ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း စက်မှုကျွမ်းကျင် တစ်နှစ်သင်တန်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်


Ministry of Information/ Naypyitaw / May 13, 2025
image_latest


နေပြည်တော် မေ ၁၂

စက်မှုကျွမ်းကျင်တစ်နှစ်သင်တန်း အမှတ်စဉ် (၁၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိ အမှတ် (၅) စက်မှုသင်တန်းကျောင်း (မကွေး) ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် နည်းပြဆရာ ဆရာမများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးတွင် အခြေခံလိုအပ်ချက်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ် စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန်ရည်ရွယ်ချက်ဖြင့် စက်မှုဝန်ကြီးဌာနမှ စက်မှုသင်တန်းကျောင်းများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆရာ ဆရာမများက သင်ခန်းစာကို အခြေခံကစပြီး ကျွမ်းကျင်တတ်မြောက်သည်အထိ သင်ကြားပေးမည်ဖြစ်၍ စာသင်နှစ်အတွင်း မိမိဘဝအတွက် အချိန်ကိုအကျိုးရှိစွာ အသုံးချရမည်ဖြစ်ကြောင်း၊ သင်ကြားပေးလိုက်သည့် စက်မှုပညာများကို လုပ်ငန်းခွင်ဝင်သည့်အခါ စာတွေ့နှင့် လက်တွေ့ပေါင်းစပ်ပြီး စဉ်ဆက်မပြတ်သင်ယူလေ့လာကြပါ၊ ကျရာအခန်းကဏ္ဍမှ နိုင်ငံနှင့်လူမျိုးအတွက် စက်မှုနှင့်ပတ်သက်သည့် အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ကြပါ၊ စက်မှုအခြေခံကောင်းများမှစ၍ တီတွင်သုတေသနပြုမှု၊ ဒီဇိုင်းဆန်းသစ်မှု၊ ခေတ်နှင့်အမီ ရင်ပေါင်တန်းနိုင်မှု၊ စီးပွားရေးတွက်ခြေကိုက်မှုများနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ အဆင့်မြှင့်ဆောင်ရွက်နိုင်သည်အထိ ကြိုးစားသွားကြရန် ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံများ၊ ပုဂ္ဂလိကလုပ်ငန်းများတွင် အားထားရသည့် လူငယ်လူရွယ်များဖြစ်အောင် သင်တန်းကျောင်းမှ လေ့ကျင့်သင်ကြားပေးမည့် ဘာသာရပ်များကို စိတ်ဝင်စားစွာဖြင့် ကြိုးစားသင်ယူရမည်ဖြစ်ကြောင်း၊ တစ်ဦးချင်းအရည်အသွေးများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့လာသင်ယူမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယခုဖွင့်လှစ်သည့် စက်မှုကျွမ်းကျင်တစ်နှစ်သင်တန်း အမှတ်စဉ် (၁၃) ကို သင်တန်းသား ၁၄၀ နှင့် သင်တန်းသူ ၃၂ ဦး စုစုပေါင်းသင်တန်းသား သင်တန်းသူ ၁၇၂ ဦးဖြင့် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း၌ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းခြင်း ဘာသာရပ်နှင့် ကွန်ပျူတာဖြင့် ဒီဇိုင်းရေးဆွဲခြင်းနှင့် ထုတ်လုပ်မှုဘာသာရပ်များကို စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspaper - 3161 items

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 12, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၄ ရက်၊ မေ ၁၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက်၊ မေ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက်၊ မေ ၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 05, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက်၊ မေ ၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 04, 2025

Publication Date: 2025

Page: ၃၂

Language: မြန်မာ

Download