ပြည်သူလူထုလုံခြုံရေးအတွက် ဖုန်း SIM Card များ မှတ်ပုံတင်ခြင်းကို ပြန်လည်စစ်ဆေးမည်


Ministry of Information/ Naypyitaw / September 28, 2022
image_latest


၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ စိစစ်ချက်များအရ SIM Card အသုံးပြုသူအချို့သည် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် စသည့် အချက်အလက်များကို မှန်ကန်စွာ ဖြည့်စွက်ခြင်းမရှိဘဲ အသုံးပြုလျက်ရှိနေကြသည်ကို တွေ့ရှိနေရပါသည်။

၂။ ယခုအခါ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြား အသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂) သန်းကျော်အား National Database တည်ဆောက်၍ စာရင်းသွင်းပြီးဖြစ်ပါသည်။ ထို့ကြောင့် SIM Card မှတ်ပုံတင်ပြုလုပ်ရာတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ National Database အချက်အလက်များဖြင့် တိုက်ဆိုင် စစ်ဆေးသွားမည် ဖြစ်သည့်အတွက် သုံးစွဲသူအများပြည်သူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏မှတ်ပုံတင် (မူရင်း)ဖြင့် အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြား အမှတ်တို့ကို မှန်ကန်စွာဖြည့်စွက်၍ စနစ်တကျမှတ်ပုံတင်နိုင်ပြီးမှသာ အသုံးပြုကြရန် လိုအပ်ပါသည်။ လက်ရှိ အသုံးပြုနေသည့် SIM Card များတွင် အချက်အလက်များအား မှန်ကန်စွာ ဖြည့်စွက်ထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရပါက အဆိုပါ SIM Card များကို အပြီးပိတ်သိမ်း သွားမည်ဖြစ်ပါကြောင်းနှင့် ပိတ်သိမ်း SIM Card များရှိ လက်ကျန်ငွေများအား ပြည့်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းသွားမည် ဖြစ်ကြောင်း အသိပေးဖော်ပြပါသည်။

၃။ ဆက်သွယ်ရေးအော်ပရေတာများနှင့် SIM Card ရောင်းချသူများ အနေဖြင့်လည်း SIM Card များ ရောင်းချရာတွင်လည်းကောင်း၊ အချက်အလက်များ မှန်ကန်စွာ ပြန်လည် ပြင်ဆင် မှတ်ပုံတင်ရာတွင်လည်းကောင်း ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက် သွားရန် နှင့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းမရှိပါက လုပ်ထုံးလုပ်နည်း နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် မိမိတို့၏ SIM Card အသုံးပြုသူများထံသို့ SMS ပေးပို့၍ သတိပေးဆောင်ရွက်ရမည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ သုံးစွဲသူ အများပြည်သူများအနေဖြင့် SIM Card များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြပါရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော SIM Card များ ကိုလည်း အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း ရှိ/မရှိ ပြန်လည်စစ်ဆေး၍၊ မမှန်ကန်ပါက မိမိတို့ အမှန်တကယ် သုံးစွဲနေသော SIM Card များကို ပိတ်သိမ်းခံရမှု မရှိစေရေးအတွက် သက်ဆိုင်ရာ မိုဘိုင်း အော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များ၊ Mobile Shop များတွင်လည်းကောင်း အချက်အလက်မှန်ကန်စွာဖြင့် ဆက်လက်ထုတ်ပြန်မည့် သတ်မှတ်ရက် မတိုင်မီ ပြန်လည်ပြင်ဆင် မှတ်ပုံတင်၍ သုံးစွဲကြပါရန် အသိပေး ကြေညာအပ်ပါသည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန

Newspaper - 2734 items

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ ဧပြီ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ ဧပြီ ၁၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ ဧပြီ ၁၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ ဧပြီ ၁၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 11, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ ဧပြီ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 10, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ ဧပြီ ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 09, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download