မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / March 29, 2024
image_latest


နေပြည်တော် မတ် ၂၈

မဲခေါင် − လန်ချန်း ပူးပေါင်းဆောင်ရွက်မှုတည်ထောင်ခြင်း (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို နိုင်ငံခြားရေးဝန်ကြီးဌာနက နေပြည်တော်ရှိ KMA နေပြည်တော်ဟိုတယ်၌ ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်သည်၊၊

အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေ၊ မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးစီမံကိန်းများ အကောင်အထည်ဖော် ခဲ့သည့်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့်သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ဂုဏ်ပြုမိန့်ခွန်းတစ်ရပ်ပြောကြားရာတွင် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု စတင်ပေါ်ပေါက်လာပုံနှင့် ထိုပူးပေါင်းဆောင်ရွက်မှု၏ အောင်မြင်မှုရလဒ်များအတွက် ပါဝင်ပံ့ပိုးပေးခဲ့ကြသော မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများ၊ အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများအား ကျေးဇူးတင်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီးချုပ်က မဲခေါင်မြစ်သည် နိုင်ငံဖြတ်ကျော်စီးဆင်းလျက်ရှိသည့် မြစ်ကြီးတစ်စင်းဖြစ်ပြီး မဲခေါင်နိုင်ငံ (၆) နိုင်ငံအားလုံးတို့အား သာတူညီမျှစွာ အကျိုးပြုလျက်ရှိကြောင်း၊ မဲခေါင်မြစ်သည် မဲခေါင်မြစ်တစ်လျှောက်တွင် မှီတင်းနေထိုင်ကြသော ပြည်သူလူထုအတွက် စားနပ်ရိက္ခာနှင့်ဝင်ငွေရရှိစေသည့် အဓိကအရင်းအမြစ်တစ်ခုပင်ဖြစ်ကြောင်း၊ မဲခေါင်နိုင်ငံများအနေဖြင့် မဲခေါင်မြစ်၏ အကျိုးကျေးဇူးများကို မျှဝေခံစားလျက်ရှိသကဲ့သို့ မဲခေါင်မြစ်ကြီးကို ကာကွယ်ထိန်းသိမ်းရန် မဲခေါင်နိုင်ငံ များအားလုံးတွင် တာဝန်ရှိကြောင်း၊ မဲခေါင်မြစ်နှင့်ဆက်စပ်၍ တည်ထောင်အကောင်အထည်ဖော်လျက်ရှိသည့် ပူးပေါင်းဆောင်ရွက်ရေးယန္တရားများနှင့် အစီအစဉ်များအနက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် အအောင်မြင် ဆုံးပူးပေါင်းဆောင်ရွက်မှုတစ်ခုဟု ဆိုနိုင်ကြောင်း၊ မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ် မတ်လ ၂၃ ရက်တွင် စတင်ပေါက်ဖွားလာခဲ့ပြီး မဲခေါင်မြစ်အား မှီတင်းနေထိုင်ကြသော ပြည်သူလူထု၏သာယာဝပြောရေးနှင့် ငြိမ်းချမ်းရေးကိုရှေးရှုလျက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်ရေးယန္တရားကို စတင်ထူထောင်ရန် ဆုံးဖြတ်ခဲ့သည့် မဲခေါင် - လန်ချန်း ခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမှုအပေါ် ဂုဏ်ပြုလို ကြောင်း၊ မဲခေါင် - လန်ချန်း အထူးရန်ပုံငွေသို့ အမေရိကန်ဒေါ်လာသန်း ၃၀၀ မတည်ထူထောင် ထည့်ဝင်ပေးခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးအထူးတင်ရှိကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်နိုင်ငံနှင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုပူးတွဲဥက္ကဋ္ဌတာဝန် ယူစဉ်အတွင်း ဝန်ကြီးအဆင့်အစည်း အဝေး (၃)ကြိမ် ကျင်းပနိုင်ခဲ့ကြောင်း၊ ထို့ပြင်စတုတ္ထအကြိမ်မြောက် မဲခေါင်−လန်ချန်း ခေါင်းဆောင်များအစည်းအဝေး၌ အရေးပါသည့် “နေပြည်တော်ကြေညာ စာတမ်း၊ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ငါးနှစ်တာလုပ်ငန်းအစီ အစဉ် (၂၀၂၃-၂၀၂၇)” နှင့် “မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု တီထွင် ဆန်းသစ်မှုစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေးပူးတွဲ အစီအစဉ်တို့ကို အောင်မြင်စွာအတည် ပြုနိုင်ခဲ့ခြင်း၊ တရုတ်နိုင်ငံမှ ထောက်ပံ့လျက်ရှိသော မဲခေါင် - လန်ချန်း အထူး ရန်ပုံငွေ၏ အရေးပါမှုနှင့် မြန်မာနိုင်ငံအနေ ဖြင့် ၂၀၁၇ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်း တန်ဖိုးရှိ စီမံကိန်းပေါင်း ၁၀၆ ခုကို လက်ခံ ရရှိကာ နိုင်ငံ၏လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အပေါ် အကျိုးကျေးဇူးများစွာရရှိခဲ့ခြင်းတို့ကို အကျယ်တဝင့်ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဒုတိယဝန်ကြီးချုပ်က အနာဂတ်တွင်လည်း မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုယန္တရား ပိုမိုခိုင်မာစေရန် အဖွဲ့ဝင်နိုင်ငံအားလုံးနှင့် ပိုမိုနီးကပ်စွာ လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှု လက်ရှိပူးတွဲဥက္ကဋ္ဌ ထိုင်းနိုင်ငံနှင့်လည်း အပြည့်အဝပူးပေါင်းသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၏ ခိုင်မာသောကတိကဝတ်ကို ထပ်လောင်းအတည် ပြုပြောကြားခဲ့ပြီး နေ့စဉ်ထုတ်မြန်မာ့သတင်းစာများ၌ မကြာသေးမီက ရေးသားဖော်ပြခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးမစ္စတာချန်းဟိုင်၏ မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆောင်းပါးအပေါ် ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုကိုလွန်ခဲ့သည့် ၁၀ နှစ်ခန့်က နေပြည်တော်၌ကျင်းပခဲ့သည့် အာဆီယံ - တရုတ် ထိပ်သီးအစည်း အဝေး၌ ဦးဆုံးအဆိုပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှုယန္တရားကို တရား ဝင်စတင်ခဲ့ကြောင်း၊ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု ၈ နှစ်တာကာလအတွင်းဒေသတွင်း၌ မီးရထားလမ်း၊ ကားလမ်း၊ လေဆိပ်၊ သင်္ဘောဆိပ်၊ သဘာဝဓာတ်ငွေ့နှင့် ဓာတ်အားလိုင်းချိတ်ဆက်မှုစသည့်ကဏ္ဍများတွင် တိုးတက်မှုများစွာရရှိခဲ့ကြောင်း၊ ပို့ဆောင်ချိတ်ဆက်မှုကဏ္ဍတွင် နီးကပ်စွာပူးပေါင်း ဆောင်ရွက်နိုင်မှုကြောင့် စီးပွားရေး၊ ကုန်သွယ်မှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုတို့ကို အရှိန်အဟုန် မြှင့်တင်စေနိုင်ခဲ့ကြောင်း၊ လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေး စီမံကိန်းစုစုပေါင်း ၇၀၀ ကျော်အား‌ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ ယမန်နှစ်က တရုတ်နိုင်ငံ၏ စီးပွားရေး သည် တိုးတက်မှုနှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ သုံးပုံတစ်ပုံခန့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှုသည် မြန်မာနိုင်ငံနှင့် အခြားမဲခေါင်နိုင်ငံများအတွက် အခွင့်အလမ်းသစ်များ ဖော်ဆောင်လာနိုင်သည့်နည်းတူ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအတွက်လည်း တွန်းအားများဖြစ်ပေါ်စေနိုင်ကြောင်းထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် ဧည့်ခံပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး ဂုဏ်ပြုဧည့်ခံပွဲအား ဆက်လက်ကျင်းပရာ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကြကာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ တရုတ်သံအမတ်ကြီး မစ္စတာ ချန်းဟိုင်၊ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများနှင့်ကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင်တို့က အနုပညာရှင်အဖွဲ့အား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။

မဲခေါင်−လန်ချန်းဒေသ ငြိမ်းချမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုဘဝသာယာဝပြောရေးအတွက် မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို စတင်ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်၍ ပူးပေါင်းဆောင်ရွက်မှု (၈) နှစ်တာကာလအတွင်း ထင်သာမြင်သာရှိသော ဖွံ့ဖြိုးတိုးတက်မှုများကိုတွေ့မြင်ရကာ မြန်မာနိုင်ငံအနေဖြင့် မဲခေါင်−လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးကျေးဇူးရလဒ်များကို ခံစားရလျက်ရှိ သည်။

သတင်းစဉ်

Newspaper - 2740 items

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ April 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၂၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 23, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ ဧပြီ ၂၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 22, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ ဧပြီ ၁၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 16, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ ဧပြီ ၁၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 15, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download