မြို့နယ်အချို့၌ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လက်နက်ကိုင် အကြမ်းဖက်သမားများက အကြောင်းမဲ့ ရက်စက်စွာလုပ်ကြံသတ်ဖြတ်


Ministry of Home Affairs/ နေပြည်တော် / May 29, 2023
ကော့သောင်းမြို့နယ်၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား ၂ ဦး သေဆုံးမှု။


      တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုအချို့အား လူထုအတွင်း အကြောက်တရားလွှမ်းမိုးစေရန်လည်းကောင်း၊ ဝန်ထမ်းကျင့်ဝတ်နှင့်အညီ ရိုးသားစွာဖြင့် နိုင်ငံတော်အပေါ်သစ္စာစောင့်သိ၍ အလုပ်တာဝန်များ ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လူအုပ်စုဖွဲ့၍ လက်နက်အားကိုးဖြင့် အတင်းအကျပ် CDM ပြုလုပ်စေပြီး CDM ပြုလုပ်ခြင်းမရှိသူ နိုင်ငံ့ဝန်ထမ်းများအားလည်းကောင်း၊ ၎င်းတို့နှင့် အမြင်အယူအဆမတူသူ အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား “သူလျှို၊ သတင်းပေး၊ ဒလန်”ဟု စွပ်စွဲ၍ လည်းကောင်း၊ “ငါနှင့်မတူ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ လက်နက်ကိုင်အကြမ်းဖက်သမားများက ဓား၊ သေနတ်၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများအသုံးပြု၍ ရက်စက်စွာလုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

      ထိုသို့ အကြမ်းဖက်မှုများလုပ်ဆောင်ခဲ့ရာ မေလ ၂၃ ရက်နေ့ နံနက် ၇ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အောင်ချမ်းသာကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးတင်သန်းနှင့် ကျေးရွာအရန်မီးသတ်တပ်ခွဲမှူးဖြစ်သူ ဦးအေးချို တို့သည် ၎င်းတို့၏ နေအိမ်များ၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့ ၂ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

      အလားတူ နံနက် ၉ နာရီ ၅၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ် (၈)ရပ်ကွက်၊ ဝန်တော်အိမ်ရပ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဗိုလ်မြင့်(၅၂)နှစ် (ဘ)ဦးပေါ်စိန်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးဗိုလ်မြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      အလားတူ နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-မြို့သာသွားကားလမ်းဘေး ထိန်ပန်းကျေးရွာဆိုင်းဘုတ်အနီး၌ ဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မြင်းခြံမြို့နယ်၊ မကျီးစုကျေးရွာနေ ဦးမင်းမင်းလတ်(၄၃)နှစ် (ဘ)ဦးဉာဏ်သည် ၎င်း၏ နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား  ၁၀ ဦးခန့်က ဆိုင်ကယ် ၆ စီးဖြင့် ရောက်ရှိလာပြီး ၎င်းအားဖမ်းဆီးခေါ်ဆောင်၍ အခင်းဖြစ်နေရာအရောက်တွင် ဓားဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမင်းမင်းလတ်တွင် ဓားဒဏ်ရာရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      အလားတူ မွန်းလွဲ ၁၂ နာရီတွင် တောင်သာမြို့နယ်၊ ဇရပ်ကြီးကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးနန်း (၅၀) နှစ် (ဘ) ဦးကြယ်နီသည် ၎င်း၏နေအိမ် ဈေးဆိုင်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ)က ဆိုင်ကယ် ၁၀ စီးဖြင့် ရောက်ရှိလာပြီး “သတင်းပေး/ဒလန်”ဟု စွပ်စွဲပြောဆိုကာ သေနတ်ဖြင့်ပစ်ခတ်သွားခဲ့၍ ဦးနန်းတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      အလားတူ မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ “က”ရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံး၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ ရုံးသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့ ၁၀ ဦးခန့်က ဆိုင်ကယ် ၈ စီးဖြင့် ရောက်ရှိလာပြီး ရုံးအတွင်းရှိနေသည့် ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူးဖြစ်သူ ဦးသိန်းမင်းလတ် (၄၄)နှစ် (ဘ) ဦးညွန့်တင်အား သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးသိန်းမင်းလတ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      အလားတူ မွန်းလွဲ ၂ နာရီ ၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ မြင်းမူမြို့ရှိ ကူးတို့ဆိပ်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရဲပဒတ္တိုင်း ကျေးရွာနေ ဒေါ်နွယ်နွယ်ဦး(၄၁)နှစ် (ဘ)ဦးပေါဟန်သည် အခင်းဖြစ်နေရာ၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၄ ဦးခန့်က ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်နွယ်နွယ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

