မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့က ဦးဆောင်၍ အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေး အစည်းအဝေးကျင်းပပြုလုပ်


Ministry of Information/ Naypyitaw / June 09, 2023
image_latest


နေပြည်တော်၊ ဇွန် - ၉

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့က ဦးဆောင်၍ အာဆီယံအပေါင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ ကျွမ်းကျင်လုပ်ငန်းအဖွဲ့၏ ၃ နှစ်တာ လုပ်ငန်းစီမံချက်အရ   အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေး အစည်းအဝေး (Planning Conference of ADMM-Plus Experts’ Working Group on Counter-Terrorism) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၆ ရက်နှင့် ၇ ရက်တို့တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ခါဘရော့ဇ်မြို့၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ မြန်မာ၊ ရုရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ လာအို၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များက တက်ရောက်ခဲ့ ကြပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ ဘရူနိုင်း၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်နှင့် ဗီယက်နမ်နိုင်ငံတို့မှ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ပူးတွဲဥက္ကဋ္ဌများဖြစ်ကြသည့် မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံက အဖွင့်အမှာစကား ပြောကြားပြီးနောက် အဖွဲ့ဝင်နိုင်ငံများအကြား အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ဒေသတွင်း အကြမ်းဖက်မှုတန်ပြန် တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးညှိနှိုင်းကြသည်။                                                     

 

မြန်မာကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဖြစ်ရပ်မှန် များအား အာဆီယံအပေါင်း အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာ လုပ်ငန်းစီမံကိန်းရေးဆွဲရေး အစည်းအဝေးသို့ တက်ရောက်သူများ လေ့လာသိရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေနှင့် NUG ၊ PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ဘက်မဟုတ်သည့် အရပ်ဘက်ပစ်မှတ်များအား အကြမ်းဖက် တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်များနှင့် အထောက်အထားများ၊ NUG အဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရသည့် အကြောင်းအရင်းများနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များအား အင်္ဂလိပ်၊ ရုရှား၊ တရုတ်ဘာသာတို့ဖြင့်   ထုတ်ဝေထားသည့် စာစောင်၊ ၎င်းစာစောင်ပါ အကြောင်းအရာများပါဝင်သည့် Memory Stick တို့ကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

Newspaper - 2714 items

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၂၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 29, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ မတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download