မြန်မာနိုင်ငံက အာဆီယံနိုင်ငံများအကြားတွင် အာဆီယံအမွေအနှစ်အမျိုးသားဥယျာဉ်ပိုင်ဆိုင်မှု တတိယနေရာတွင် ရပ်တည်နေ
မြန်မာနိုင်ငံက အာဆီယံနိုင်ငံများအကြားတွင် အာဆီယံအမွေအနှစ်အမျိုးသားဥယျာဉ်ပိုင်ဆိုင်မှု တတိယနေရာတွင် ရပ်တည်နေ
Ministry of Information/ Naypyitaw / April 24, 2024
ရန်ကုန် ဧပြီ ၂၃
ကမ္ဘာကြီးပူနွေးလာမှုမှ ရာသီဥတုဖောက်ပြန်မှုကို ထိန်းချုပ်နိုင်ပြီး ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်ရှင်သန်ဖွံ့ဖြိုးမှုနှင့် လူနှင့်ရုပ်ပတ်ဝန်းကျင်ကို သဘာဝဘေးမဲ့တောများနှင့် အမျိုးသားဥယျာဉ်များက အကျိုးပြုလျက်ရှိရာ အမျိုးသားဥယျာဉ်များကိုပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအကြားတွင် အာဆီယံအမျိုးသားဥယျာဉ်များပိုင်ဆိုင်မှု တတိယနေရာတွင် ဂုဏ်ယူဖွယ် ရပ်တည်လျက်ရှိကြောင်း သိရသည်။
အာဆီယံအမွေအနှစ်ဥယျာဉ်များကို ဘရူနိုင်းနိုင်ငံတွင် တစ်ခု၊ လာအိုနိုင်ငံတွင်တစ်ခု၊ ကမ္ဘောဒီးယားနိုင်ငံတွင် နှစ်ခု၊ စင်ကာပူနိုင်ငံတွင် နှစ်ခု၊ မလေးရှားနိုင်ငံတွင် သုံးခု၊ ထိုင်းနိုင်ငံတွင် ခြောက်ခု၊ အင်ဒိုနီးရှားနိုင်ငံတွင် ခုနစ်ခု၊ မြန်မာနိုင်ငံတွင် ရှစ်ခု၊ ဖိလစ်ပိုင် နိုင်ငံတွင်ကိုးခုနှင့် ဗီယက်နမ်နိုင်ငံတွင် ၁၀ ခုတို့ အသီးသီး ပိုင်ဆိုင်ထားကြပြီး အာဆီယံအသိုက်အဝန်းအနေဖြင့် အာဆီယံအမျိုးသားဥယျာဉ် ၄၉ ခုကို ပိုင်ဆိုင်ထားရာ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းမှုကို အရှိန်မြှင့်တင်ဆောင်ရွက်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကိုလည်း အထောက်အကူပြုလျက်ရှိသည်။
ကမ္ဘာကြီးအတွက်ပါ အရေးပါ
“ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဟာဇီဝမျိုးစုံမျိုးကွဲနဲ့ တောတောင်တွေရှင်သန်မှုအပေါ်မှာ မူတည်ပါတယ်။ အထူးသဖြင့် သဘာဝသယံဇာတတွေကို ထိန်းသိမ်းဦးဆောင်တဲ့ စိတ်လည်းလိုတယ်။ ထုတ်ယူသုံးစွဲတဲ့အဆင့်မှာဆိုရင် ဥပဒေ၊ နည်းဥပဒေကို လေးစားလိုက်နာပြီး စနစ်တကျ ထုတ်ယူသုံးစွဲမှုနဲ့ ပြန်လည်ထိန်းသိမ်းမှု၊ ဖြည့်စွက်ပျိုးထောင်မှုလည်း လိုပါတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်မှုဟာ အဓိကပါ။ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသားဥယျာဉ်တွေဟာ အာဆီယံအတွက် သာမဟုတ်ပါဘူး။ ကမ္ဘာကြီးအတွက်ပါ အရေးပါပါတယ်။ သဘာဝထိန်းသိမ်းရေးနယ်မြေတွေကို ကာကွယ်စောင့်ရှောက်ရာမှာ Green Economy နဲ့ Blue Economy တိုက်ရိုက်အကျိုးပြုတဲ့အပြင် နိုင်ငံရဲ့ဘူမိရုပ်သွင်နဲ့ ရာသီဥတုမျှတမှုကိုလည်း အထောက် အကူပြုစေပါတယ်။ သဘာဝကိုအခြေခံတဲ့ ခရီးသွားလုပ်ငန်းဆိုရင် ခရီးသွားတွေဟာ အဏ္ဏဝါ၊ ကုန်းမြေနဲ့ ရေခဲတောင်တန်းတွေစတဲ့ စိတ်ဝင်စားမှု အမျိုးမျိုးရှိပါတယ်။ အဲဒီလိုခရီးစဉ်တွေထဲက စိတ်ဝင်စား ခံရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းပါတယ်။ မြန်မာနိုင်ငံဟာ သဘာဝကပေးထားတဲ့ အမွေအနှစ်တွေပြည့်နေတဲ့ နိုင်ငံတစ်နိုင်ငံဆိုရင်လည်း မမှားပါဘူး” ဟု လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးကြည်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အာဆီယံနိုင်ငံများနှင့်လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ခဲ့သည့် နည်းတူဒေသတွင်းရှိ အမျိုးသားဥယျာဉ်များနှင့် တောရိုင်းတိရစ္ဆာန်များ ရှင်သန်ကြွယ်ဝရေးကို NGOs အသင်းအဖွဲ့များ၊ ဒေသခံများနှင့် လက်တွဲဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် သိပ္ပံကြိုးဝိုင်း၊ အမျိုးသားဥယျာဉ်၊ အဏ္ဏဝါအမျိုးသားဥယျာဉ်၊ သဘာဝကြိုးဝိုင်း၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ ဘူမိရုပ်သွင်ထူးသည့်နယ်မြေ၊ ဒေသအစုအဖွဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေတို့ဖြင့် သဘာဝထိန်းသိမ်းရေးနယ်မြေ အမျိုးအစားများခွဲခြားကာ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် သဘာဝထိန်းသိမ်းရေးနယ်မြေ ၅၉ ခု တည်ထောင်ထားရှိပြီး နိုင်ငံ့ဧရိယာ၏ ၆ ဒသမ ၄၂ ရာခိုင်နှုန်းအထိ သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖော်ဆောင်ထားရှိသည်။