     အလားတူ ည ၆ နာရီ ၅၀ မိနစ်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ အုန်းကုန်းရပ်ရှိ ဆည်ရေပေးဝေသည့် လက်တံမြောင်း ဂုံးပေါက်အောက်၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာတွင် မဲဇလီကုန်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်ဝင်း (၅၄)နှစ် (ဘ)ဦးလှမောင်အား PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်ဝင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

     အလားတူ ည ၇ နာရီခွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၊ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားနယ်မြေ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ ကိုသန့်ဇင်လတ် (၂၉)နှစ် (ဘ) ဦးအေးလွင်သည် စက်မှုဘုန်းတော်ကြီးကျောင်းဘက်မှ ရင်ချိန်ဟိုတယ်ဘက်သို့ တစ်ဦးတည်းထွက်ခွာလာစဉ် အကြမ်းဖက်သူ အမျိုးသား ၂ ဦး(စိစစ်ဆဲ)က Crown မော်တော်ယာဉ်ဖြင့် မောင်းနှင်ရောက်ရှိလာပြီး “ဒလန်”ဟု စွပ်စွဲပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ကိုသန့်ဇင်လတ် တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      အလားတူ မေလ ၂၄ ရက်နေ့ နံနက် ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦး မြို့နယ်၊ ပျားကျေးရွာ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးနေမျိုး (၄၀)နှစ် (ဘ) ဦးမြခိုင်သည် ၎င်း၏နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ၂ ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးနေမျိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      အလားတူ နံနက် ၇ နာရီခွဲတွင် နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်လဲကျေးရွာလမ်းဆုံ၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်နေရာတွင် အမျိုးသား ၂ ဦး (စိစစ်ဆဲ)အား ကျည်ထိမှန် ဒဏ်ရာ များဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရှိရသဖြင့် သေဆုံးသူများအား စစ်ဆေးနိုင်ရေး နွားထိုးကြီးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။

      အလားတူ နံနက် ၇ နာရီ ၄၀ မိနစ်တွင် ငါန်းဇွန်မြို့နယ်၊ ဇလုမ္မကျေးရွာ၊ ငါန်းဇွန်-မြို့သာကားလမ်းဘေး၌ သေနတ်ဖြင့်ပစ်ခတ်ခံရ၍ အမျိုးသား ၂ ဦးသေဆုံးခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ရာအိမ်မှူးဖြစ်သူ ဦးတင်လင်း (၄၆) နှစ် (ဘ) ဦးသိန်းသည် အခင်းဖြစ်နေရာရှိ ဈေးဆိုင်၌ သဲကုန်းကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသန်းဇော်လင်း(၃၉)နှစ် (ဘ)ဦးဝင်းရွှေနှင့်အတူ စကားပြောနေစဉ် အကြမ်းဖက်သူ အမျိုးသား ၃ ဦး (စိစစ်ဆဲ)က ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်၍ ၎င်းတို့ ၂ ဦး၏ ဆိုင်ကယ် ၂ စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လုယက်ယူဆောင်ထွက်ပြေးသွားခဲ့သဖြင့် ဦးတင်လင်းနှင့် ဦးသန်းဇော်လင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      အထက်ပါဖြစ်စဉ်များတွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူလူထုများအား ငါနှင့်မတူငါ့ရန်သူဟူသည့် တစ်ဖက်သတ် အစွန်းရောက်ဂိုဏ်းဂဏစွဲအပေါ်အခြေခံကာ အကြောင်းမဲ့ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspaper - 2713 items

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 28, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 27, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 26, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ March 25, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ မတ် ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ March 24, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက်၊ မတ် ၂၃ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ March 23, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက်၊ မတ် ၂၂ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 22, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်၊ မတ် ၂၁ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 21, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက်၊ မတ် ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2024

Publication Date: 2024

Page: 32 pages

Language: မြန်မာ

Download

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်၊ မတ် ၁၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2024

Publication Date: 2024

Page: 32page

Language: မြန်မာ

Download