items

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၃ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ December 03, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်၊ ဒီဇင်ဘာ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 02, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ရက်၊ ီဇင်ဘာ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 01, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

Information Sheet (29-11-2023) / Burmese (Myanmar Version)


Publisher: Information Sheet/ November 30, 2023

Publication Date: 2023

Page: 26

Language: Burmese (Myanmar Version)

Download

Information Sheet (29-11-2023) / English Version


Publisher: Information Sheet/ November 30, 2023

Publication Date: 2023

Page: 26

Language: English Version

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်၊ နိုဝင်ဘာ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ November 30, 2023

Publication Date: 2023

Page: 32 Pages

Language: မြန်မာ

Download