“နိုင်ငံတော်အနေနဲ့လည်း မူဝါဒ၊ ရည်မှန်းချက်တွေ ချမှတ်ဆောင်ရွက်နေတာရှိတယ်။ သစ်တောဆိုရင် နိုင်ငံ့ဧရိယာရဲ့ ၃၀ ရာခိုင်နှုန်း၊ ကြိုးဝိုင်းကြိုးပြင် တောတွေကာကွယ်ဖို့နဲ့ သဘာဝထိန်းသိမ်းရေး နယ်မြေဆိုရင် နိုင်ငံ့ဧရိယာရဲ့ ၁၀ ရာခိုင်နှုန်း တည်ထောင်ဖို့ဆိုပြီး ရည်မှန်းချက်ထား ဆောင်ရွက်နေတာရှိတယ်။ သဘာဝထိန်းသိမ်းရေးနယ်မြေတွေကို တည်ထောင်ထားတာဆိုရင် ၆ ရာခိုင်နှုန်းကျော်ရှိနေပါပြီ။ အမျိုးသားဥယျာဉ်တွေ ရှင်သန်ဖွံ့ဖြိုးနေမယ်ဆိုရင် ခရီးသွား လုပ်ငန်းကို အထောက်အကူပြုတဲ့အပြင် ဒေသခံတွေလည်း အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး နိုင်ငံတော်အတွက်လည်း အခွန် ဘဏ္ဍာရရှိစေမှာပါ။ အာဆီယံနိုင်ငံတွေမှာ မြန်မာနိုင်ငံဟာ အမျိုးသားဥယျာဉ် တည်ထောင်ထားရှိမှု တတိယနေရာမှာ ရပ်တည်နေတာကြောင့် အဏ္ဏဝါဖြစ်စေ၊ ရေချိုအိုင်ဖြစ်စေ၊ သဘာဝဘေးမဲ့တောဖြစ်စေ၊ ရေခဲတောင်ဒေသဖြစ်စေ ရေရှည်တည်တံ့ဖို့အတွက် အားလုံးပူးပေါင်းထိန်းသိမ်းသွားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံက အမျိုးသားဥယျာဉ်တွေဟာ ထိခိုက်မှုအနည်းဆုံးနဲ့ အဆင့်မှာရှိနေသေးလို့ပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
အာဆီယံဒေသအတွင်းရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှုနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းမှုဆိုင်ရာလုပ်ငန်းတို့တွင် ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန် ဂေဟစနစ်၊ မျိုးစုံမျိုးကွဲ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ ထူးခြားစွာတည်ရှိသော သဘာဝထိန်းသိမ်းရေးနယ်မြေများကို အာဆီယံအမွေအနှစ် ဥယျာဉ်များ (ASEAN Heritage Parks – AHPs) အဖြစ် သတ်မှတ်ထိန်းသိမ်းလျက်ရှိကြောင်း သိရသည်။
သစ္စာ(MNA)
ဓာတ်ပုံ - ဇွဲမာန်
Newspaper - 2745 items
၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက်၊ မေ ၅ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ May 05, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက်၊ မေ ၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 04, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက်၊ မေ ၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက်၊ မေ ၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက်၊ မေ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက်၊ ဧပြီ ၂၉ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ April 29, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 28, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက်၊ ဧပြီ ၂၇ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 27, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်၊ ဧပြီ ၂၆ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download၁၃၈၆ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက်၊ ဧပြီ ၂၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2024
Publication Date: 2024
Page: 32 pages
Language: မြန်မာ
Download